သမီးအတွက် ဂုဏ်ယူရတဲ့ ဖခင်တစ်ယောက်ရဲ့ အခိုက်အတန့် ကြုံတွေ့ခံစားလိုက်ရတဲ့ ဆိုးလ်ရှား

ပြီးခဲ့တဲ့ကြားရက်မှာ သမီးဖြစ်သူကာနာဟာ မန်ယူအမျိုးသမီးအသင်းတစ်သင်းနဲ့အတူ

သူ့ရဲ့ပထမဆုံးဆုဖလားကိုင်မြှောက်နိုင်ခဲ့တော့ ဆိုးလ်ရှားဟာ ဂုဏ်ယူရတဲ့

ဖခင်တစ်ယောက်ရဲ့အခိုက်အတန့််ကို ကြုံတွေ့ခံစားခဲ့ရပါတယ်။

မန်ယူအမျိုးသမီးယူ-၂၁ အသင်းဟာ အမျိုးသမီးစူပါလိဂ်ရဲ့အကယ်ဒမီဖလားပြိုင်ပွဲမှာ

ဘာမင်ဂမ်ကို ၄-၁ နဲ့အနိုင်ရဗိုလ်စွဲခဲ့တာပါ။

ဆိုးလ်ရှားရဲ့သမီးဖြစ်သူကာနာဟာ အဲဒီပွဲမှာ တစ်နာရီကျော်ကြာကစားခဲ့ပြီး

နောက်မှသာ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ကာနာဟာ ယူနိုက်တက်ရဲ့အဲဒီနိုင်ပွဲက ဒုတိယဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး

ပထမပိုင်းမှာရခဲ့တဲ့အဖွင့်ဂိုးမှာလည်း ပါဝင်ပတ်သက်ခဲ့တာပါ။

သမီးဖြစ်သူရဲ့အဲဒီအရေးပါတဲ့ပွဲကို မန်ယူနည်းပြဟောင်းက

သွားရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးတော့ အဲဒီယူနိုက်တက်တိုက်စစ်မှုးဟောင်းနဲ့နည်းပြဟောင်းဟာ

ကွင်းဘေးကိုသွားပြီး သမီးဖြစ်သူကို ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ကာ

ဓာတ်ပုံရိုက်ဖို့အတွက်လည်း ပို့စ်ပေးခဲ့တာပါ။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နိုဝင်ဘာမှာ မန်ယူကနေ

ထုတ်ပယ်ခံခဲ့ရပြီးကတည်းက သိုသိုသိပ်သိပ်သာနေခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ အားလပ်သွားပြီးကတည်းက သမီးဖြစ်သူရဲ့

ခြေစွမ်းတိုးတက်မှုကိုသာ အနီးကပ်အားပေးနေခဲ့တာပါ။

ပြီးခဲ့တဲ့ဇန်နဝါရီမှာ ကာနာတစ်ယောက် ယူနိုက်တက်အမျိုးသမီးအသင်းကြီးမှာ

ပွဲဦးထွက်ကစားတော့လည်း ဆိုးလ်ရှားဟာ ဇနီးဖြစ်သူနဲ့အတူ သွားရောက်အားပေးခဲ့ပါတယ်။

ကာနာဟာ မန်ယူအမျိုးသမီးယူ-၂၁ အသင်းအတွက်

ဒီရာသီမှာ အခုချိန်ထိ ၁၄ ဂိုးသွင်းပေးထားတာပါ။

zawgyi

သမီးအတြက္ ဂုဏ္ယူရတဲ့ ဖခင္တစ္ေယာက္ရဲ႕ အခိုက္အတန႔္ ႀကဳံေတြ႕ခံစားလိုက္ရတဲ့ ဆိုးလ္ရွား

ၿပီးခဲ့တဲ့ၾကားရက္မွာ သမီးျဖစ္သူကာနာဟာ မန္ယူအမ်ိဳးသမီးအသင္းတစ္သင္းနဲ႔အတူ

သူ႔ရဲ႕ပထမဆုံးဆုဖလားကိုင္ေျမႇာက္ႏိုင္ခဲ့ေတာ့ ဆိုးလ္ရွားဟာ ဂုဏ္ယူရတဲ့

ဖခင္တစ္ေယာက္ရဲ႕အခိုက္အတန္႔္ကို ႀကဳံေတြ႕ခံစားခဲ့ရပါတယ္။

မန္ယူအမ်ိဳးသမီးယူ-၂၁ အသင္းဟာ အမ်ိဳးသမီးစူပါလိဂ္ရဲ႕အကယ္ဒမီဖလားၿပိဳင္ပြဲမွာ

ဘာမင္ဂမ္ကို ၄-၁ နဲ႔အႏိုင္ရဗိုလ္စြဲခဲ့တာပါ။

ဆိုးလ္ရွားရဲ႕သမီးျဖစ္သူကာနာဟာ အဲဒီပြဲမွာ တစ္နာရီေက်ာ္ၾကာကစားခဲ့ၿပီး

ေနာက္မွသာ လူစားလဲခံခဲ့ရတာ ျဖစ္ပါတယ္။

ကာနာဟာ ယူႏိုက္တက္ရဲ႕အဲဒီႏိုင္ပြဲက ဒုတိယဂိုးကို ဖန္တီးေပးႏိုင္ခဲ့ၿပီး

ပထမပိုင္းမွာရခဲ့တဲ့အဖြင့္ဂိုးမွာလည္း ပါဝင္ပတ္သက္ခဲ့တာပါ။

သမီးျဖစ္သူရဲ႕အဲဒီအေရးပါတဲ့ပြဲကို မန္ယူနည္းျပေဟာင္းက

သြားေရာက္အားေပးခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးေတာ့ အဲဒီယူႏိုက္တက္တိုက္စစ္မႈးေဟာင္းနဲ႔နည္းျပေဟာင္းဟာ

ကြင္းေဘးကိုသြားၿပီး သမီးျဖစ္သူကို ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့ကာ

ဓာတ္ပုံ႐ိုက္ဖို႔အတြက္လည္း ပို႔စ္ေပးခဲ့တာပါ။

ဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာမွာ မန္ယူကေန

ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက သိုသိုသိပ္သိပ္သာေနခဲ့ပါတယ္။

ဒါေပမဲ့ သူဟာ အားလပ္သြားၿပီးကတည္းက သမီးျဖစ္သူရဲ႕

ေျခစြမ္းတိုးတက္မႈကိုသာ အနီးကပ္အားေပးေနခဲ့တာပါ။

ၿပီးခဲ့တဲ့ဇန္နဝါရီမွာ ကာနာတစ္ေယာက္ ယူႏိုက္တက္အမ်ိဳးသမီးအသင္းႀကီးမွာ

ပြဲဦးထြက္ကစားေတာ့လည္း ဆိုးလ္ရွားဟာ ဇနီးျဖစ္သူနဲ႔အတူ သြားေရာက္အားေပးခဲ့ပါတယ္။

ကာနာဟာ မန္ယူအမ်ိဳးသမီးယူ-၂၁ အသင္းအတြက္

ဒီရာသီမွာ အခုခ်ိန္ထိ ၁၄ ဂိုးသြင္းေပးထားတာပါ။