သမီးရဲ့ ယှဥ်ပြိုင်ကစားမှုကိုကြည့်ဖို့အတွက် ဇနီးသည်နဲ့အတူပြန်ရောက်လာခဲ့တဲ့ ဆိုးလ်ရှား

မန်ယူအသင်းနည်းပြဟောင်း ဆိုးလ်ရှားဟာပြီးခဲ့တဲ့ကြာသပတေးနေ့ညက

သူ့ရဲ့အသင်းဟောင်းဆီကိုပြန်လာခဲ့တယ်လို့သိရပါတယ်။

သူဟာမန်ယူ ယူ-၂၁ အသင်းမှာပါဝင်တဲ့ သမီးဖြစ်သူရဲ့

ယှဥ်ပြိုင်ကစားမှုကိုကြည့်ဖို့အတွက်

ဇနီးသည်နဲ့အတူပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဝက်ဖို့ဒ်ကို

၄-၁ နဲ့ရှုံးခဲ့တဲ့ပွဲအပြီးမှာ မန်ယူနည်းပြရာထူးကနေ

ထုတ်ပယ်ခံလိုက်ရသူဖြစ်ပါတယ်။

မန်ယူရဲ့ ယူ-၂၁ အမျိုးသမီးအသင်းဟာ မနေ့ညက ဗီလာအသင်းနဲ့ကစားခဲ့ပြီး

ဆိုးလ်ရှားရဲ့သမီးဖြစ်သူ ကလာနာ လည်းပါဝင်ကစားခဲ့ပါတယ်။

အဲဒီပွဲမှာမန်ယူက ၅-၀ နဲ့အနိုင်ရရှိခဲ့ပြီး ကလာနာက

ဂိုးသွင်းသူတွေထဲမှာတစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

အသက် ၄၈ နှစ်ရှိတဲ့ဆိုးလ်ရှားဟာ အဲဒီပွဲအပြီးမှာ

မန်ယူ ယူ-၂၁ အသင်းရဲ့နာမည်ကျော်ဖြစ်တဲ့

မာရီယာအက်ဝါ့ဒ်နဲ့လည်း ဓာတ်ပုံတွဲရိုက်ခဲ့ပါသေးတယ်။

ဆိုးလ်ရှားဟာ ရာထူးကနေထုတ်ပယ်ခံလိုက်ရပေမယ့်

မော်ရင်ဟိုခေတ်လွန်နောက်ပိုင်း မန်ယူကိုအကောင်းဆုံ

းပြန်လည်တည်ဆောက်ပေးခဲ့သူဖြစ်လို့

ပရိသတ်တွေကသူ့ကိုနှစ်သက်နေဆဲဖြစ်ပြီး

မန်ယူရဲ့အိမ်ကွင်းပွဲတွေမှာပရိသတ်အချို့ကသူ့နာမည်ကို

အော်ဟစ်ခါအားပေးနေတုန်းဖြစ်ပါတယ်။

သူဟာမန်ယူနဲ့လမ်းခွဲခဲ့ရပေမယ့် မိသားစုဆက်ဆံရေးပုံစံဆက်ရှိထားသူဖြစ်ကာ

သူ့သမီးဖြစ်တဲ့အသက် ၁၈ နှစ်ရှိတဲ့ ကလာနာ ဟာ

မန်ယူအသင်းမှာကစားနေတုန်းဖြစ်ပါတယ်။

သူမဟာမန်ယူအကယ်ဒမီကနေထွက်ပေါ်လာသူဖြစ်ပါတယ်။

မန်ယူနည်းပြရာထူးကထုတ်ပယ်ခံရပြီးချိန်မှာ

မိသားစုအတွက်အချိန်ပိုပေးမယ်လို့ ဆိုခဲ့တဲ့

ဆိုးလ်ရှားဟာ လက်ရှိမှာလည်းနော်ဝေကိုပြန်ကာ

မိသားစုနဲ့အတူ အချိန်တွေကုန်ဆုံးနေသူဖြစ်ပါတယ်။

သူ့သားကြီးဖြစ်တဲ့နိုအာ ဟာလည်းဘောလုံးသမားဖြစ်ကာ

အသက် ၂၁ နှစ်အရွယ်ရှိပြီး နော်ဝေကလပ်

ခရစ္စတီယန်ဆန်း အသင်းမှာကစားနေသူဖြစ်ပါတယ်။

zawgyi

သမီးရဲ႕ ယွဥ္ၿပိဳင္ကစားမႈကိုၾကည့္ဖို႔အတြက္ ဇနီးသည္နဲ႔အတူျပန္ေရာက္လာခဲ့တဲ့ ဆိုးလ္ရွား

မန္ယူအသင္းနည္းျပေဟာင္း ဆိုးလ္ရွားဟာၿပီးခဲ့တဲ့ၾကာသပေတးေန႔ညက

သူ႔ရဲ႕အသင္းေဟာင္းဆီကိုျပန္လာခဲ့တယ္လို႔သိရပါတယ္။

သူဟာမန္ယူ ယူ-၂၁ အသင္းမွာပါဝင္တဲ့ သမီးျဖစ္သူရဲ႕

ယွဥ္ၿပိဳင္ကစားမႈကိုၾကည့္ဖို႔အတြက္

ဇနီးသည္နဲ႔အတူျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားဟာၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ဝက္ဖို႔ဒ္ကို

၄-၁ နဲ႔ရႈံးခဲ့တဲ့ပြဲအၿပီးမွာ မန္ယူနည္းျပရာထူးကေန

ထုတ္ပယ္ခံလိုက္ရသူျဖစ္ပါတယ္။

မန္ယူရဲ႕ ယူ-၂၁ အမ်ိဳးသမီးအသင္းဟာ မေန႔ညက ဗီလာအသင္းနဲ႔ကစားခဲ့ၿပီး

ဆိုးလ္ရွားရဲ႕သမီးျဖစ္သူ ကလာနာ လည္းပါဝင္ကစားခဲ့ပါတယ္။

အဲဒီပြဲမွာမန္ယူက ၅-၀ နဲ႔အႏိုင္ရရွိခဲ့ၿပီး ကလာနာက

ဂိုးသြင္းသူေတြထဲမွာတစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။

အသက္ ၄၈ ႏွစ္ရွိတဲ့ဆိုးလ္ရွားဟာ အဲဒီပြဲအၿပီးမွာ

မန္ယူ ယူ-၂၁ အသင္းရဲ႕နာမည္ေက်ာ္ျဖစ္တဲ့

မာရီယာအက္ဝါ့ဒ္နဲ႔လည္း ဓာတ္ပုံတြဲ႐ိုက္ခဲ့ပါေသးတယ္။

ဆိုးလ္ရွားဟာ ရာထူးကေနထုတ္ပယ္ခံလိုက္ရေပမယ့္

ေမာ္ရင္ဟိုေခတ္လြန္ေနာက္ပိုင္း မန္ယူကိုအေကာင္းဆုံ

းျပန္လည္တည္ေဆာက္ေပးခဲ့သူျဖစ္လို႔

ပရိသတ္ေတြကသူ႔ကိုႏွစ္သက္ေနဆဲျဖစ္ၿပီး

မန္ယူရဲ႕အိမ္ကြင္းပြဲေတြမွာပရိသတ္အခ်ိဳ႕ကသူ႔နာမည္ကို

ေအာ္ဟစ္ခါအားေပးေနတုန္းျဖစ္ပါတယ္။

သူဟာမန္ယူနဲ႔လမ္းခြဲခဲ့ရေပမယ့္ မိသားစုဆက္ဆံေရးပုံစံဆက္ရွိထားသူျဖစ္ကာ

သူ႔သမီးျဖစ္တဲ့အသက္ ၁၈ ႏွစ္ရွိတဲ့ ကလာနာ ဟာ

မန္ယူအသင္းမွာကစားေနတုန္းျဖစ္ပါတယ္။

သူမဟာမန္ယူအကယ္ဒမီကေနထြက္ေပၚလာသူျဖစ္ပါတယ္။

မန္ယူနည္းျပရာထူးကထုတ္ပယ္ခံရၿပီးခ်ိန္မွာ

မိသားစုအတြက္အခ်ိန္ပိုေပးမယ္လို႔ ဆိုခဲ့တဲ့

ဆိုးလ္ရွားဟာ လက္ရွိမွာလည္းေနာ္ေဝကိုျပန္ကာ

မိသားစုနဲ႔အတူ အခ်ိန္ေတြကုန္ဆုံးေနသူျဖစ္ပါတယ္။

သူ႔သားႀကီးျဖစ္တဲ့ႏိုအာ ဟာလည္းေဘာလုံးသမားျဖစ္ကာ

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိၿပီး ေနာ္ေဝကလပ္

ခရစၥတီယန္ဆန္း အသင္းမွာကစားေနသူျဖစ္ပါတယ္။