သမိုင်းဝင် ဖလား ၄လုံးလမ်းကြောင်းပေါ်မှာ အခန့်သားလျှောက်လှမ်းနေဆဲဖြစ်တဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံလုဘက် မန်စီးတီးကို

အနိုင်ယူကာ အက်ဖ်အေဖလား ဗိုလ်လုပွဲ
တက်ရောက်သွားနိုင်ခဲ့ပြီး အသင်းအနေနဲ့
သမိုင်းဝင်ဖလား ၄လုံးမျှော်လင့်ချက်ရှင်သန်နေဆဲဖြစ်ပါတယ်။
လီဗာပူးဟာ ဝင်ဘလေမှာ မန်စီးတီးကို ၃-၂ ဂိုးနဲ့
အနိုင်ယူကာ အက်ဖ်အေဖလား ဗိုလ်လုပွဲ

တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ၃ဂိုးပြတ်ဦးဆောင်နေရာကနေ
ချေပဂိုး ၂ဂိုး ပေးလိုက်ရတာဖြစ်ပါတယ်။
အဲဒီပွဲမှာ နောက်ခံလူ ကိုနာတေးနဲ့ တိုက်စစ်မှူး မာနေး(၂ဂိုး)တို့က
လီဗာပူးအတွက် ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပြီး
မန်စီးတီးအတွက် ချေပဂိုးတွေကို ဂရီးလစ်ချ်နဲ့

ဘာနာဒိုဆေးလ်ဗားတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
လီဗာပူးဟာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ်
အက်ဖ်အေဖလား ဗိုလ်လုပွဲ တက်နိုင်ခဲ့တာဖြစ်ပြီး
ဗိုလ်လုပွဲမှာ ချဲလ်ဆီး(သို့)ပဲလေ့စ် တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
လီဗာပူးဟာ ဖေဖော်ဝါရီလက ချဲလ်ဆီးကို အနိုင်ယူကာ

ကာရာဘောင်ဖလား ရယူထားပြီးဖြစ်ကာ ယခုအချိန်အထိ
ဖလား ၄လုံးလမ်းကြောင်းမှာ အကောင်းဆုံးလျှောက်လှမ်းနေဆဲဖြစ်ပါတယ်။
လီဗာပူးဟာ ရာသီကုန်ဖို့ ၇ပွဲအလိုမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်
လက်ရှိချန်ပီယံ မန်စီးတီးကို ၁မှတ်လျော့နဲ့ ဖိအားပေးနေသလို
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာလည်း လာလီဂါကလပ်

ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi

သမုိင္း၀င္ ဖလား ၄လုံးလမ္းေၾကာင္းေပၚမွာ အခန္႔သားေလွ်ာက္လွမ္းေနဆဲျဖစ္တဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံလုဘက္ မန္စီးတီးကို
အႏိုင္ယူကာ အက္ဖ္ေအဖလား ဗိုလ္လုပြဲ
တက္ေရာက္သြားႏိုင္ခဲ့ၿပီး အသင္းအေနနဲ႔
သမုိင္း၀င္ဖလား ၄လုံးေမွ်ာ္လင့္ခ်က္ရွင္သန္ေနဆဲျဖစ္ပါတယ္။
လီဗာပူးဟာ ၀င္ဘေလမွာ မန္စီးတီးကို ၃-၂ ဂိုးနဲ႔

အႏိုင္ယူကာ အက္ဖ္ေအဖလား ဗိုလ္လုပြဲ
တက္ေရာက္ႏိုင္္ခဲ့တာျဖစ္ၿပီး ၃ဂိုးျပတ္ဦးေဆာင္ေနရာကေန
ေခ်ပဂိုး ၂ဂိုး ေပးလုိက္ရတာျဖစ္ပါတယ္။
အဲဒီပြဲမွာ ေနာက္ခံလူ ကိုနာေတးနဲ႔ တုိက္စစ္မွဴး မာေနး(၂ဂိုး)တုိ႔က
လီဗာပူးအတြက္ ဂိုးေတြ သြင္းယူေပးခဲ့တာျဖစ္ၿပီး

မန္စီးတီးအတြက္ ေခ်ပဂိုးေတြကို ဂရီးလစ္ခ်္နဲ႔
ဘာနာဒိုေဆးလ္ဗားတုိ႔က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
လီဗာပူးဟာ ဆယ္စုႏွစ္တစ္ခုအတြင္း ပထမဆုံးအႀကိမ္အျဖစ္
အက္ဖ္ေအဖလား ဗိုလ္လုပြဲ တက္ႏိုင္ခဲ့တာျဖစ္ၿပီး
ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီး(သို႔)ပဲေလ့စ္ တစ္သင္းသင္းနဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။

လီဗာပူးဟာ ေဖေဖာ္၀ါရီလက ခ်ဲလ္ဆီးကို အႏိုင္ယူကာ
ကာရာေဘာင္ဖလား ရယူထားၿပီးျဖစ္ကာ ယခုအခ်ိန္အထိ
ဖလား ၄လုံးလမ္းေၾကာင္းမွာ အေကာင္းဆုံးေလွ်ာက္လွမ္းေနဆဲျဖစ္ပါတယ္။
လီဗာပူးဟာ ရာသီကုန္ဖို႔ ၇ပြဲအလုိမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္
လက္ရွိခ်န္ပီယံ မန္စီးတီးကို ၁မွတ္ေလ်ာ့နဲ႔ ဖိအားေပးေနသလုိ

ခ်န္ပီယံလိဂ္ ဆီမီးဖုိင္နယ္မွာလည္း လာလီဂါကလပ္
ဗီလာရီးရဲလ္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။