သမိုင်းဝင်နိုင်ပွဲရခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာကျေးဇူးတင်ပါတယ်ဆိုတာကလွဲလို့ အမှိုက်တစ်စမကျန်အောင်ရှင်းလင်းပေးသွားတဲ့ ဂျပန်အသင်း

ဂျာမနီကိုအနိုင်ရလိုက်တာက ဂျပန်အသင်းအဝတ်လဲခန်းအတွင်း အောင်ပွဲခံမှုဗြောင်းဆန်သွားနိုင်ပေမဲ့ အာရှသားတွေဟာ သူတို့ရဲ့စည်းကမ်းကြီးပုံကိုကမ္ဘာ့အလယ်မှာထပ်ပြီးသက်သေပြခဲ့ပါတယ်။

ခါလီဖာအားကစားကွင်းထဲက ဂျပန်ပရိသတ်တွေကလည်း အောင်ပွဲခံမှုပြုလုပ်အပြီးမှာ သန့်ရှင်းရေးပြန်လုပ်ပေးသွားကြပါတယ်။ နည်းပြမိုရီယာဆုဦးဆောင်တဲ့ ဂျပန်အသင်းသားတွေကလည်း

အဝတ်လဲခန်းတစ်ခုလုံးကို ပြောင်လက်နေအောင်လုပ်ပေးပြီးမှထွက်ခွာသွားခဲ့ကြတာဖြစ်တယ်။ သန့်ရှင်းပြုလုပ်ခဲ့ပြီးနောက် ဂျပန်အသင်းသားတွေဟာ အဝတ်လဲခန်းထဲမှာရင်ခုန်စရာကောင်းတဲ့

မက်ဆေ့ချ်တစ်ခုသာချန်ထားရစ်ခဲ့တာဖြစ်တယ်။ စားပွဲတစ်လုံးပေါ်မှာ Origami စက္ကူရုပ်လေးအများအပြားတင်ခဲ့ပြီး အာရဗီဘာသာစကားနဲ့ “ကျေးဇူးတင်ပါတယ်” ဆိုပြီးမက်ဆေ့ချ်လေးထားခဲ့ပါတယ်။

ဂျပန်နည်းပြမိုရီယာဆုက “အနည်းဆုံးတော့ ဒါဟာသမိုင်းဝင်အခိုက်အတန့်ပါပဲ၊ သမိုင်းဝင်အောင်ပွဲလို့လည်းယုံကြည်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ဂျပန်ဘောလုံးလောကဖွံ့ဖြိုးတိုးတက်မှု

အကြောင်းစဉ်းစားရင်တော့ တည်ဆောက်ပြီးသားဖြစ်နေပါပြီ။ ဒါကအံ့အားသင့်စရာကောင်းလွန်းပြီး အခုကျွန်တော်တို့က ကမ္ဘာ့အဆင့် စံနှုန်းကိုရောက်ရှိနေပါပြီ။ ဆော်ဒီရဲ့အံ့အားသင့်စရာနိုင်ပွဲကိုတွေ့ရှိပြီးတဲ့နောက်

ကျွန်တော်တို့အာရှဘောလုံးစွမ်းရည်ကိုပြသထားနိုင်ပါပြီ။ အစကတည်းကဖိအားပေးကစားဖို့ဆုံးဖြတ်ခဲ့ကြတယ်၊ ဒါပေမဲ့ ဂျာမနီရဲ့ဖိအားပေးမှုကပိုပြီးကြီးမားခဲ့တယ်။ ဒါကိုကျွန်တော်တို့မအံ့သြပါဘူး။

သူတို့မှာအရမ်းကောင်းတဲ့ မစ္စတာနူအာလိုဂိုးသမားရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကအလွန်ထက်မြက်ပြီးအကောင်းဆုံးကစားနိုင်ခဲ့တယ်။ တကယ့်ကိုအပြင်းအထန်တိုက်ယူခဲ့ရတာပါ” လို့

ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။

(Zawgyi)

သမိုင္းဝင္ႏိုင္ပြဲရခဲ့ၿပီးေနာက္ အဝတ္လဲခန္းထဲမွာေက်းဇူးတင္ပါတယ္ဆိုတာကလြဲလို႔ အမႈိက္တစ္စမက်န္ေအာင္ရွင္းလင္းေပးသြားတဲ့ ဂ်ပန္အသင္း

ဂ်ာမနီကိုအႏိုင္ရလိုက္တာက ဂ်ပန္အသင္းအဝတ္လဲခန္းအတြင္းေအာင္ပြဲခံမႈေျဗာင္းဆန္သြားႏိုင္ေပမဲ့ အာရွသားေတြဟာ သူတို႔ရဲ႕စည္းကမ္းႀကီးပုံကိုကမာၻ႔

အလယ္မွာထပ္ၿပီးသက္ေသျပခဲ့ပါတယ္။ ခါလီဖာအားကစားကြင္းထဲက ဂ်ပန္ပရိသတ္ေတြကလည္း ေအာင္ပြဲခံမႈျပဳလုပ္အၿပီးမွာသန႔္ရွင္းေရးျပန္လုပ္ေပးသြားၾကပါတယ္။

နည္းျပမိုရီယာဆုဦးေဆာင္တဲ့ ဂ်ပန္အသင္းသားေတြကလည္း အဝတ္လဲခန္းတစ္ခုလုံးကိုေျပာင္လက္ေနေအာင္လုပ္ေပးၿပီးမွထြက္ခြာသြားခဲ့ၾကတာျဖစ္တယ္။ သန႔္ရွင္းျပဳလုပ္ခဲ့ၿပီးေနာက္

ဂ်ပန္အသင္းသားေတြဟာ အဝတ္လဲခန္းထဲမွာရင္ခုန္စရာေကာင္းတဲ့ မက္ေဆ့ခ်္တစ္ခုသာခ်န္ထားရစ္ခဲ့တာျဖစ္တယ္။ စားပြဲတစ္လုံးေပၚမွာ Origami စကၠဴ႐ုပ္ေလးအမ်ားအျပားတင္ခဲ့ၿပီး အာရဗီဘာသာစကားနဲ႔

“ေက်းဇူးတင္ပါတယ္” ဆိုၿပီးမက္ေဆ့ခ်္ေလးထားခဲ့ပါတယ္။ ဂ်ပန္နည္းျပမိုရီယာဆုက “အနည္းဆုံးေတာ့ ဒါဟာသမိုင္းဝင္အခိုက္အတန႔္ပါပဲ၊ သမိုင္းဝင္ေအာင္ပြဲလို႔လည္းယုံၾကည္ပါတယ္။

တကယ္လို႔ ကြၽန္ေတာ္တို႔ဂ်ပန္ေဘာလုံးေလာကဖြံ႕ၿဖိဳးတိုးတက္မႈအေၾကာင္းစဥ္းစားရင္ေတာ့ တည္ေဆာက္ၿပီးသားျဖစ္ေနပါၿပီ။ ဒါကအံ့အားသင့္စရာေကာင္းလြန္းၿပီး

အခုကြၽန္ေတာ္တို႔က ကမာၻ႔အဆင့္စံႏႈန္းကိုေရာက္ရွိေနပါၿပီ။ ေဆာ္ဒီရဲ႕အံ့အားသင့္စရာႏိုင္ပြဲကိုေတြ႕ရွိၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔အာရွေဘာလုံးစြမ္းရည္ကိုျပသထားႏိုင္ပါၿပီ။

အစကတည္းကဖိအားေပးကစားဖို႔ဆုံးျဖတ္ခဲ့ၾကတယ္၊ ဒါေပမဲ့ ဂ်ာမနီရဲ႕ဖိအားေပးမႈကပိုၿပီးႀကီးမားခဲ့တယ္။ ဒါကိုကြၽန္ေတာ္တို႔မအံ့ၾသပါဘူး။ သူတို႔မွာအရမ္းေကာင္းတဲ့

မစၥတာႏူအာလိုဂိုးသမားရွိတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔အသင္းကအလြန္ထက္ျမက္ၿပီးအေကာင္းဆုံးကစားႏိုင္ခဲ့တယ္။ တကယ့္ကိုအျပင္းအထန္တိုက္ယူခဲ့ရတာပါ” လို႔ ပြဲအၿပီးမွာေျပာဆိုခဲ့ပါတယ္။