သမိုင်းတလျှောက် အာဖရိကဖလားကို ပထမဆုံးအကြိမ်ရရှိခဲ့တဲ့ ဆီနီဂေါ

မနေ့က တနင်္ဂနွေညမှာ အာဖရိကနိုင်ငံများဖလားပွဲ ဗိုလ်လုပွဲအဖြစ်

ဆီနီဂေါနဲအီဂျစ်တို့ ကစားခဲ့ကြပြီး ဆီနီဂေါအသင်းက

ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။

သမိုင်းတလျှောက် အာဖရိကဖလားကို ပထမဆုံးအကြိမ်ရရှိခဲ့တဲ့

နိုင်ငံ့လက်ရွေးစင်အသင်းကို ဂုဏ်ပြုတဲ့အနေနဲ့ သမ္မတ Macky Sall ဟာ

ဒီနေ့ကို ဆီနီဂေါနိုင်ငံရဲ့အားလပ်ရက်အဖြစ် ကြေညာပေးခဲ့ပါတယ်။

သာမန်ပွဲချိန်အတွင်းမှာ ဂိုးမရှိသရေကျနေလို့

ပင်နယ်တီအဆုံးအဖြတ်ထိ ရောက်ရှိခဲ့တာပါ။

ပွဲအစ(၇)မိနစ်မှာ ဆီနီဂေါအသင်း ပင်နယ်တီရပြီး

မာနေး ကန်သွင်းခဲ့ပေမယ့် အီဂျစ်ဂိုးသမား ဂါဘာစကီးက ကာကွယ်နိုင်ခဲ့ပါတယ်။

မာနေးနဲ့ ပရီမီးယားလိဂ်မှာ အသင်းတူကစားဖော်ဖြစ်တဲ့

ဆာလာက မာနေး ဘယ်လိုကန်သွင်းတတ်တယ်ဆိုတာ

ဂါဘာစကီးကို အကြံပေးခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ နှစ်သင်းစလုံး အခွင့်အရေးတွေ

တောက်လျှောက်ရပေမယ့် ဂိုးသမားတွေ အပြိုင်လက်စွမ်းပြနေခဲ့ကြသလို့

တိုက်စစ်မှူးတွေကလည်း ပွဲတစ်လျှောက် ဆီနီဂေါက ဂိုးပေါက် ကန်သွင်းမှု

၁၃ ကြိမ် အီဂျစ်က ၇ ကြိမ်အထိရှိခဲ့ကြပေမယ့်

ဂိုးရလိုစိတ်စောနေပြီး လိုအပ်တဲ့ဂိုးတွေမရခဲ့ကြပါဘူး။

ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အီဂျစ်အသင်းဘက်က

ကန်သွင်းမှု(၂)ကြိမ် ဂိုးမဝင်လို့ ဆီနီဂေါအသင်းက (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ရပြီး

ချန်ပီယံဆု ရရှိခဲ့ပါတယ်။ လီဗာပူးတိုက်စစ်အသင်းဖော်နှစ်ယောက်ဟာ

နိုင်ငံအသင်းရဲ့ အသင်းခေါင်းဆောင်နှစ်ယောက်အဖြစ်

ပြန်ဆုံတွေ့တဲ့ပွဲမှာ မာနေးက ဆာလက် ကို အနိုင်ရခဲ့တာ ဖြစ်ပြီး

နှစ်ပေါင်း(၆၀)နီးပါး စောင့်ဆိုင်းခဲ့ရတဲ့ အသင်းသမိုင်းတလျှောက်

ပထမဆုံးအကြိမ် ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။

ဆာလက် အတွက်ကတော့ ၂၀၁၉ပြိုင်ပွဲမှာလည်း ဒုတိယနဲ့ကျေနပ်ခဲ့ရသလို

ဒီတစ်ကြိမ်လည်းဖလားကိုင်မြှောက်ခွင့်နဲ့ ဝေးကွာနေစဲပါပဲ။

ဆီနီဂေါနည်းပြအလူးဆစ်ဆီကလည်း သူတို့ပြည်သူတွေဟာ

ဒီအောင်ပွဲအတွက် နှစ်ပေါင်း ၆၀ ကျော်စောင့်ခဲ့ရတာလို့

အရမ်းကိုစိတ်ခံစားရတဲ့ပုံစံနဲ့ ပြောသွားခဲ့ပါတယ်။

ဆီနီဂေါဟာ အလူးဆစ်ဆီလက်ထက် လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်းမှာ

အာဖရိကရဲ့ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်အမြင့်ဆုံးအသင်းဖြစ်ခဲ့တာပါ။

ဆီနီဂေါနည်းပြအလူးဆစ်ဆီ ကိုယ်တိုင်ကလည်း အသင်းခေါင်းဆောင်အဖြစ်

၂၀၀၂ ဗိုလ်လုပွဲကို နွှဲခဲ့တုန်းက အဆုံးအဖြတ်ပင်နယ်တီလွဲခဲ့ဖူးပြီး

ကင်မရွန်းအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအဖြစ်နဲကသာကျေနပ်ခဲ့ရသူပါ။

ဒါကြောင့်လည်း နှစ်ပေါင်း ၂၀ အကြာ ကင်မရွန်းမြေကဗိုလ်လုပွဲမှာ

အီဂျစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရယူခဲ့တာကြောင့်

သူ့ကိုခြောက်လှန့်နေတဲ့ အိပ်မက်ဆိုးဟာ အဆုံးသတ်နိုင်သွားခဲ့ပြီး

ဆီနီဂေါအသင်းကို သမိုင်းတလျောက် ပထမဆုံးအာဖရိကဖလားကြီး

ရယူပေးနိုင်ခဲ့တာကြောင့် အခုအောင်ပွဲအတွက် ဝမ်းသာအားရဖြစ်နေပါတယ်။

zawgyi

သမိုင္းတေလွ်ာက္ အာဖရိကဖလားကို ပထမဆုံးအႀကိမ္ရရွိခဲ့တဲ့ ဆီနီေဂါ

မေန႔က တနဂၤေႏြညမွာ အာဖရိကႏိုင္ငံမ်ားဖလားပြဲ ဗိုလ္လုပြဲအျဖစ္

ဆီနီေဂါနဲအီဂ်စ္တို႔ ကစားခဲ့ၾကၿပီး ဆီနီေဂါအသင္းက

ပင္နယ္တီအဆုံးအျဖတ္မွာ အႏိုင္ရၿပီး ခ်န္ပီယံျဖစ္သြားခဲ့ပါတယ္။

သမိုင္းတေလွ်ာက္ အာဖရိကဖလားကို ပထမဆုံးအႀကိမ္ရရွိခဲ့တဲ့

ႏိုင္ငံ့လက္ေ႐ြးစင္အသင္းကို ဂုဏ္ျပဳတဲ့အေနနဲ႔ သမၼတ Macky Sall ဟာ

ဒီေန႔ကို ဆီနီေဂါႏိုင္ငံရဲ႕အားလပ္ရက္အျဖစ္ ေၾကညာေပးခဲ့ပါတယ္။

သာမန္ပြဲခ်ိန္အတြင္းမွာ ဂိုးမရွိသေရက်ေနလို႔

ပင္နယ္တီအဆုံးအျဖတ္ထိ ေရာက္ရွိခဲ့တာပါ။

ပြဲအစ(၇)မိနစ္မွာ ဆီနီေဂါအသင္း ပင္နယ္တီရၿပီး

မာေနး ကန္သြင္းခဲ့ေပမယ့္ အီဂ်စ္ဂိုးသမား ဂါဘာစကီးက ကာကြယ္ႏိုင္ခဲ့ပါတယ္။

မာေနးနဲ႔ ပရီမီးယားလိဂ္မွာ အသင္းတူကစားေဖာ္ျဖစ္တဲ့

ဆာလာက မာေနး ဘယ္လိုကန္သြင္းတတ္တယ္ဆိုတာ

ဂါဘာစကီးကို အႀကံေပးခဲ့တာကိုလည္းေတြ႕ခဲ့ရပါတယ္။

အဲဒီေနာက္မွာေတာ့ ႏွစ္သင္းစလုံး အခြင့္အေရးေတြ

ေတာက္ေလွ်ာက္ရေပမယ့္ ဂိုးသမားေတြ အၿပိဳင္လက္စြမ္းျပေနခဲ့ၾကသလို႔

တိုက္စစ္မႉးေတြကလည္း ပြဲတစ္ေလွ်ာက္ ဆီနီေဂါက ဂိုးေပါက္ ကန္သြင္းမႈ

၁၃ ႀကိမ္ အီဂ်စ္က ၇ ႀကိမ္အထိရွိခဲ့ၾကေပမယ့္

ဂိုးရလိုစိတ္ေစာေနၿပီး လိုအပ္တဲ့ဂိုးေတြမရခဲ့ၾကပါဘူး။

ပင္နယ္တီ အဆုံးအျဖတ္မွာေတာ့ အီဂ်စ္အသင္းဘက္က

ကန္သြင္းမႈ(၂)ႀကိမ္ ဂိုးမဝင္လို႔ ဆီနီေဂါအသင္းက (၄)ဂိုး(၂)ဂိုးနဲ႔ အႏိုင္ရၿပီး

ခ်န္ပီယံဆု ရရွိခဲ့ပါတယ္။ လီဗာပူးတိုက္စစ္အသင္းေဖာ္ႏွစ္ေယာက္ဟာ

ႏိုင္ငံအသင္းရဲ႕ အသင္းေခါင္းေဆာင္ႏွစ္ေယာက္အျဖစ္

ျပန္ဆုံေတြ႕တဲ့ပြဲမွာ မာေနးက ဆာလက္ ကို အႏိုင္ရခဲ့တာ ျဖစ္ၿပီး

ႏွစ္ေပါင္း(၆၀)နီးပါး ေစာင့္ဆိုင္းခဲ့ရတဲ့ အသင္းသမိုင္းတေလွ်ာက္

ပထမဆုံးအႀကိမ္ ခ်န္ပီယံဆုကို ရယူသြားႏိုင္ခဲ့ပါတယ္။

ဆာလက္ အတြက္ကေတာ့ ၂၀၁၉ၿပိဳင္ပြဲမွာလည္း ဒုတိယနဲ႔ေက်နပ္ခဲ့ရသလို

ဒီတစ္ႀကိမ္လည္းဖလားကိုင္ေျမႇာက္ခြင့္နဲ႔ ေဝးကြာေနစဲပါပဲ။

ဆီနီေဂါနည္းျပအလူးဆစ္ဆီကလည္း သူတို႔ျပည္သူေတြဟာ

ဒီေအာင္ပြဲအတြက္ ႏွစ္ေပါင္း ၆၀ ေက်ာ္ေစာင့္ခဲ့ရတာလို႔

အရမ္းကိုစိတ္ခံစားရတဲ့ပုံစံနဲ႔ ေျပာသြားခဲ့ပါတယ္။

ဆီနီေဂါဟာ အလူးဆစ္ဆီလက္ထက္ လြန္ခဲ့တဲ့ ၃ ႏွစ္တာအတြင္းမွာ

အာဖရိကရဲ႕ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္အျမင့္ဆုံးအသင္းျဖစ္ခဲ့တာပါ။

ဆီနီေဂါနည္းျပအလူးဆစ္ဆီ ကိုယ္တိုင္ကလည္း အသင္းေခါင္းေဆာင္အျဖစ္

၂၀၀၂ ဗိုလ္လုပြဲကို ႏႊဲခဲ့တုန္းက အဆုံးအျဖတ္ပင္နယ္တီလြဲခဲ့ဖူးၿပီး

ကင္မ႐ြန္းအသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ဒုတိယအျဖစ္နဲကသာေက်နပ္ခဲ့ရသူပါ။

ဒါေၾကာင့္လည္း ႏွစ္ေပါင္း ၂၀ အၾကာ ကင္မ႐ြန္းေျမကဗိုလ္လုပြဲမွာ

အီဂ်စ္အသင္းကို ပင္နယ္တီအဆုံးအျဖတ္မွာ အႏိုင္ရယူခဲ့တာေၾကာင့္

သူ႔ကိုေျခာက္လွန႔္ေနတဲ့ အိပ္မက္ဆိုးဟာ အဆုံးသတ္ႏိုင္သြားခဲ့ၿပီး

ဆီနီေဂါအသင္းကို သမိုင္းတေလ်ာက္ ပထမဆုံးအာဖရိကဖလားႀကီး

ရယူေပးႏိုင္ခဲ့တာေၾကာင့္ အခုေအာင္ပြဲအတြက္ ဝမ္းသာအားရျဖစ္ေနပါတယ္။