သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းနိုင်အဖြစ် အမ်ဘာပီ မှတ်တမ်းသစ်ရေးထိုး

အာဂျင်တီးနားဘက်ကိုတစ်ဦးတည်း ဟက်ထရစ်ဂိုးသွင်းနိုင်ခဲ့တဲ့

အမ်ဘာပီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်

ဗိုလ်လုပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပြင်သစ်ကြယ်ပွင့်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ခရိုအေးရှားဘက်ကို

တစ်ဂိုးသွင်းနိုင်ခဲ့ပြီး ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားဘက်ကို

ဟက်ထရစ်ဂိုးသွင်းနိုင်ခဲ့သူဖြစ်တယ်။ ဒါကြောင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲ

နှစ်ရပ်မှာ ဂိုးသွင်းနိုင်တဲ့ ၆ယောက်မြောက်ကစားသမားဖြစ်လာခဲ့သလို

၄ ဂိုးသွင်းယူထားတဲ့ သူ့ရဲ့စံချိန်ကအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

မက်ဆီရဲ့ အချိန်ပိုသွင်းဂိုးကို အမ်ဘာပီကချင်ချင်းချေပပြခဲ့ပြီး

အင်္ဂလန်ဂန္တဝင်ကြီး ဆာဂျော့ဖ်ဟက်စ်နောက်ပိုင်း ဗိုလ်လုပွဲမှာ

ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်တွေမှာ ၃ဂိုးစီသွင်းထားတဲ့

ဆာဂျော့ဖ်ဟက်စ်၊ ပီလီ၊ ဇီဒန်း၊ ဗာဗာ တို့ရဲ့မှတ်တမ်းတွေကို

၄ ဂိုးသွင်းပြီး ရိုက်ချိုးပစ်လိုက်တာဖြစ်တယ်။ ကမ္ဘာ့ဖလား

သမိုင်းကြောင်းတစ်လျှောက်မှာ ၁၄ ဂိုးသွင်းပြီး သူရဲကောင်းအဖြစ်

ရှိနေတဲ့ ပီလီရဲ့ ဂိုးသွင်းစံချိန်ကို အမ်ဘာပီက ၁၄ပွဲ ကစားအပြီးမှာ

လိုက်မီခဲ့တာဖြစ်တယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ အသက် ၂၃နှစ်အရွယ်

အမ်ဘာပီထက် ဂိုးပိုသွင်းနိုင်တဲ့ ကစားသမား ၅ဦးသာ

ကျန်တော့တာဖြစ်ပြီး အမြင့်ဆုံးဖြစ်နေတဲ့ ဂျာမနီတိုက်စစ်မှူးဟောင်း

ကလိုဆေးရဲ့ ၁၆ဂိုး စံချိန်ကိုကျော်ဖြတ်ဖို့အတွက်

အလားအလာကောင်းတွေပိုင်ဆိုင်ထားပါတယ်။

zawgyi

သမိုင္းတစ္ေလွ်ာက္ ကမာၻ႔ဖလားဗိုလ္လုပြဲစဥ္ေတြမွာ ဂိုးအမ်ားဆုံးသြင္းႏိုင္အျဖစ္ အမ္ဘာပီ မွတ္တမ္းသစ္ေရးထိုး

အာဂ်င္တီးနားဘက္ကိုတစ္ဦးတည္း ဟက္ထရစ္ဂိုးသြင္းႏိုင္ခဲ့တဲ့

အမ္ဘာပီကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းေၾကာင္းတစ္ေလွ်ာက္

ဗိုလ္လုပြဲစဥ္ေတြမွာ ဂိုးအမ်ားဆုံးသြင္းႏိုင္သူအျဖစ္မွတ္တမ္းဝင္သြားခဲ့ပါတယ္။

ျပင္သစ္ၾကယ္ပြင့္ဟာ ၂၀၁၈ ကမာၻ႔ဖလားဖိုင္နယ္မွာ ခ႐ိုေအးရွားဘက္ကို

တစ္ဂိုးသြင္းႏိုင္ခဲ့ၿပီး ကာတာကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားဘက္ကို

ဟက္ထရစ္ဂိုးသြင္းႏိုင္ခဲ့သူျဖစ္တယ္။ ဒါေၾကာင့္ ကမာၻ႔ဖလားဗိုလ္လုပြဲ

ႏွစ္ရပ္မွာ ဂိုးသြင္းႏိုင္တဲ့ ၆ေယာက္ေျမာက္ကစားသမားျဖစ္လာခဲ့သလို

၄ ဂိုးသြင္းယူထားတဲ့ သူ႔ရဲ႕စံခ်ိန္ကအျမင့္ဆုံးျဖစ္ခဲ့ပါတယ္။

မက္ဆီရဲ႕ အခ်ိန္ပိုသြင္းဂိုးကို အမ္ဘာပီကခ်င္ခ်င္းေခ်ပျပခဲ့ၿပီး

အဂၤလန္ဂႏၲဝင္ႀကီး ဆာေဂ်ာ့ဖ္ဟက္စ္ေနာက္ပိုင္း ဗိုလ္လုပြဲမွာ

ဟက္ထရစ္သြင္းႏိုင္တဲ့ ဒုတိယေျမာက္ကစားသမားျဖစ္လာခဲ့ပါတယ္။

ဒါ့အျပင္ ကမာၻ႔ဖလားဖိုင္နယ္ပြဲစဥ္ေတြမွာ ၃ဂိုးစီသြင္းထားတဲ့

ဆာေဂ်ာ့ဖ္ဟက္စ္၊ ပီလီ၊ ဇီဒန္း၊ ဗာဗာ တို႔ရဲ႕မွတ္တမ္းေတြကို

၄ ဂိုးသြင္းၿပီး ႐ိုက္ခ်ိဳးပစ္လိုက္တာျဖစ္တယ္။ ကမာၻ႔ဖလား

သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ ၁၄ ဂိုးသြင္းၿပီး သူရဲေကာင္းအျဖစ္

ရွိေနတဲ့ ပီလီရဲ႕ ဂိုးသြင္းစံခ်ိန္ကို အမ္ဘာပီက ၁၄ပြဲ ကစားအၿပီးမွာ

လိုက္မီခဲ့တာျဖစ္တယ္။ ကမာၻ႔ဖလားသမိုင္းမွာ အသက္ ၂၃ႏွစ္အ႐ြယ္

အမ္ဘာပီထက္ ဂိုးပိုသြင္းႏိုင္တဲ့ ကစားသမား ၅ဦးသာ

က်န္ေတာ့တာျဖစ္ၿပီး အျမင့္ဆုံးျဖစ္ေနတဲ့ ဂ်ာမနီတိုက္စစ္မႉးေဟာင္း

ကလိုေဆးရဲ႕ ၁၆ဂိုး စံခ်ိန္ကိုေက်ာ္ျဖတ္ဖို႔အတြက္

အလားအလာေကာင္းေတြပိုင္ဆိုင္ထားပါတယ္။