
ယူနိုက်တက်နည်းပြတန်ဟတ်ဟာ ဘောလုံးနဲ့မတူညီတဲ့အရာတစ်ခုကနေ





သန်းနဲ့ချီတဲ့ငွေဝင်ပေါက်တွေကိုရှာဖွေဖို့အခွင့်အရေးရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ရောက်လာတဲ့ နယ်သာလန်သားဟာ





အိပ်ပျော်နေတဲ့သရဲနီတွေကို လှုပ်နှိုးခဲ့ပြီး အင်္ဂလိပ်ဘောလုံးလောကမှာ
ပထမဆုံးဆုဖလားယူဖို့ဟန်ပြင်နေပြီဖြစ်တယ်။ ဆော်ဒီလုပ်ငန်းစုရဲ့
ဦးဆောင်မှုအောက်မှာ တရှိန်ထိုးတိုးတက်လာတဲ့ နယူးကာဆယ်ကို





ကာရာဘောင်းဖလားဗိုလ်လုပွဲမှာနိုင်ခဲ့ရင် ယူနိုက်တက်က ၂၀၁၇ နောက်ပိုင်း
ပထမဆုံးဆုဖလားကိုပိုင်ဆိုင်ခွင့်ရမှာပါ။ သရဲနီပရိသတ်တွေဟာ





တန်ဟတ်ရဲ့ဦးဆောင်မှုအောက်မှာ အသင်းရဲ့အနာဂတ်နဲ့ပက်သတ်လို့
စိတ်လှုပ်ရှားနေကြပေမယ့် နယ်သာလန်သားဟာ သူ့ညီအစ်ကိုတော်တွေဖြစ်တဲ့
မိုက်ကယ်နဲ့ ရီကို တို့ရဲ့လမ်းစဉ်ကိုလိုက်ခဲ့မယ်ဆိုရင် သူ့ဘဝဟာ လက်ရှိနဲ့





အရမ်းကိုကွာခြားသွားနိုင်ပါတယ်။ တန်ဟတ်ဟာ ဖခင်ဖြစ်သူ ဟန်နီးရဲ့
အိမ်ခြေံမြေကုမ္ပဏီမှာ အလုပ်လုပ်ဖို့ရွေးချယ်ခဲ့မယ်ဆိုရင် သန်းနဲ့ချီပြီးရရှိနိုင်မှာဖြစ်တယ်။





BBC ရဲ့အဆိုအရတော့ တန်ဟတ်ရဲ့ညီအကိုတွေဖြစ်တဲ့ မိုက်ကယ်နဲ့ ရီကိုတို့ဟာ
၂၀၀၇ ခုနှစ်မှာ ဟန်နီးတစ်ယောက် ကုမ္ပဏီကနေ နှုတ်ထွက်ပြီးတဲ့နောက်
သန်းပေါင်းများစွာပိုင်ဆိုင်တဲ့သူဌေးတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။





မိုက်ကယ်က ဥက္ကဌဖြစ်လာခဲ့ပြီး ရီကိုနဲ့အနီးကပ်လက်တွဲခဲ့ပါတယ်။
ဖခင်ဖြစ်သူက တန်ဟတ်ကို ညီအကိုတွေနဲ့အတူစီးပွားရေးမှာလက်တွဲမယ်လို့ယူဆခဲ့ပေမယ့်





သူကတော့ ဘောလုံးနဲ့အသက်မွေးဝမ်းကျောင်းပြုဖို့မျက်စိကျခဲ့တာဖြစ်တယ်။
အေဂျက်နည်းပြဟောင်းဟာ အက်ဖ်စီတွမ်တီးအသင်း အကယ်ဒမီမှာ
ကစားသမားဘဝကိုဖြတ်သန်းခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှာတင်





ယူ-၁၈ အသင်းရဲ့ပုံမှန်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
တန်ဟတ်ရဲ့ကစားသမားဘဝမှာ အကြီးမားဆုံးအဖြစ်ဆိုးကြီး ၃ ခုနဲ့ကြုံတွေ့ခဲ့ရဖူးပါတယ်။





သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ အန်ဒီရှာမင်ဟာ အသက် ၂၁ နှစ်အရွယ်မှာ
လေယာဉ်ပျက်ကျသေဆုံးသွားခဲ့ပြီး အခြားသော သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့
ဂီနိုဝီဘာဟာ ၃၃ နှစ်အရွယ်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တာဖြစ်တယ်။





နောက်ဆုံးအနေနဲ့တော့ တန်ဟတ်ကို အနီးကပ်သွန်သင်သူတစ်ယောက်ဖြစ်တဲ့
အီပီဒရော့စ်ဟာ ပွဲကစားနေချိန်အတွင်း ရုတ်တရက်နှလုံးရပ်ပြီးသေဆုံးခဲ့ပြန်ပါတယ်။





ဒီအဖြစ်ဆိုးတွေနဲ့ပတ်သတ်လို့ တန်ဟတ်က “အရာအားလုံးကိုရှုထောင့်ကကြည့်တယ်။
ဘဝမှာ ဘယ်လိုအရာတွေဖြစ်နိုင်လဲဆိုတာအသေအချာစဉ်းစားမိတယ်” လို့ ဆိုခဲ့ဖူးပါတယ်။
တန်ဟတ်ဟာ အသက် ၃၁နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက်





ဘိုင်ယန်မြူးနစ်မှာ ဂွါဒီယိုလာရဲ့လက်ထောက်အဖြစ်တွဲဖက်တာဝန်ထမ်းဆောင်ခဲ့သလို
နယ်သာလန်ကလပ် အူထရက်ချ်နဲ့ အေဂျက်တို့ကို နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့တာဖြစ်တယ်။





အခုတော့ ယူနိုက်တက်နဲ့အတူ ကမ္ဘာ့ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်လာခဲ့ပါပြီ။
zawgyi
သန္းနဲ႔ခ်ီၿပီးဝင္ေငြရႏိုင္တဲ့အလုပ္ကို စြန႔္လႊတ္ၿပီးေဘာလုံးေလာကထဲကို ေျခစုံပစ္ဝင္လာခဲ့တဲ့ တန္ဟတ္





ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ ေဘာလုံးနဲ႔မတူညီတဲ့အရာတစ္ခုကေန
သန္းနဲ႔ခ်ီတဲ့ေငြဝင္ေပါက္ေတြကိုရွာေဖြဖို႔အခြင့္အေရးရွိခဲ့ပါတယ္။





ၿပီးခဲ့တဲ့ေႏြရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ေရာက္လာတဲ့ နယ္သာလန္သားဟာ
အိပ္ေပ်ာ္ေနတဲ့သရဲနီေတြကို လႈပ္ႏႈိးခဲ့ၿပီး အဂၤလိပ္ေဘာလုံးေလာကမွာ
ပထမဆုံးဆုဖလားယူဖို႔ဟန္ျပင္ေနၿပီျဖစ္တယ္။ ေဆာ္ဒီလုပ္ငန္းစုရဲ႕





ဦးေဆာင္မႈေအာက္မွာ တရွိန္ထိုးတိုးတက္လာတဲ့ နယူးကာဆယ္ကို
ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာႏိုင္ခဲ့ရင္ ယူႏိုက္တက္က ၂၀၁၇ ေနာက္ပိုင္း





ပထမဆုံးဆုဖလားကိုပိုင္ဆိုင္ခြင့္ရမွာပါ။ သရဲနီပရိသတ္ေတြဟာ
တန္ဟတ္ရဲ႕ဦးေဆာင္မႈေအာက္မွာ အသင္းရဲ႕အနာဂတ္နဲ႔ပက္သတ္လို႔
စိတ္လႈပ္ရွားေနၾကေပမယ့္ နယ္သာလန္သားဟာ သူ႔ညီအစ္ကိုေတာ္ေတြျဖစ္တဲ့





မိုက္ကယ္နဲ႔ ရီကို တို႔ရဲ႕လမ္းစဥ္ကိုလိုက္ခဲ့မယ္ဆိုရင္ သူ႔ဘဝဟာ လက္ရွိနဲ႔
အရမ္းကိုကြာျခားသြားႏိုင္ပါတယ္။ တန္ဟတ္ဟာ ဖခင္ျဖစ္သူ ဟန္နီးရဲ႕





အိမ္ေၿခံေျမကုမၸဏီမွာ အလုပ္လုပ္ဖို႔ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ သန္းနဲ႔ခ်ီၿပီးရရွိႏိုင္မွာျဖစ္တယ္။
BBC ရဲ႕အဆိုအရေတာ့ တန္ဟတ္ရဲ႕ညီအကိုေတြျဖစ္တဲ့ မိုက္ကယ္နဲ႔ ရီကိုတို႔ဟာ
၂၀၀၇ ခုႏွစ္မွာ ဟန္နီးတစ္ေယာက္ ကုမၸဏီကေန ႏႈတ္ထြက္ၿပီးတဲ့ေနာက္





သန္းေပါင္းမ်ားစြာပိုင္ဆိုင္တဲ့သူေဌးေတြျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
မိုက္ကယ္က ဥကၠဌျဖစ္လာခဲ့ၿပီး ရီကိုနဲ႔အနီးကပ္လက္တြဲခဲ့ပါတယ္။





ဖခင္ျဖစ္သူက တန္ဟတ္ကို ညီအကိုေတြနဲ႔အတူစီးပြားေရးမွာလက္တြဲမယ္လို႔ယူဆခဲ့ေပမယ့္
သူကေတာ့ ေဘာလုံးနဲ႔အသက္ေမြးဝမ္းေက်ာင္းျပဳဖို႔မ်က္စိက်ခဲ့တာျဖစ္တယ္။
ေအဂ်က္နည္းျပေဟာင္းဟာ အက္ဖ္စီတြမ္တီးအသင္း အကယ္ဒမီမွာ





ကစားသမားဘဝကိုျဖတ္သန္းခဲ့ၿပီး အသက္ ၁၄ ႏွစ္အ႐ြယ္မွာတင္
ယူ-၁၈ အသင္းရဲ႕ပုံမွန္ကစားသမားတစ္ေယာက္ျဖစ္လာခဲ့ပါတယ္။





တန္ဟတ္ရဲ႕ကစားသမားဘဝမွာ အႀကီးမားဆုံးအျဖစ္ဆိုးႀကီး ၃ ခုနဲ႔ႀကဳံေတြ႕ခဲ့ရဖူးပါတယ္။
သူ႔ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္တဲ့ အန္ဒီရွာမင္ဟာ အသက္ ၂၁ ႏွစ္အ႐ြယ္မွာ
ေလယာဥ္ပ်က္က်ေသဆုံးသြားခဲ့ၿပီး အျခားေသာ သူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့





ဂီႏိုဝီဘာဟာ ၃၃ ႏွစ္အ႐ြယ္မွာ ကိုယ့္ကိုကိုယ္အဆုံးစီရင္သြားခဲ့တာျဖစ္တယ္။
ေနာက္ဆုံးအေနနဲ႔ေတာ့ တန္ဟတ္ကို အနီးကပ္သြန္သင္သူတစ္ေယာက္ျဖစ္တဲ့





အီပီဒေရာ့စ္ဟာ ပြဲကစားေနခ်ိန္အတြင္း ႐ုတ္တရက္ႏွလုံးရပ္ၿပီးေသဆုံးခဲ့ျပန္ပါတယ္။
ဒီအျဖစ္ဆိုးေတြနဲ႔ပတ္သတ္လို႔ တန္ဟတ္က “အရာအားလုံးကိုရႈေထာင့္ကၾကည့္တယ္။
ဘဝမွာ ဘယ္လိုအရာေတြျဖစ္ႏိုင္လဲဆိုတာအေသအခ်ာစဥ္းစားမိတယ္” လို႔ ဆိုခဲ့ဖူးပါတယ္။





တန္ဟတ္ဟာ အသက္ ၃၁ႏွစ္အ႐ြယ္မွာ ကစားသမားဘဝကေန အနားယူခဲ့ၿပီးေနာက္
ဘိုင္ယန္ျမဴးနစ္မွာ ဂြါဒီယိုလာရဲ႕လက္ေထာက္အျဖစ္တြဲဖက္တာဝန္ထမ္းေဆာင္ခဲ့သလို





နယ္သာလန္ကလပ္ အူထရက္ခ်္နဲ႔ ေအဂ်က္တို႔ကို နည္းျပခ်ဳပ္အျဖစ္တာဝန္ယူခဲ့တာျဖစ္တယ္။
အခုေတာ့ ယူႏိုက္တက္နဲ႔အတူ ကမာၻ႔ထိပ္တန္းနည္းျပတစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။