သတိလစ်လုဖြစ်ခဲ့တဲ့ မာနေးကို ဆက်ကစားခိုင်းခဲ့လို့ ပရိသတ်တွေဒေါသထွက်နေ

ဆီနီဂေါအသင်းတိုက်စစ်မှူး မာနေးဟာ ကွင်းထဲမှာ

ပြိုင်ဘက်ဂိုးသမားနဲ့ဦးခေါင်းထိခိုက်မိပြီး

သတိလစ်လုမတတ်ဖြစ်ခဲ့တာတောင်မှ

လူစားလဲမခံရဘဲဆက်ကစားခဲ့လို့

ဆီနီဂေါအသင်းတာဝန်ရှိသူတွေကိုရော ဒိုင်လူကြီးကိုပါ

ပရိသတ်တွေကဒေါသထွက်နေပြီး

ကျက်သ ရေမရှိတဲ့သူတွေအဖြစ် ဝေဖန်နေကြပါတယ်။

ကိပ်ဗာဒီနဲ့ရင်ဆိုင်ခဲ့တဲ့အာဖရိကနိုင်ငံများဖလား ၁၆ သင်းအဆင့်ပွဲမှာ

လီဗာပူးရဲ့ တိုက်စစ်မှူးဖြစ်တဲ့ မာနေးဟာ ပြိုင်ဘက်ဂိုးသမား

ဗိုဇင်နဲ့ပွဲချိန် ၅၃ မိနစ်မှာဦးခေါင်းချင်းတိုက်မိခဲ့ကြတာပါ။

သူတို့နှစ်ဦးစ လုံးဟာကွင်းထဲမှာအရုပ်ကြိုးပြတ်လဲကျခဲ့လို့

ဆေးအဖွဲ့တွေကအလျင်အမြန်လာရောက်ကာ ကုသပေးခဲ့ကြရပါတယ်။

ဒီဖြစ် ရပ်မှာမာနေးက ဘောလုံးကိုအရင်ဦးတဲ့အတွက်

ဗိုဇင်ဟာ တိုက်ရိုက်အနီကတ်ပြအထုတ်ခံခဲ့ရပြီး ထိခိုက်မှုကြောင့်

ထမ်းစင်နဲ့ တောင်သယ်ထုတ်သွားရကာ ဆေးရုံပို့ခဲ့ရပါတယ်။

မာနေးကတော့ ပြန်လည်ကောင်းမွန်လာပြီး ၆၃ မိနစ်မှာ

ဦးဆောင်ဂိုးသွင်း ပေးခဲ့သေးတာပါ။

ဒါပေမယ့်ဂိုးသွင်းပြီးမကြာခင်မှာ မာနေးဟာကွင်းထဲမှာ သတိလစ်လဲကျခဲ့လို့

ဆေးအဖွဲ့ကထပ်ပြီးကုသပေး ခဲ့ရပြန်ပါတယ်။

အဲဒီတော့မှ သူ့အစား မာဆေးတိုက်စစ်မှူး ဒီယန်ကိုနည်းပြက

လူစားသွင်းခဲ့တာဖြစ်သလို ပွဲအပြီးမှာလည်း အနီးစပ်ဆုံးဆေးရုံကို

တင်ပို့ခဲ့ရတဲ့အတွက် ပရိသတ်တွေပွဲဆူခဲ့တာပါ။

ဦးခေါင်းထိခိုက်ခံခဲ့ရသူတွေအတွက်သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ

မာနေးကိုချက်ခြင်းလူစားလဲရမှာဖြစ်ပေမယ့်

ဆက်ကစားခိုင်းခဲ့လို့ အခုလိုမျိုးဝေဖန်ခံနေရတာဖြစ် ပါတယ်။

ဒီအတွက်လည်း တွစ်တာပေါ်မှာဝေဖန်သံတွေပလူပျံသွားပြီး

တစ်ဦးကဆိုရင်” အာဖရိကဘောလုံးအဖွဲ့ချုပ်ကတော့

ကျက်သရေကိုမရှိဘူး။ ခေါင်းကိုထိပြီး လဲကျခဲ့တာတောင်

ဘာလို့ဆက်ကစားခိုင်းခဲ့တာလည်း။ ဒါနဲ့ပတ်သက်တဲ့

လုပ်ထုံးလုပ် နည်းတွေမရှိတော့ဘူးလား” လို့ဆိုခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း ” ခေါင်းကိုထိပြီးသေမလိုဖြစ်နေတဲ့သူကို

ဆက် ကစားခိုင်းတာကိုတွေ့ရတာ အရမ်းကို တုန်လှုပ်ရတယ်” လို့ရေးသားပါတယ်။

နောက်ထပ်တစ်ယောက်ကလည်း မာနေးဖြစ် ရပ်နဲ့ပတ်သက်ပြီး

လီဗာပူးအနေနဲ့ ပြင်းထန်စွာဝေဖန်သင့်တယ်လို့ဆိုခဲ့ပါတယ်။

သူက” ဒီလိုသတိလစ်လုဖြစ်ခဲ့တဲ့ မာနေးကို ဆက်ကစားခိုင်းခဲ့လို့

လီဗာပူးဘက်က ပြင်းထန်စွာဝေဖန်တဲ့ အီးမေးလ်

ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဆီပို့ခဲ့သလားဆိုတာ ကျုပ် သေချာမသိဘူး။

ဆီနီဂေါအသင်းနဲ့ ဒိုင်လူကြီးတို့ရဲ့လုပ်ရပ်က ကစားသမားရဲ့

ကျန်းမာရေးကိုလုံးဝထည့်မတွက်တာထင်ရှား လွန်းတယ်” လို့ရေးခဲ့ပါတယ်။

ဗိုဇင်ရော မာနေးပါ ဆေးရုံတစ်ခုတည်းမှာအတူတက်ခဲ့ကြတာဖြစ်ပြီး

သူတို့တွေဆေးရုံပေါ်မှာအတူတွဲရိုက်ထားတဲ့ဓာတ်ပုံနဲ့ အတူ

”ကွင်းထဲမှာရော ဆေးရုံပေါ်မှာပါတွေ့ခဲ့တဲ့ ဆီနီဂေါနဲ့ ကိပ်ဗာဒီ” လို့

ပုံစာရေးကာ အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။

ဒီ ပွဲမှာ ဆီနီဂေါကနာကျင်အချိန်ပိုမှာတစ်ဂိုးထပ်သွင်းခဲ့တဲ့အတွက်

၂-၀ နဲ့နိုင်ကာ ကွာတားဖိုင်နယ်တက်သွားပါတယ်၊

zawgyi

သတိလစ္လုျဖစ္ခဲ့တဲ့ မာေနးကို ဆက္ကစားခိုင္းခဲ့လို႔ ပရိသတ္ေတြေဒါသထြက္ေန

ဆီနီေဂါအသင္းတိုက္စစ္မႉး မာေနးဟာ ကြင္းထဲမွာ

ၿပိဳင္ဘက္ဂိုးသမားနဲ႔ဦးေခါင္းထိခိုက္မိၿပီး

သတိလစ္လုမတတ္ျဖစ္ခဲ့တာေတာင္မွ

လူစားလဲမခံရဘဲဆက္ကစားခဲ့လို႔

ဆီနီေဂါအသင္းတာဝန္ရွိသူေတြကိုေရာ ဒိုင္လူႀကီးကိုပါ

ပရိသတ္ေတြကေဒါသထြက္ေနၿပီး

က်က္သ ေရမရွိတဲ့သူေတြအျဖစ္ ေဝဖန္ေနၾကပါတယ္။

ကိပ္ဗာဒီနဲ႔ရင္ဆိုင္ခဲ့တဲ့အာဖရိကႏိုင္ငံမ်ားဖလား ၁၆ သင္းအဆင့္ပြဲမွာ

လီဗာပူးရဲ႕ တိုက္စစ္မႉးျဖစ္တဲ့ မာေနးဟာ ၿပိဳင္ဘက္ဂိုးသမား

ဗိုဇင္နဲ႔ပြဲခ်ိန္ ၅၃ မိနစ္မွာဦးေခါင္းခ်င္းတိုက္မိခဲ့ၾကတာပါ။

သူတို႔ႏွစ္ဦးစ လုံးဟာကြင္းထဲမွာအ႐ုပ္ႀကိဳးျပတ္လဲက်ခဲ့လို႔

ေဆးအဖြဲ႕ေတြကအလ်င္အျမန္လာေရာက္ကာ ကုသေပးခဲ့ၾကရပါတယ္။

ဒီျဖစ္ ရပ္မွာမာေနးက ေဘာလုံးကိုအရင္ဦးတဲ့အတြက္

ဗိုဇင္ဟာ တိုက္႐ိုက္အနီကတ္ျပအထုတ္ခံခဲ့ရၿပီး ထိခိုက္မႈေၾကာင့္

ထမ္းစင္နဲ႔ ေတာင္သယ္ထုတ္သြားရကာ ေဆး႐ုံပို႔ခဲ့ရပါတယ္။

မာေနးကေတာ့ ျပန္လည္ေကာင္းမြန္လာၿပီး ၆၃ မိနစ္မွာ

ဦးေဆာင္ဂိုးသြင္း ေပးခဲ့ေသးတာပါ။

ဒါေပမယ့္ဂိုးသြင္းၿပီးမၾကာခင္မွာ မာေနးဟာကြင္းထဲမွာ သတိလစ္လဲက်ခဲ့လို႔

ေဆးအဖြဲ႕ကထပ္ၿပီးကုသေပး ခဲ့ရျပန္ပါတယ္။

အဲဒီေတာ့မွ သူ႔အစား မာေဆးတိုက္စစ္မႉး ဒီယန္ကိုနည္းျပက

လူစားသြင္းခဲ့တာျဖစ္သလို ပြဲအၿပီးမွာလည္း အနီးစပ္ဆုံးေဆး႐ုံကို

တင္ပို႔ခဲ့ရတဲ့အတြက္ ပရိသတ္ေတြပြဲဆူခဲ့တာပါ။

ဦးေခါင္းထိခိုက္ခံခဲ့ရသူေတြအတြက္သတ္မွတ္ထားတဲ့ လုပ္ထုံးလုပ္နည္းေတြအရ

မာေနးကိုခ်က္ျခင္းလူစားလဲရမွာျဖစ္ေပမယ့္

ဆက္ကစားခိုင္းခဲ့လို႔ အခုလိုမ်ိဳးေဝဖန္ခံေနရတာျဖစ္ ပါတယ္။

ဒီအတြက္လည္း တြစ္တာေပၚမွာေဝဖန္သံေတြပလူပ်ံသြားၿပီး

တစ္ဦးကဆိုရင္” အာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့

က်က္သေရကိုမရွိဘူး။ ေခါင္းကိုထိၿပီး လဲက်ခဲ့တာေတာင္

ဘာလို႔ဆက္ကစားခိုင္းခဲ့တာလည္း။ ဒါနဲ႔ပတ္သက္တဲ့

လုပ္ထုံးလုပ္ နည္းေတြမရွိေတာ့ဘူးလား” လို႔ဆိုခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကလည္း ” ေခါင္းကိုထိၿပီးေသမလိုျဖစ္ေနတဲ့သူကို

ဆက္ ကစားခိုင္းတာကိုေတြ႕ရတာ အရမ္းကို တုန္လႈပ္ရတယ္” လို႔ေရးသားပါတယ္။

ေနာက္ထပ္တစ္ေယာက္ကလည္း မာေနးျဖစ္ ရပ္နဲ႔ပတ္သက္ၿပီး

လီဗာပူးအေနနဲ႔ ျပင္းထန္စြာေဝဖန္သင့္တယ္လို႔ဆိုခဲ့ပါတယ္။

သူက” ဒီလိုသတိလစ္လုျဖစ္ခဲ့တဲ့ မာေနးကို ဆက္ကစားခိုင္းခဲ့လို႔

လီဗာပူးဘက္က ျပင္းထန္စြာေဝဖန္တဲ့ အီးေမးလ္

ဆီနီေဂါေဘာလုံးအဖြဲ႕ခ်ဳပ္ဆီပို႔ခဲ့သလားဆိုတာ က်ဳပ္ ေသခ်ာမသိဘူး။

ဆီနီေဂါအသင္းနဲ႔ ဒိုင္လူႀကီးတို႔ရဲ႕လုပ္ရပ္က ကစားသမားရဲ႕

က်န္းမာေရးကိုလုံးဝထည့္မတြက္တာထင္ရွား လြန္းတယ္” လို႔ေရးခဲ့ပါတယ္။

ဗိုဇင္ေရာ မာေနးပါ ေဆး႐ုံတစ္ခုတည္းမွာအတူတက္ခဲ့ၾကတာျဖစ္ၿပီး

သူတို႔ေတြေဆး႐ုံေပၚမွာအတူတြဲ႐ိုက္ထားတဲ့ဓာတ္ပုံနဲ႔ အတူ

”ကြင္းထဲမွာေရာ ေဆး႐ုံေပၚမွာပါေတြ႕ခဲ့တဲ့ ဆီနီေဂါနဲ႔ ကိပ္ဗာဒီ” လို႔

ပုံစာေရးကာ အင္စတာဂရမ္ေပၚတင္ခဲ့ပါတယ္။

ဒီ ပြဲမွာ ဆီနီေဂါကနာက်င္အခ်ိန္ပိုမွာတစ္ဂိုးထပ္သြင္းခဲ့တဲ့အတြက္

၂-၀ နဲ႔ႏိုင္ကာ ကြာတားဖိုင္နယ္တက္သြားပါတယ္၊