
ထိပ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုမှာ
ဆိုးရွားတဲ့ လုပ်ရပ်တွေရှိခဲ့ပေမယ့် အခုအဖြစ်ကတော့
မတော်တဆ သတိလက်လွှတ်ဖြစ်ခဲ့တာပါ။
အက်သလက်တီကိုမင်နဲရိုးအသင်းကို ပြောင်းရွှေ့ခဲ့စဉ်
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ
ရော်နယ်ဒင်ဟိုတစ်ယောက် အမှားအယွင်းဖြစ်ခဲ့တာပါ။
အဲဒီတုန်းကသူ့ရဲ့ အသင်းသစ်က Pepsi နဲ့ စပွန်ဆာစာချုပ်
ချုပ်ဆိုထားတာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲခုံပေါ်မှာ
အအေးဗူးတွေတင်ထားခဲ့ပါတယ်။
သတင်းထောက်တွေရဲ့ မေးခွန်းကိုဖြေဆိုဖို့အတွက် ရော်နယ်ဒင်ဟိုက
လည်ချောင်းရှင်းဖို့ အမှတ်တမဲ့အနေနဲ့ Pepsi ဗူးကိုဖောက်ပြီး
အနည်းငယ်လေး သောက်ခဲ့မိပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့ ရော်နယ်ဒင်ဟိုဟာ Pepsi ရဲ့
မဟာပြိုင်ဘက်ကြီး ကိုကာကိုလာနဲ့ စာချုပ်ချုပ်ထားတာပါ။
ဒါကြောင့်လည်း ကိုကာကိုလာဘက်က ရော်နယ်ဒင်ဟိုရရှိမယ့်
စပွန်ဆာကြေးကို မပေးတော့ဖို့ဆုံးဖြတ်ခဲ့သလို ၂၀၁၄ အထိ
သက်တမ်းတိုးမယ့်စာချုပ်ကိုလည်း ဖျက်သိမ်းခဲ့လို့
စုစုပေါင်း ပေါင် ၆ သိန်း (ဒေါ်လာ ၇ သိန်း) အထိ ဆုံးရှုံးနစ်နာသွားခဲ့ရပါတယ်။
တချို့သတင်းတွေမှာတော့ ရော်နယ်ဒင်ဟိုက
ဒေါ်လာ ၁.၅ သန်းအထိ ဆုံးရှုံးခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
အက်သလက်တီကိုမင်နဲရိုးအသင်းနဲ့အတူ အစဉ်အလာကြီးမားတဲ့
ကိုပါလီဘာတေးဒိုးစ်ချန်ပီယံဆု ကို ရရှိခဲ့တာက
ရော်နယ်ဒင်ဟို အတွက် အမှတ်ရစရာ အချိန်အခိုက်အတန့်တွေထဲက တစ်ခုပါ။
ရော်နယ်ဒင်ဟို ဟာအဲ ဒီချန်ပီယံဆုကို ၂၀၁၃ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး
ကစားသမားဘ၀ အကျပိုင်းအချိန်မှာရရှိခဲ့တာဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ရော်နယ်ဒင်ဟို ဟာ သူ့မှာရှိတဲ့
လက်ကျန်စွမ်းဆောင်ရည်အားလုံးကို ညှစ်ထုတ်ခဲ့တယ်လို့
ယူဆရမှာဖြစ်ပြီး အက်သလက်တီကိုမင်နဲရိုးအသင်းအတွက်
(၃၈)ပွဲကစား (၁၇)ဂိုးသွင်းယူခဲ့ပါတယ်။
zawgyi
သတင္းစာရွင္းလင္းပြဲတစ္ခုမွာ အမွားအယြင္းျဖစ္ခဲ့တာေၾကာင့္ ေဒၚလာသိန္းနဲ႔ခ်ီ နစ္နာခဲ့ရတဲ့ ေရာ္နယ္ဒင္ဟို
ထိပ္တန္းေဘာလုံးသမားတစ္ေယာက္ျဖစ္ခဲ့တဲ့ ေရာ္နယ္ဒင္ဟိုမွာ
ဆိုး႐ြားတဲ့ လုပ္ရပ္ေတြရွိခဲ့ေပမယ့္ အခုအျဖစ္ကေတာ့
မေတာ္တဆ သတိလက္လႊတ္ျဖစ္ခဲ့တာပါ။
အက္သလက္တီကိုမင္နဲ႐ိုးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့စဥ္
သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ့ရာမွာ
ေရာ္နယ္ဒင္ဟိုတစ္ေယာက္ အမွားအယြင္းျဖစ္ခဲ့တာပါ။
အဲဒီတုန္းကသူ႔ရဲ႕ အသင္းသစ္က Pepsi နဲ႔ စပြန္ဆာစာခ်ဳပ္
ခ်ဳပ္ဆိုထားတာျဖစ္ၿပီး သတင္းစာရွင္းလင္းပြဲခုံေပၚမွာ
အေအးဗူးေတြတင္ထားခဲ့ပါတယ္။ သတင္းေထာက္ေတြရဲ႕
ေမးခြန္းကိုေျဖဆိုဖို႔အတြက္ ေရာ္နယ္ဒင္ဟိုက
လည္ေခ်ာင္းရွင္းဖို႔ အမွတ္တမဲ့အေနနဲ႔ Pepsi ဗူးကိုေဖာက္ၿပီး
အနည္းငယ္ေလး ေသာက္ခဲ့မိပါတယ္။
ဒါေပမယ့္ တစ္ဖက္မွာေတာ့ ေရာ္နယ္ဒင္ဟိုဟာ Pepsi ရဲ႕
မဟာၿပိဳင္ဘက္ႀကီး ကိုကာကိုလာနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာပါ။
ဒါေၾကာင့္လည္း ကိုကာကိုလာဘက္က ေရာ္နယ္ဒင္ဟိုရရွိမယ့္
စပြန္ဆာေၾကးကို မေပးေတာ့ဖို႔ဆုံးျဖတ္ခဲ့သလို ၂၀၁၄ အထိ
သက္တမ္းတိုးမယ့္စာခ်ဳပ္ကိုလည္း ဖ်က္သိမ္းခဲ့လို႔
စုစုေပါင္း ေပါင္ ၆ သိန္း (ေဒၚလာ ၇ သိန္း) အထိ ဆုံးရႈံးနစ္နာသြားခဲ့ရပါတယ္။
တခ်ိဳ႕သတင္းေတြမွာေတာ့ ေရာ္နယ္ဒင္ဟိုက
ေဒၚလာ ၁.၅ သန္းအထိ ဆုံးရႈံးခဲ့တယ္လို႔ ေရးသားခဲ့ပါတယ္။
အက္သလက္တီကိုမင္နဲ႐ိုးအသင္းနဲ႔အတူ အစဥ္အလာႀကီးမားတဲ့
ကိုပါလီဘာေတးဒိုးစ္ခ်န္ပီယံဆု ကို ရရွိခဲ့တာက
ေရာ္နယ္ဒင္ဟို အတြက္ အမွတ္ရစရာ အခ်ိန္အခိုက္အတန႔္ေတြထဲက တစ္ခုပါ။
ေရာ္နယ္ဒင္ဟို ဟာအဲ ဒီခ်န္ပီယံဆုကို ၂၀၁၃ ခုႏွစ္မွာ ရရွိခဲ့တာျဖစ္ၿပီး
ကစားသမားဘ၀ အက်ပိုင္းအခ်ိန္မွာရရွိခဲ့တာျဖစ္ပါတယ္။
၂၀၁၃ ခုႏွစ္မွာ ေရာ္နယ္ဒင္ဟို ဟာ သူ႔မွာရွိတဲ့
လက္က်န္စြမ္းေဆာင္ရည္အားလုံးကို ညႇစ္ထုတ္ခဲ့တယ္လို႔
ယူဆရမွာျဖစ္ၿပီး အက္သလက္တီကိုမင္နဲ႐ိုးအသင္းအတြက္
(၃၈)ပြဲကစား (၁၇)ဂိုးသြင္းယူခဲ့ပါတယ္။