သည်းမခံနိုင်တော့တဲ့နောက်ကွယ်မှာ ဂျရတ်ကို မောင်းထုတ်လိုက်တဲ့ ဗီလာ

ဖူလ်ဟမ်ကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အမှတ်ပေးဇယား တန်းဆင်း ဇုန်နားအထိ ရောက်သွားပြီဖြစ်တာကြောင့် အက်စ်တွန်ဗီလာဟာ နည်းပြဂျရတ်ကို ရာထူးက ထုတ်ပယ်လိုက်ပါပြီ။

၁၁ ပွဲအတွင်း ၆ ပွဲ ရှုံးခဲ့ပြီးတဲ့နောက် နည်းပြကို ရာထူးက ဖယ်ရှားပေးဖို့ ပရိသတ်တွေက တောင်းဆိုမှု ရှိလာတဲ့အတွက် အသင်းက အခုလိုမျိုး လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

‘’စတီ ဗင်ဂျရတ်ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ကျေးဇူးတရားတွေအတွက် ကျွန် တော်တို့ ကျေးဇူးတင်စကား ဆိုချင်ပါတယ်။

အနာဂတ်မှာ သူ့အတွက် ကောင်းခြင်းတွေ ရှိလာပါစေလို့လည်း ဆုတောင်းပေးပါတယ်’’ လို့ ကလပ် အသင်း တာဝန်ရှိသူတစ်ယောက်က ပြောဆိုခဲ့ပါတယ်။

ဗီလာဟာ ဂျရတ်ကို ရာထူးကနေ မထုတ်ပယ်ခင် ၄ ပွဲဆက်တိုက် နိုင်ပွဲတစ်ပွဲမှ မရခဲ့ဘဲ တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၇ နေရာအထိ ရောက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ ညက ကစားခဲ့တဲ့ ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူ့ရဲ့ ရာထူးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ဂျရတ်က ပြောဆိုခဲ့ပေမယ့်

ကလပ်အသင်းတာဝန်ရှိသူတွေကတော့ သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ဂျရတ်ဟာ ဗီလာကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် စကော့တလန်ကလပ် ရိန်းဂျား ကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ဗီလာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဂျရတ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ အဆင့် ၁၄ နဲ့ ရာသီသိမ်းခဲ့ပေမယ့် ဒီရာသီမှာ တော့ ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံနေရပြီး

ဂျရတ်အနေနဲ့ ရာထူးက ဖယ်ရှားခံရတော့မယ်လို့ သတင်းတွေ ထွက်ခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗီလာဟာ စပါးနည်း ပြဟောင်း ပိုချက်တီနို၊ ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ်တူချယ်တို့ကို အစားထိုး ခန့်အပ်နိုင်ဖို့ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

(Zawgyi)

သည္းမခံႏိုင္ေတာ့တဲ့ေနာက္ကြယ္မွာ ဂ်ရတ္ကို ေမာင္းထုတ္လိုက္တဲ့ ဗီလာ

ဖူလ္ဟမ္ကို ၃-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ အမွတ္ေပးဇယား တန္းဆင္း ဇုန္နားအထိ ေရာက္သြားၿပီျဖစ္တာေၾကာင့္ အက္စ္တြန္ဗီလာဟာ နည္းျပဂ် ရတ္ကို ရာထူးက ထုတ္ပယ္လိုက္ပါၿပီ။

၁၁ ပြဲအတြင္း ၆ ပြဲ ရႈံးခဲ့ၿပီးတဲ့ေနာက္ နည္းျပကို ရာထူးက ဖယ္ရွားေပးဖို႔ ပရိသတ္ေတြက ေတာင္းဆိုမႈ ရွိလာတဲ့ အတြက္ အသင္းက အခုလိုမ်ိဳး လုပ္ေဆာင္ခဲ့တာလည္း ျဖစ္ပါတယ္။

‘’စတီ ဗင္ဂ်ရတ္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြနဲ႔ ေက်းဇူးတရားေတြအတြက္ ကြၽန္ ေတာ္တို႔ ေက်းဇူးတင္စကား ဆိုခ်င္ပါတယ္။

အနာဂတ္မွာ သူ႔အတြက္ ေကာင္းျခင္းေတြ ရွိလာပါေစလို႔လည္း ဆုေတာင္းေပးပါတယ္’’ လို႔ ကလပ္ အသင္း တာဝန္ရွိသူတစ္ေယာက္က ေျပာဆိုခဲ့ပါတယ္။

ဗီလာဟာ ဂ်ရတ္ကို ရာထူးကေန မထုတ္ပယ္ခင္ ၄ ပြဲဆက္တိုက္ ႏိုင္ပြဲ တစ္ပြဲမွ မရခဲ့ဘဲ တန္း ဆင္းဇုန္ရဲ႕ အထက္ အဆင့္ ၁၇ ေနရာအထိ ေရာက္သြားခဲ့တာပါ။

ၿပီးခဲ့တဲ့ ညက ကစားခဲ့တဲ့ ဖူလ္ဟမ္ကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ သူ႔ရဲ႕ ရာထူးအတြက္ အေကာင္းဆုံး တိုက္ပြဲဝင္သြားမွာ ျဖစ္တယ္လို႔ ဂ်ရတ္က ေျပာဆိုခဲ့ေပမယ့္ ကလပ္အသင္းတာဝန္ရွိသူေတြကေတာ့ သည္းခံႏိုင္တဲ့ အတိုင္းအတာ ကုန္ ဆုံးသြားခဲ့ၿပီျဖစ္ပါတယ္။

ဂ်ရတ္ဟာ ဗီလာကို ၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလမွာ စတင္တာဝန္ယူခဲ့တာျဖစ္ၿပီး အဲဒီမတိုင္ခင္ စေကာ့တလန္ ကလပ္ ရိန္းဂ်ား ကို တာဝန္ယူခဲ့သူျဖစ္ပါတယ္။

ဗီလာဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ဂ်ရတ္ရဲ႕ ထိန္းေက်ာင္းမႈေအာက္မွာ အဆင့္ ၁၄ နဲ႔ ရာသီသိမ္းခဲ့ေပမယ့္ ဒီရာသီမွာ ေတာ့ ရလဒ္ဆိုးေတြ ဆက္တိုက္ ႀကဳံေနရၿပီး ဂ်ရတ္အေနနဲ႔ ရာထူးက ဖယ္ရွားခံရေတာ့မယ္လို႔ သတင္းေတြ ထြက္ခဲ့သူျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဗီလာဟာ စပါးနည္း ျပေဟာင္း ပိုခ်က္တီႏို၊ ခ်ဲလ္ဆီးနည္းျပေဟာင္း ေသာမတ္စ္တူခ်ယ္တို႔ကို အစားထိုး ခန႔္အပ္ႏိုင္ဖို႔ ေဆာင္႐ြက္ေနၿပီလို႔ သိရပါတယ္။