
မန်ယူအသင်းယာယီနည်းပြရက်ဖ်ရန်းနစ်က လာမယ့်ဇန်နဝါရီမှာ အသင်းကနေ
ထွက်ခွာခွင့်ပြုဖို့ မာရှယ်တောင်းဆိုခဲ့တယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။
ဒါပေမဲ့ အခုချိန်ထိတော့ မာရှယ်ကို စိတ်ဝင်စားတဲ့အသင်း
မရှိသေးကြောင်း ရန်းနစ်က ဖွင့်ဟခဲ့ပါတယ်။
အဲဒီပြင်သစ်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့အပတ်ကပဲ
နည်းပြရန်းနစ်နဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တာပါ။
မကြာသေးခင်ရက်ပိုင်းကလည်း သူ့ကစားသမားဟာ မန်ယူကနေ
ထွက်ခွာချင်နေတယ်လို့ မာရှယ်ရဲ့အေးဂျင့်က လူသိရှင်ကြားပြောထားပါတယ်။
ရန်းနစ်ကတော့ ဒီရာသီမှာ ကစားခွင့်ရဖို့ ရုန်ကန်နေရတဲ့ မာရှယ်ရဲ့အခြေအနေကို
သူကိုယ်ချင်းစာကြောင်းပြောခဲ့ပေမယ့် သင့်လျော်တဲ့အသင်းတွေ့မှသာ
ထွက်ခွင့်ရမယ်လို့ ဆက်ပြောခဲ့ပါတယ်။
”ကျွန်တော်တို့နှစ်ယောက် အကြာကြီးစကားပြောခဲ့တာပါ။
မန်ယူမှာ ရှိနေတာ ၇ နှစ်ကြာပြီမို့ အပြောင်းအလဲလုပ်ဖို့ အချိန်ကျပြီလို့
ခံစားရကြောင်း သူက ကျွန်တော့်ကို ရှင်းပြပါတယ်။
ဒါက နားလည်သဘောပေါက်စရာနည်းလမ်းတစ်ခုပါ။ သူတွေးနေတာတွေကို
ကျွန်တော်ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ကလပ်ရဲ့
အခြေအနေကို ကြည့်မြင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။
ကျွန်တော်တို့မှာ ကိုဗစ်အချိန်တွေရှိခဲ့သလို ပြိုင်ပွဲ ၃ ရပ်လည်းရှိနေပြီး
အတတ်နိုင်ဆုံးအောင်မြင်ချင်တဲ့ ရည်မှန်းချက်တွေလည်း ရှိနေတာပါ။
သူ့ကို စိတ်ဝင်စားတဲ့အသင်းမရှိသေးသရွေ့ကတော့ ကိုယ့်အတွင်တင်မဟုတ်ပဲ
ကလပ်အတွက်လည်း စဉ်းစားသင့်တယ်လို့ ကျွန်တော်ပြောထားပါတယ်။
အခုချိန်ထိတော့ ဘယ်အသင်းမှ ကမ်းလှမ်းတာ မရှိသေးပါဘူး။
ဒီလိုဖြစ်နေသရွေ့ အသင်းမှာ သူဆက်ရှိမှာပါ”လို့ ရန်းနစ်က ပြောကြားခဲ့ပါတယ်။
၂၆ နှစ်အရွယ် မာရှယ်ဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၂ နှစ်ခွဲကျန်နေသေးပြီး
သူ့ရဲ့တစ်ပတ်လစာ ပေါင် ၂ သိန်းဆိုတာကလည်း ခေါ်ယူလိုတဲ့အသင်းတိုင်းအတွက်
အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။
အဲဒီမိုနာကိုကစားသမားဟောင်းဟာ မန်ယူကို ရောက်လာတဲ့ ၂၀၁၅ ကတည်းက
အသင်းအတွက် ၂၆၈ ပွဲမှာ ၇၉ ဂိုးသွင်းယူထားပါတယ်။
ဒါပေမဲ့ မာရှယ်ဟာ ဒီရာသီမှာ ၄ ပွဲသာ ပွဲထွက်ခွင့်ရထားပြီး ဒဏ်ရာကြောင့်
နည်းပြသစ်လက်ထက် ပထမဆုံး ၃ ပွဲမှာလည်း မပါနိုင်ခဲ့ပါဘူး။
zawgyi
သင့္ေလ်ာ္တဲ့အသင္းေတြ႕မွသာထြက္ခြင့္ရမယ္လို႔ ရန္းနစ္ဖြင့္ဟ
မန္ယူအသင္းယာယီနည္းျပရက္ဖ္ရန္းနစ္က လာမယ့္ဇန္နဝါရီမွာ အသင္းကေန
ထြက္ခြာခြင့္ျပဳဖို႔ မာရွယ္ေတာင္းဆိုခဲ့တယ္ဆိုတာကို အတည္ျပဳလိုက္ပါတယ္။
ဒါေပမဲ့ အခုခ်ိန္ထိေတာ့ မာရွယ္ကို စိတ္ဝင္စားတဲ့အသင္း
မရွိေသးေၾကာင္း ရန္းနစ္က ဖြင့္ဟခဲ့ပါတယ္။
အဲဒီျပင္သစ္တိုက္စစ္မႈးဟာ ၿပီးခဲ့တဲ့အပတ္ကပဲ
နည္းျပရန္းနစ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈလုပ္ခဲ့တာပါ။
မၾကာေသးခင္ရက္ပိုင္းကလည္း သူ႔ကစားသမားဟာ မန္ယူကေန
ထြက္ခြာခ်င္ေနတယ္လို႔ မာရွယ္ရဲ႕ေအးဂ်င့္က လူသိရွင္ၾကားေျပာထားပါတယ္။
ရန္းနစ္ကေတာ့ ဒီရာသီမွာ ကစားခြင့္ရဖို႔ ႐ုန္ကန္ေနရတဲ့ မာရွယ္ရဲ႕အေျခအေနကို
သူကိုယ္ခ်င္းစာေၾကာင္းေျပာခဲ့ေပမယ့္ သင့္ေလ်ာ္တဲ့အသင္းေတြ႕မွသာ
ထြက္ခြင့္ရမယ္လို႔ ဆက္ေျပာခဲ့ပါတယ္။
”ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အၾကာႀကီးစကားေျပာခဲ့တာပါ။
မန္ယူမွာ ရွိေနတာ ၇ ႏွစ္ၾကာၿပီမို႔ အေျပာင္းအလဲလုပ္ဖို႔ အခ်ိန္က်ၿပီလို႔
ခံစားရေၾကာင္း သူက ကြၽန္ေတာ့္ကို ရွင္းျပပါတယ္။
ဒါက နားလည္သေဘာေပါက္စရာနည္းလမ္းတစ္ခုပါ။ သူေတြးေနတာေတြကို
ကြၽန္ေတာ္ကိုယ္ခ်င္းစာပါတယ္။ ဒါေပမဲ့ တစ္ဖက္မွာ ကလပ္ရဲ႕
အေျခအေနကို ၾကည့္ျမင္ႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။
ကြၽန္ေတာ္တို႔မွာ ကိုဗစ္အခ်ိန္ေတြရွိခဲ့သလို ၿပိဳင္ပြဲ ၃ ရပ္လည္းရွိေနၿပီး
အတတ္ႏိုင္ဆုံးေအာင္ျမင္ခ်င္တဲ့ ရည္မွန္းခ်က္ေတြလည္း ရွိေနတာပါ။
သူ႔ကို စိတ္ဝင္စားတဲ့အသင္းမရွိေသးသေ႐ြ႕ကေတာ့ ကိုယ့္အတြင္တင္မဟုတ္ပဲ
ကလပ္အတြက္လည္း စဥ္းစားသင့္တယ္လို႔ ကြၽန္ေတာ္ေျပာထားပါတယ္။
အခုခ်ိန္ထိေတာ့ ဘယ္အသင္းမွ ကမ္းလွမ္းတာ မရွိေသးပါဘူး။
ဒီလိုျဖစ္ေနသေ႐ြ႕ အသင္းမွာ သူဆက္ရွိမွာပါ”လို႔ ရန္းနစ္က ေျပာၾကားခဲ့ပါတယ္။
၂၆ ႏွစ္အ႐ြယ္ မာရွယ္ဟာ မန္ယူနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ခြဲက်န္ေနေသးၿပီး
သူ႔ရဲ႕တစ္ပတ္လစာ ေပါင္ ၂ သိန္းဆိုတာကလည္း ေခၚယူလိုတဲ့အသင္းတိုင္းအတြက္
အတားအဆီးတစ္ခုလို ျဖစ္ေနပါတယ္။
အဲဒီမိုနာကိုကစားသမားေဟာင္းဟာ မန္ယူကို ေရာက္လာတဲ့ ၂၀၁၅ ကတည္းက
အသင္းအတြက္ ၂၆၈ ပြဲမွာ ၇၉ ဂိုးသြင္းယူထားပါတယ္။
ဒါေပမဲ့ မာရွယ္ဟာ ဒီရာသီမွာ ၄ ပြဲသာ ပြဲထြက္ခြင့္ရထားၿပီး ဒဏ္ရာေၾကာင့္
နည္းျပသစ္လက္ထက္ ပထမဆုံး ၃ ပြဲမွာလည္း မပါႏိုင္ခဲ့ပါဘူး။