သက်တမ်းရင့်လေ ပိုကောင်းလေဖြစ်နေတဲ့ ဝိုင်တစ်ခွက် ဂီရော့ဒ်

အခုရက်သတ္တပတ်အတွင်း ဥရောပဘောလုံးရပ်ဝန်းမှာ

ဂိုးသွင်းခြေစွမ်းအပြနိုင်ဆုံးကစားသမားကတော့ ဘယ်သူမှ မထင်ထားတဲ့

အေစီမီလန်တိုက်စစ်မှုးဂီရော့ဒ်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့အပတ် မီလန်ဒါဘီမှာ သူ့ရဲ့သွင်းဂိုးတွေနဲ့

အေစီကို အမှတ်ပြည့်ယူပေးနိုင်ခဲ့တဲ့ အဲဒီပြင်သစ်သားဟာ

လာဇီယိုကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကိုပါအီတာလီယာပွဲစဉ်မှာလည်း

၂ ဂိုးသွင်းနိုင်ခဲ့ပြန်တယ်။

သူဟာ အေစီအတွက် နောက်ဆုံး ၂ ပွဲစလုံး၊ ပွဲကြီးပွဲကောင်း

၂ ပွဲစလုံးမှာ ၂ ဂိုးစီနဲ့ ၄ ဂိုးသွင်းနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ဂီရော့ဒ်ရဲ့ဒီရာသီပြိုင်ပွဲအရပ်ရပ်သွင်းဂိုးအရေအတွက်ဟာ

စုစုပေါင်း ၁၀ ဂိုးရှိသွားခဲ့ကာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်လာခဲ့ပါတယ်။

၃၅ နှစ်ရှိပြီဖြစ်ပေမယ့် ဂီရော့ဒ်ဟာ အေစီက သူ့ရဲ့ပထမဆုံးရာသီမှာ

ဂိုးသွင်းခြေစွမ်းပြနေလို့ သက်တမ်းရင့်လေ

ပိုကောင်းလေဖြစ်တဲ့ ဝိုင်လို ခိုင်းနှိုင်းခံနေရတာပါ။

ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးကနေ အေစီမီလန်ကိုရောက်လာတော့လည်း

ကျိန်စာသင့်နံပါတ်လိုဖြစ်နေတဲ့ ကျောနံပါတ် ၉ ပေးရာမှာ

ဂီရော့ဒ်ဟာ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အေစီမှာ ကျောနံပါတ် ၉ ဝတ်ဆင်ပြီး

စီးရီးအေမှာ ၁၀ ဂိုးပြည့်အောင်သွင်းနိုင်ခဲ့တာ တစ်ယောက်မှ မရှိခဲ့ပါဘူး။

စုစုပေါင်း ၁၀ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ ဟီဂူအင်၊ တောရက်စ်နဲ့

အန်ဒရီဆေးလ်ဗားတို့လို အရည်အသွေးရှိ ဂိုးသွင်းသူတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဂီရော့ဒ်ကတော့ အဲဒီအပေါ်မှာ သူအယူသီးခြင်းမရှိကြောင့်

အခိုင်အမာပြောကြားခဲ့ပါတယ်။

အခုတော့ သူဟာ အေစီရဲ့ကျိန်စာသင့်ကျောနံပါတ်ကို

ဝတ်ဆင်ပြီး ဂိုးသွင်းခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

ဒီရာသီစီးရီးအေမှာလည်း သူ့ရဲ့သွင်းဂိုးအရေအတွက်ဟာ ၇ ဂိုးရှိထားတာပါ။

ဒါတောင် ဂီရော့ဒ်ဟာ ကိုဗစ်ရယ်၊ ဒဏ်ရာပြသနာအချို့ရယ်ကြောင့်

နားလိုက်၊ ကစားလိုက်ဖြစ်နေခဲ့တာပါ။

zawgyi

သက္တမ္းရင့္ေလ ပိုေကာင္းေလျဖစ္ေနတဲ့ ဝိုင္တစ္ခြက္ ဂီေရာ့ဒ္

အခုရက္သတၱပတ္အတြင္း ဥေရာပေဘာလုံးရပ္ဝန္းမွာ

ဂိုးသြင္းေျခစြမ္းအျပႏိုင္ဆုံးကစားသမားကေတာ့ ဘယ္သူမွ မထင္ထားတဲ့

ေအစီမီလန္တိုက္စစ္မႈးဂီေရာ့ဒ္ျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့အပတ္ မီလန္ဒါဘီမွာ သူ႔ရဲ႕သြင္းဂိုးေတြနဲ႔

ေအစီကို အမွတ္ျပည့္ယူေပးႏိုင္ခဲ့တဲ့ အဲဒီျပင္သစ္သားဟာ

လာဇီယိုကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ကိုပါအီတာလီယာပြဲစဥ္မွာလည္း

၂ ဂိုးသြင္းႏိုင္ခဲ့ျပန္တယ္။

သူဟာ ေအစီအတြက္ ေနာက္ဆုံး ၂ ပြဲစလုံး၊ ပြဲႀကီးပြဲေကာင္း

၂ ပြဲစလုံးမွာ ၂ ဂိုးစီနဲ႔ ၄ ဂိုးသြင္းႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း ဂီေရာ့ဒ္ရဲ႕ဒီရာသီၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုးအေရအတြက္ဟာ

စုစုေပါင္း ၁၀ ဂိုးရွိသြားခဲ့ကာ အသင္းရဲ႕ထိပ္တန္းဂိုးသြင္းရွင္လည္း ျဖစ္လာခဲ့ပါတယ္။

၃၅ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ဂီေရာ့ဒ္ဟာ ေအစီက သူ႔ရဲ႕ပထမဆုံးရာသီမွာ

ဂိုးသြင္းေျခစြမ္းျပေနလို႔ သက္တမ္းရင့္ေလ

ပိုေကာင္းေလျဖစ္တဲ့ ဝိုင္လို ခိုင္းႏႈိင္းခံေနရတာပါ။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်ဲလ္ဆီးကေန ေအစီမီလန္ကိုေရာက္လာေတာ့လည္း

က်ိန္စာသင့္နံပါတ္လိုျဖစ္ေနတဲ့ ေက်ာနံပါတ္ ၉ ေပးရာမွာ

ဂီေရာ့ဒ္ဟာ တုံ႔ဆိုင္းျခင္းမရွိဘဲ လက္ခံခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဆယ္စုႏွစ္အတြင္း ေအစီမွာ ေက်ာနံပါတ္ ၉ ဝတ္ဆင္ၿပီး

စီးရီးေအမွာ ၁၀ ဂိုးျပည့္ေအာင္သြင္းႏိုင္ခဲ့တာ တစ္ေယာက္မွ မရွိခဲ့ပါဘူး။

စုစုေပါင္း ၁၀ ေယာက္ရွိခဲ့ၿပီး အဲဒီထဲမွာ ဟီဂူအင္၊ ေတာရက္စ္နဲ႔

အန္ဒရီေဆးလ္ဗားတို႔လို အရည္အေသြးရွိ ဂိုးသြင္းသူေတြလည္း ပါဝင္ပါတယ္။

ဒါေပမဲ့ ဂီေရာ့ဒ္ကေတာ့ အဲဒီအေပၚမွာ သူအယူသီးျခင္းမရွိေၾကာင့္

အခိုင္အမာေျပာၾကားခဲ့ပါတယ္။

အခုေတာ့ သူဟာ ေအစီရဲ႕က်ိန္စာသင့္ေက်ာနံပါတ္ကို

ဝတ္ဆင္ၿပီး ဂိုးသြင္းေျခစြမ္းျပေနတာ ျဖစ္ပါတယ္။

ဒီရာသီစီးရီးေအမွာလည္း သူ႔ရဲ႕သြင္းဂိုးအေရအတြက္ဟာ ၇ ဂိုးရွိထားတာပါ။

ဒါေတာင္ ဂီေရာ့ဒ္ဟာ ကိုဗစ္ရယ္၊ ဒဏ္ရာျပသနာအခ်ိဳ႕ရယ္ေၾကာင့္

နားလိုက္၊ ကစားလိုက္ျဖစ္ေနခဲ့တာပါ။