ဝေးလ်ရဲ့ကမ္ဘာ့ဖလားအိပ်မက်က ကြေကွဲစရာနဲ့အဆုံးသတ်သွားနိုင်တယ်လို့ ဂါရတ်ဘေးလ် ဝန်ခံ

အီရန်ကိုအရေးနိမ့်ခဲ့ခြင်းက ဝေးလ်အသင်းသားတွေကိုရူးသွပ်စေခဲ့တယ်လို့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ဝန်ခံသွားပါတယ်။ ပွဲချိန် ၈၆မိနစ်မှ

ဝေးလ်ဂိုးသမားဟန်နက်ဆေးထုတ်ပယ်ခံရပြီးနောက် နာကျင်အချိန်ပိုသွင်းဂိုးနှစ်ဂိုးနဲ့ အီရန်ကနိုင်ပွဲရရှိခဲ့တာဖြစ်တယ်။ အုပ်စုပွဲစဉ် ၂ပွဲအပြီးမှာ တစ်မှတ်သာရထားတဲ့

ဝေးလ်ဟာနောက်တစ်ဆင့်တက်ဖို့အတွက် အိမ်နီးချင်းအင်္ဂလန်ကိုအနိုင်ကစားဖို့လိုအပ်တယ်ဆိုပေမဲ့ အမေရိကန်နဲ့ပွဲမှာ ဆောက်ဂိတ်ရဲ့အသင်းနိုင်သွားရင်

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မရှိတော့ပါဘူး။ အီရန်နဲ့ပွဲပြီးပြီးချင်းမှာတော့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ သူ့ရဲ့စိတ်ပျက်မှုတွေကိုမဖုံးကွယ်နိုင်တော့ပဲဖွင့်ချလိုက်ပါတော့တယ်။

“ဒါက ကြေကွဲဖို့ကောင်းပါတယ်။ ပြောပြဖို့တစ်ခြားနည်းလမ်းမရှိပါဘူး။ နောက်ဆုံးစက္ကန့်အထိတိုက်ပွဲဝင်ဖို့ခက်ခဲခဲ့ပေမဲ့ ကျွန်တော်တို့ပြန်ကောင်းဖို့အတွက်ကြိုးစားရမှာပေါ့။

ကျွန်တော်တို့အားလုံးကြေကွဲခဲ့ရတယ်။ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် ဆွဲတင်ရမှာဖြစ်ပေမဲ့ ခက်ခဲသွားပါပြီ။ ဒါပေမဲ့ အပြုသဘောတော့ဆောင်ရမှာပါ” လို့

ဂါရတ်ဘေးလ်ကဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ဂါရတ်ဘေးလ်က ဟန်နက်ဆေးအနီကတ်ထိခဲ့တာက ပွဲကို လုံးဝအပြောင်းအလဲဖြစ်သွားစေတယ်လို့ ဝန်ခံလိုက်ပါတယ်။

(Zawgyi)

ေဝးလ္ရဲ႕ကမာၻ႔ဖလားအိပ္မက္က ေၾကကြဲစရာနဲ႔အဆုံးသတ္သြားႏိုင္တယ္လို႔ ဂါရတ္ေဘးလ္ ဝန္ခံ

အီရန္ကိုအေရးနိမ့္ခဲ့ျခင္းက ေဝးလ္အသင္းသားေတြကို႐ူးသြပ္ေစခဲ့တယ္လို႔ အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္က ဝန္ခံသြားပါတယ္။ ပြဲခ်ိန္ ၈၆မိနစ္မွာ ေဝးလ္ဂိုးသမားဟန္နက္ေဆးထုတ္ပယ္ခံရၿပီးေနာက္

နာက်င္အခ်ိန္ပိုသြင္းဂိုးႏွစ္ဂိုးနဲ႔ အီရန္ကႏိုင္ပြဲရရွိခဲ့တာျဖစ္တယ္။ အုပ္စုပြဲစဥ္ ၂ပြဲအၿပီးမွာ တစ္မွတ္သာရထားတဲ့ ေဝးလ္ဟာေနာက္တစ္ဆင့္တက္ဖို႔အတြက္ အိမ္နီးခ်င္းအဂၤလန္ကိုအႏိုင္ကစားဖို႔လိုအပ္တယ္ဆိုေပမဲ့ အေမရိကန္နဲ႔ပြဲမွာ

ေဆာက္ဂိတ္ရဲ႕အသင္းႏိုင္သြားရင္ ကိုယ့္ၾကမၼာကိုယ္ဖန္တီးခြင့္မရွိေတာ့ပါဘူး။ အီရန္နဲ႔ပြဲၿပီးၿပီးခ်င္းမွာေတာ့ အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္ဟာ

သူ႔ရဲ႕စိတ္ပ်က္မႈေတြကိုမဖုံးကြယ္ႏိုင္ေတာ့ပဲဖြင့္ခ်လိုက္ပါေတာ့တယ္။ “ဒါက ေၾကကြဲဖို႔ေကာင္းပါတယ္။ ေျပာျပဖို႔တစ္ျခားနည္းလမ္းမရွိပါဘူး။

ေနာက္ဆုံးစကၠန႔္အထိတိုက္ပြဲဝင္ဖို႔ခက္ခဲခဲ့ေပမဲ့ ကြၽန္ေတာ္တို႔ျပန္ေကာင္းဖို႔အတြက္ႀကိဳးစားရမွာေပါ့။ ကြၽန္ေတာ္တို႔အားလုံးေၾကကြဲခဲ့ရတယ္။

လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ဖို႔ ကြၽန္ေတာ္တို႔ကိုယ္တိုင္ဆြဲတင္ရမွာျဖစ္ေပမဲ့ ခက္ခဲသြားပါၿပီ။ ဒါေပမဲ့အျပဳသေဘာေတာ့ေဆာင္ရမွာပါ” လို႔

ဂါရတ္ေဘးလ္ကဆိုခဲ့ပါတယ္။ ဆက္လက္ၿပီး ဂါရတ္ေဘးလ္က ဟန္နက္ေဆးအနီကတ္ထိခဲ့တာက ပြဲကိုလုံးဝအေျပာင္းအလဲျဖစ္သြားေစတယ္လို႔ ဝန္ခံလိုက္ပါတယ္။