
ဝေးလ်လက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလား အုပ်စု နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းတစ်ယောက် ပါဝင်ကစားခွင့် မရနိုင်ဘူးလို့ သတင်းထွက်လာပါတယ်။





ဖီဖာရဲ့ စည်းကမ်းသတ်မှတ် ချက်တွေကို အာဏာဖီဆန်ပြီး OneLove အမှတ်တံဆိပ်ပါ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ကစားမယ်ဆိုတဲ့ ဟယ်ရီကိန်းရဲ့ လုပ်ရပ် ကြောင့် အခုလိုမျိုး





လွဲချော်နိုင်တယ်လို့ ဖီဖာက ခြိမ်းခြောက်လာတာမျိုး ရှိ နေ တာပါ။ အခုလက်ရှိ ယှဉ်ပြိုင်နေတဲ့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ LGBTQ+ အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ အသင်းခေါင်းဆောင် ၉ ယောက် ရှိပြီး
အဲဒီ အမှတ်တံဆိပ်ပါ လက်ပတ်ကို ပွဲစဉ်တိုင်းမှာ ဝတ်ဆင်ကစားသွား မှာဖြစ်တယ်လို့ ဆုံးဖြတ်ချက် ချထားသူတွေ ဖြစ်ကြပါတယ်။ အင်္ဂလန်ကစား သမားတွေဟာ ပွဲမစတင်ခင်မှာ လူဖြူလူမည်း
တန်းတူအခွင့်အရေးအတွက် ဒူးထောက်ပြီး ပြသသွားမှာ ဖြစ်သလို ကျားမ တန်းတူအခွင့်အရေးအတွက် လည်း OneLove အမှတ်တံဆိပ်ပါ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်သွားမှာ ဖြစ်တယ်လို့





သိရပါတယ်။ အခုလိုမျိုး ကိစ္စတွေအပေါ်မှာ စည်း မျဉ်းဥပဒေသစ်တွေ ရေးဆွဲ ချမှတ်ပြီးတဲ့နောက် အဲဒီလိုမျိုး အဆင်တန်ဆာတွေ ဝတ် ဆင်မှုနဲ့ ပတ်သက်ပြီး အပြစ်ပေးမှုအပေါ် ဖီဖာကတော့ တရားဝင်
ကြေညာ ချက် ထုတ်ပြန်ဖို့ ရှိနေပါတယ်။ ကာတာနိုင် ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေဟာ ဥရောပသားတွေ အတွက်တော့ အတော်လေးကို အငြင်းပွားစရာ ကောင်းနေပြီး လိ-င်တူချင်း





လက်ထပ်တဲ့သူတွေဟာ ရာဇဝတ်မှုမြောက်သလို ထောင်ဒဏ် ၇ အထိ ချ မှတ်ခံရနိုင်တယ်လို့ ဥပဒေရှိနေပါတယ်။ ဒါကြောင့် ဟယ်ရီကိန်းဟာ အဲဒီလို တန်းတူညီမျှမှု မရှိတဲ့အပေါ်မှာ ရည်ရွယ်ချက်ထားပြီး
အရောင်စုံပါတဲ့ OneLove အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ရတာမျိုး ဖြစ်ပါတယ်။ နောက်ပြီး ကတာမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့လည်း အခွင့်အရေး မညီမှုမျှတွေ





ရှိနေဆဲဖြစ်တာကြောင့် ဝေဖန်ခံနေရပြီး ပင်လယ်ကွေ့နိုင်ငံလေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့အတွက် အားကစားကွင်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နေတဲ့ ကာလအတွင်းမှာ
အလုပ်သမား ၆၅၀၀ ကျော် 6-သ ဆုံးခဲ့ရတယ်လို့ သိရပါတယ်။





(Zawgyi)
ေဝးလ္နဲ႔ပြဲမွာ ဟယ္ရီကိန္း ကစားခြင့္ မရႏိုင္ဘူးလို႔ ဖီဖာ ၿခိမ္းေျခာက္
ေဝးလ္လက္ေ႐ြးစင္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ကမာၻ႔ဖလား အုပ္စု ေနာက္ ဆုံးပြဲစဥ္မွာ အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းတစ္ေယာက္ ပါဝင္က စားခြင့္ မရႏိုင္ဘူးလို႔ သတင္းထြက္လာပါတယ္။





ဖီဖာရဲ႕ စည္းကမ္းသတ္မွတ္ ခ်က္ေတြကို အာဏာဖီဆန္ၿပီး OneLove အမွတ္တံဆိပ္ပါ အသင္းေခါင္း ေဆာင္ လက္ပတ္ကို ဝတ္ဆင္ကစားမယ္ဆိုတဲ့ ဟယ္ရီကိန္းရဲ႕ လုပ္ရပ္ ေၾကာင့္ အခုလိုမ်ိဳး လြဲေခ်ာ္ႏိုင္တယ္လို႔
ဖီဖာက ၿခိမ္းေျခာက္လာတာမ်ိဳး ရွိ ေန တာပါ။ အခုလက္ရွိ ယွဥ္ၿပိဳင္ေနတဲ့ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ LGBTQ+ အဖြဲ႕အစည္းေတြကို ေထာက္ခံအားေပးတဲ့ အသင္းေခါင္းေဆာင္ ၉ ေယာက္ ရွိၿပီး





အဲဒီ အမွတ္တံဆိပ္ပါ လက္ပတ္ကို ပြဲစဥ္တိုင္းမွာ ဝတ္ဆင္ကစားသြား မွာျဖစ္တယ္လို႔ ဆုံးျဖတ္ခ်က္ ခ်ထားသူေတြ ျဖစ္ၾကပါတယ္။ အဂၤလန္ကစား သမားေတြဟာ ပြဲမစတင္ခင္မွာ လူျဖဴလူမည္း တန္းတူအခြင့္အေရးအတြက္
ဒူးေထာက္ၿပီး ျပသသြားမွာ ျဖစ္သလို က်ားမ တန္းတူအခြင့္အေရးအတြက္ လည္း OneLove အမွတ္တံဆိပ္ပါ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
အခုလိုမ်ိဳး ကိစၥေတြအေပၚမွာ စည္း မ်ဥ္းဥပေဒသစ္ေတြ ေရးဆြဲ ခ်မွတ္ၿပီးတဲ့ေနာက္ အဲဒီလိုမ်ိဳး အဆင္တန္ဆာေတြ ဝတ္ ဆင္မႈနဲ႔ ပတ္သက္ၿပီး အျပစ္ေပးမႈအေပၚ ဖီဖာကေတာ့ တရားဝင္ ေၾကညာ ခ်က္





ထုတ္ျပန္ဖို႔ ရွိေနပါတယ္။ ကာတာႏိုင္ ငံရဲ႕ လူ႔အခြင့္အေရး ဆိုင္ရာ စံႏႈန္းသတ္မွတ္ခ်က္ေတြဟာ ဥေရာပသားေတြ အတြက္ေတာ့ အေတာ္ေလးကို အျငင္းပြားစရာ ေကာင္းေနၿပီး
လိ-င္တူခ်င္း လက္ထပ္တဲ့သူေတြဟာ ရာဇဝတ္မႈေျမာက္သလို ေထာင္ဒဏ္ ၇ အထိ ခ် မွတ္ခံရႏိုင္တယ္လို႔ ဥပေဒရွိေနပါတယ္။ ဒါေၾကာင့္ ဟယ္ရီကိန္းဟာ အဲဒီလို တန္းတူညီမွ်မႈ မရွိတဲ့အေပၚမွာ





ရည္႐ြယ္ခ်က္ထားၿပီး အေရာင္စုံပါတဲ့ OneLove အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ရတာမ်ိဳး ျဖစ္ပါတယ္။ ေနာက္ၿပီး ကတာမွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြနဲ႔ ပတ္သက္ၿပီးေတာ့လည္း
အခြင့္အေရး မညီမႈမွ်ေတြ ရွိေနဆဲျဖစ္တာေၾကာင့္ ေဝဖန္ခံေနရၿပီး ပင္လယ္ ေကြ႕ႏိုင္ငံေလးဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ က်င္းပဖို႔အတြက္ အားကစားကြင္းေတြ နဲ႔ အေျခခံ
အေဆာက္အအုံေတြ တည္ေဆာက္ေနတဲ့ ကာလအတြင္းမွာ အလုပ္သမား ၆၅၀၀ ေက်ာ္ 6-သ ဆုံးခဲ့ရတယ္လို႔ သိရပါတယ္။




