
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့က
အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုရဲ့
လက်ရှိ ဂိုးပေါက် ပျောက်ဆုံးနေမှုအပေါ် ခုခံပြောဆိုလိုက်ပါတယ်။
လက်ရှိ ယူနိုက်တက်တိုက်စစ်မှာ ကာဗာနီကလည်း ကစားနိုင်ခြင်းမရှိတဲ့အတွက်
ရော်နယ်ဒိုကသာ အလှည့်အပြောင်း ပြုလုပ်စရာမရှိပဲ
ပွဲစဥ်တိုင်းကို ဦးဆောင်ကစားနေရပါတယ်။
ဘာဘာတော့က ဝေဖန်အပြစ်တင်မှုအားလုံးကို
ရော်နယ်ဒိုတစ်ဦးတည်းကပဲ တာဝန်ခံသင့်တာမဟုတ်ကြောင်း ပြောဆိုခဲ့ပြီး
သူ့ရဲ့ အသင်းဖော်တွေကလည်း ပေါ်တူဂီ လက်ရွေးစင်ကို
ယခုထက်ပိုမိုထောက်ပံ့ပေးသင့်ကြောင်း အကြံပြုခဲ့ပါတယ်။
ဘာဘာတော့က Betfair နဲ့တွေ့ဆုံစဥ် “ အသင်းတွေ ရလာဒ်ဆိုးရွားချိန်မှာ
ကြယ်ပွင်ကစားသမားတွေက အဓိက ဝေဖန်ခံရလေ့ရှိပါတယ်။
လက်ရှိ မန်ချက်စတာ ယူနိုက်တက်မှာဆိုရင်
ခရစ္စတီယာနို ရော်နယ်ဒိုေပါ့။”လို့ ဆိုခဲ့ပါတယ်။
“ သူက ( ၁၀ ) ပွဲမှာ ( ၁ ) ဂိုးပဲ သွင်းယူထားတာကြောင့်
ဒါက အခြားသူတွေအတွက် ပြဿနာဖြစ်နိုင်ပေမယ့်
ကျွန်တော့်အတွက်တော့ အဲ့လို မဟုတ်ပါဘူး ။”
“ ကွင်းထဲမှာ ( ၁၁ ) ယောက်ရှိနေတာပါ ။ အတူတူပဲ ဝေဖန်ခံရသင့်ပါတယ်။
ရော်နယ်ဒိုဆိုတာ ကမ္ဘာ့ဘောလုံးလောကရဲ့ စံပြပါ ။
လူတွေအနေနဲ့ သူ အသက် ( ၃၇ ) နှစ်အရွယ် ရှိပြီဆိုတာ သတိရသင့်ပါတယ်။”
“ ဒါကြောင့် ပွဲစဥ်အချို့ ြေခစွမ်းမပြနိုင်တဲ့အပေါ် ခွင့်လွတ်ပေးရပါမယ်။
ကျွန်တော်ကတော့ ဒါဟာ ပြဿနာလို့ မထင်ပါဘူး ။”
“ ရော်နယ်ဒိုက ယူနိုက်တက်အတွက် လုံလုံလောက်လောက်
စွမ်းဆောင်ပြထားပြီးပြီလို့ ထင်ပါတယ်။
ဒါပေမယ့် လူတွေက သူပြသခဲ့တဲ့ မှတ်တမ်းတွေ
အဆင့်အတန်းတွေကြောင့် ပိုပြီး မျှော်လင့်နေကြတာပါ ။
တစ်ပွဲလောက်ခြေစွမ်းမပြနိုင်ဘူးဆိုရင် သူ့အပေါ်
မေးခွန်းထုတ်တဲ့သူတွေ အမြဲရှိနေအုံးမှာပဲ ။ လူတွေအနေနဲ့ သူ့ရဲ့ အသက် ၊
သူ့ရဲ့ ကစားပုံ ၊ သူ့ရဲ့ နေရာ ၊ အသင်းရဲ့ ကစားဟန်တွေကိုလည်း
ထည့်တွက်ဖို့လိုပါတယ်။”
“ သူနဲ့ပတ်သက်လို့ လက်တွေ့ဆန်ပေးသင့်ပါတယ်။
အသက် ( ၃၇ ) ဆိုတာ ( ၂၇ ) အရွယ်နဲ့ လုံးဝ မတူတော့ပါဘူး ။
အသင်းဖော်တွေက သူ့အတွက် ပိုမိုထောက်ပံ့ပေးရမယ့်
အခိုက်အတန့်တွေ လိုအပ်လာပါလိမ့်မယ်။ ဒါက ဘောလုံးလောကမှာ ပုံမှန်ပါပဲ။”
“ ဘောလုံးလောကမှာ သူ ရယူပြခဲ့တဲ့အရာတွေက
ကံတရားကြောင့် မဟုတ်ပါဘူး ။ သူဘာလုပ်နေတယ်ဆိုတာ သူသိပါတယ်။
လက်ရှိမှာ သူပိုစွမ်းဆောင်ပြသင့်တယ်ဆိုတာလည်း နားလည်ထားပါလိမ့်မယ် ။
ကျွန်တော့်ကို ယုံပါ ။ ဒါက သူ့ကို ပြန်လည်ခြေစွမ်းပြဖို့အတွက်
တွန်းအားပေးလာပါလိမ့်မယ်။”
zawgyi
ေဝဖန္အျပစ္တင္မႈအားလုံးကို ေရာ္နယ္ဒိုတစ္ဦးတည္းကပဲ တာဝန္ခံသင့္တာမဟုတ္ဘူးလို႔ ဘာဘာေတာ့ တုန႔္ျပန္
မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ဒီမီတာ ဘာဘာေတာ့က
အသင္းေဖာ္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕
လက္ရွိ ဂိုးေပါက္ ေပ်ာက္ဆုံးေနမႈအေပၚ ခုခံေျပာဆိုလိုက္ပါတယ္။
လက္ရွိ ယူႏိုက္တက္တိုက္စစ္မွာ ကာဗာနီကလည္း ကစားႏိုင္ျခင္းမရွိတဲ့အတြက္
ေရာ္နယ္ဒိုကသာ အလွည့္အေျပာင္း ျပဳလုပ္စရာမရွိပဲ
ပြဲစဥ္တိုင္းကို ဦးေဆာင္ကစားေနရပါတယ္။
ဘာဘာေတာ့က ေဝဖန္အျပစ္တင္မႈအားလုံးကို
ေရာ္နယ္ဒိုတစ္ဦးတည္းကပဲ တာဝန္ခံသင့္တာမဟုတ္ေၾကာင္း ေျပာဆိုခဲ့ၿပီး
သူ႔ရဲ႕ အသင္းေဖာ္ေတြကလည္း ေပၚတူဂီ လက္ေ႐ြးစင္ကို
ယခုထက္ပိုမိုေထာက္ပံ့ေပးသင့္ေၾကာင္း အႀကံျပဳခဲ့ပါတယ္။
ဘာဘာေတာ့က Betfair နဲ႔ေတြ႕ဆုံစဥ္ “ အသင္းေတြ ရလာဒ္ဆိုး႐ြားခ်ိန္မွာ
ၾကယ္ပြင္ကစားသမားေတြက အဓိက ေဝဖန္ခံရေလ့ရွိပါတယ္။
လက္ရွိ မန္ခ်က္စတာ ယူႏိုက္တက္မွာဆိုရင္
ခရစၥတီယာႏို ေရာ္နယ္ဒိုေပါ့။”လို႔ ဆိုခဲ့ပါတယ္။
“ သူက ( ၁၀ ) ပြဲမွာ ( ၁ ) ဂိုးပဲ သြင္းယူထားတာေၾကာင့္
ဒါက အျခားသူေတြအတြက္ ျပႆနာျဖစ္ႏိုင္ေပမယ့္
ကြၽန္ေတာ့္အတြက္ေတာ့ အဲ့လို မဟုတ္ပါဘူး ။”
“ ကြင္းထဲမွာ ( ၁၁ ) ေယာက္ရွိေနတာပါ ။ အတူတူပဲ ေဝဖန္ခံရသင့္ပါတယ္။
ေရာ္နယ္ဒိုဆိုတာ ကမာၻ႔ေဘာလုံးေလာကရဲ႕ စံျပပါ ။
လူေတြအေနနဲ႔ သူ အသက္ ( ၃၇ ) ႏွစ္အ႐ြယ္ ရွိၿပီဆိုတာ သတိရသင့္ပါတယ္။”
“ ဒါေၾကာင့္ ပြဲစဥ္အခ်ိဳ႕ ျေခစြမ္းမျပႏိုင္တဲ့အေပၚ ခြင့္လြတ္ေပးရပါမယ္။
ကြၽန္ေတာ္ကေတာ့ ဒါဟာ ျပႆနာလို႔ မထင္ပါဘူး ။”
“ ေရာ္နယ္ဒိုက ယူႏိုက္တက္အတြက္ လုံလုံေလာက္ေလာက္
စြမ္းေဆာင္ျပထားၿပီးၿပီလို႔ ထင္ပါတယ္။
ဒါေပမယ့္ လူေတြက သူျပသခဲ့တဲ့ မွတ္တမ္းေတြ
အဆင့္အတန္းေတြေၾကာင့္ ပိုၿပီး ေမွ်ာ္လင့္ေနၾကတာပါ ။
တစ္ပြဲေလာက္ေျခစြမ္းမျပႏိုင္ဘူးဆိုရင္ သူ႔အေပၚ
ေမးခြန္းထုတ္တဲ့သူေတြ အၿမဲရွိေနအုံးမွာပဲ ။ လူေတြအေနနဲ႔ သူ႔ရဲ႕ အသက္ ၊
သူ႔ရဲ႕ ကစားပုံ ၊ သူ႔ရဲ႕ ေနရာ ၊ အသင္းရဲ႕ ကစားဟန္ေတြကိုလည္း
ထည့္တြက္ဖို႔လိုပါတယ္။” “ သူနဲ႔ပတ္သက္လို႔ လက္ေတြ႕ဆန္ေပးသင့္ပါတယ္။
အသက္ ( ၃၇ ) ဆိုတာ ( ၂၇ ) အ႐ြယ္နဲ႔ လုံးဝ မတူေတာ့ပါဘူး ။
အသင္းေဖာ္ေတြက သူ႔အတြက္ ပိုမိုေထာက္ပံ့ေပးရမယ့္
အခိုက္အတန႔္ေတြ လိုအပ္လာပါလိမ့္မယ္။ ဒါက ေဘာလုံးေလာကမွာ ပုံမွန္ပါပဲ။”
“ ေဘာလုံးေလာကမွာ သူ ရယူျပခဲ့တဲ့အရာေတြက
ကံတရားေၾကာင့္ မဟုတ္ပါဘူး ။ သူဘာလုပ္ေနတယ္ဆိုတာ သူသိပါတယ္။
လက္ရွိမွာ သူပိုစြမ္းေဆာင္ျပသင့္တယ္ဆိုတာလည္း နားလည္ထားပါလိမ့္မယ္ ။
ကြၽန္ေတာ့္ကို ယုံပါ ။ ဒါက သူ႔ကို ျပန္လည္ေျခစြမ္းျပဖို႔အတြက္
တြန္းအားေပးလာပါလိမ့္မယ္။”