ဝေဖန်မှုလွန်ကဲသွားတဲ့ဖာဒီနန် အမှားအတွက်ဝန်ခံသွားခဲ့ရ

BT SPORT ရဲ့ဘောလုံးပွဲအစီအစဉ်တွေမှာ ဝေဖန်ရေးနဲ့လေကန်ရေးလုပ်နေတဲ့ ဖာဒီနန်တစ်ယောက် ဝေဖန်တွေ လွန်ကဲသွားပြီး အမှားအတွက်ပြန်လည်ဝန်ခံသွားခဲ့ရပါတယ်။ အာဆင်နယ်အနေနဲ့ အသက် ၂၃ နှစ်သာရှိ သေးတဲ့

အိုဒီဂတ်ကို အသင်းခေါင်းဆောင်တာဝန်ပေးတာ မှားယွင်းပြီး မနိုင်ဝန်ထမ်းရာရောက်လိမ့်မယ်လို့ ဖာဒီနန်က ဝေဖန်ထားခဲ့တာပါ။ အခုတော့ အိုဒီဂတ်ဟာ သူထင်သလိုမဟုတ်ခဲ့ဘဲ ရာသီစ ၃ပွဲကို အာဆင်နယ်အတွက်

အကောင်းဆုံးဦးဆောင်ပြသွားနိုင်ခဲ့တာဖြစ်ပါတယ်။ အိုဒီဂတ်ဟာ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ကိုယ်တိုင် သွင်းယူပေးနိုင်ခဲ့ရုံသာမက အသင်းသားတွေအပေါ်ကိုလည်း အကောင်းဆုံး ဦးဆောင်မှုတွေ

ပြသထား နိုင်ခဲ့တာ လည်းဖြစ်တယ်။ အဲဒါကြောင့် ဖာဒီနန်ဟာ အိုဒီဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့သံသယတွေ မှားယွင်းခဲ့ကြောင်း ဝန်ခံ သွားခဲ့ရတာပါ။ အသင်းခေါင်းဆောင်လက်ပတ်က သူ့အတွက်

ဝန်လေးစရာဖြစ်လိမ့်မယ် လို့ထင်ခဲ့ပေမယ့် သူက တော့ အသင်းခေါင်းဆောင်ဖြစ်ပြီးမှ အရာအားလုံးကိုပြောင်းလဲပြသွားနိုင်ခဲ့တယ်လို့ ဖာဒီနန်ကပြောခဲ့ပါတယ်။ အိုဒီဂတ်ဟာ ထူးချွန်တဲ့လူငယ်ကစားသမားတစ်ယောက်ဆိုတာကို

သိထားခဲ့ပေမယ့် အသင်းခေါင်းဆောင်တာဝန် ဟာသူ့အတွက် ဖိအားတွေဖြစ်လိမ့်မယ်လို့ထင်မိခဲ့တာဖြစ်တယ်လို့လည်း ဖာဒီနန်က ဝန်ခံသွားတာပါ။ လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် (၃)အပြီးမှာ

အာဆင်နယ်ဟာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ထား နိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယနေရာက လက်ရှိချန်ပီယံမန်စီးတီးကိုလည်း နှစ်မှတ်ဖြတ်ထားနိုင်တာ ဖြစ်ပါတယ်။

(zawgyi)

BT SPORT ရဲ႕ေဘာလုံးပြဲအစီအစဥ္ေတြမွာ ေဝဖန္ေရးနဲ႔ေလကန္ေရးလုပ္ေနတဲ့ ဖာဒီနန္တစ္ေယာက္ ေဝဖန္ေတြ လြန္ကဲသြားၿပီး အမွားအတြက္ျပန္လည္ဝန္ခံသြားခဲ့ရပါတယ္။ အာဆင္နယ္အေနနဲ႔ အသက္ ၂၃ ႏွစ္သာရွိ ေသးတဲ့

အိုဒီဂတ္ကို အသင္းေခါင္းေဆာင္တာဝန္ေပးတာ မွားယြင္းၿပီး မႏိုင္ဝန္ထမ္းရာေရာက္လိမ့္မယ္လို႔ ဖာဒီနန္က ေဝဖန္ထားခဲ့တာပါ။ အခုေတာ့ အိုဒီဂတ္ဟာ သူထင္သလိုမဟုတ္ခဲ့ဘဲ ရာသီစ ၃ပြဲကို အာဆင္နယ္အတြက္

အေကာင္းဆုံးဦးေဆာင္ျပသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ အိုဒီဂတ္ဟာ အာဆင္နယ္အတြက္ အႏိုင္ဂိုးေတြကို ကိုယ္တိုင္ သြင္းယူေပးႏိုင္ခဲ့႐ုံသာမက အသင္းသားေတြအေပၚကိုလည္း အေကာင္းဆုံး ဦးေဆာင္မႈေတြ ျပသထား ႏိုင္ခဲ့တာ လည္းျဖစ္တယ္။

အဲဒါေၾကာင့္ ဖာဒီနန္ဟာ အိုဒီဂတ္နဲ႔ပတ္သက္ၿပီး သူ႔ရဲ႕သံသယေတြ မွားယြင္းခဲ့ေၾကာင္း ဝန္ခံ သြားခဲ့ရတာပါ။ အသင္းေခါင္းေဆာင္လက္ပတ္က သူ႔အတြက္ ဝန္ေလးစရာျဖစ္လိမ့္မယ္ လို႔ထင္ခဲ့ေပမယ့္

သူက ေတာ့ အသင္းေခါင္းေဆာင္ျဖစ္ၿပီးမွ အရာအားလုံးကိုေျပာင္းလဲျပသြားႏိုင္ခဲ့တယ္လို႔ ဖာဒီနန္ကေျပာခဲ့ပါတယ္။ အိုဒီဂတ္ဟာ ထူးခြၽန္တဲ့လူငယ္ကစားသမားတစ္ေယာက္ဆိုတာကိုသိထားခဲ့ေပမယ့္

အသင္းေခါင္းေဆာင္တာဝန္ ဟာသူ႔အတြက္ ဖိအားေတြျဖစ္လိမ့္မယ္လို႔ထင္မိခဲ့တာျဖစ္တယ္လို႔လည္း ဖာဒီနန္က ဝန္ခံသြားတာပါ။ လက္ရွိ ပရီးမီးယားလိဂ္ပြဲစဥ္ (၃)အၿပီးမွာ

အာဆင္နယ္ဟာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားကို ဦးေဆာင္ထား ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒုတိယေနရာက လက္ရွိခ်န္ပီယံမန္စီးတီးကိုလည္း ႏွစ္မွတ္ျဖတ္ထားႏိုင္တာ ျဖစ္ပါတယ္။