ဝေဖန်တာကြမ်းချက်က မာနေးအတွင်းခံမလျှော်ရတာလည်းပါတဲ့ မာလာဝီနည်းပြ

မာလာဝီအသင်း နည်းပြ မာရီယို မာရီနီကာဟာ လက်ရှိ ကျင်းပနေတဲ့

အာဖရိက နေးရှင်းဖလား ပြိုင်ပွဲမှာ နာမည်ကြီး အသင်း၊ နာမည်ကြီး

ကစားသမားတွေဟာ မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလို သိသိသာသာ

အခွင့်ထူးခံရကြောင်း၊ ခွဲခြားဆက်ဆံ ဘက်လိုက်မှုတွေ ရှိနေကြောင်း

ထုတ်ပြောလိုက်ပြီး ဆီနီဂေါ ကြယ်ပွင့် မာနေးကို နာမည်တပ်ကာ ပေါ်တင်

ဝေဖန်လိုက်ပါတယ်။

“ဆာဒီယို မာနေးက သူ့ အတွင်းခံဘောင်းဘီ သူ လျှော်ပြီး

အဝတ်လှန်းတာမျိုး ဒီမှာ ခင်ဗျားတို့ မြင်ရမှာ မဟုတ်ဘူး။ ဂမ်ဘီယာမှာလည်း

အဲဒီပြဿနာ ကြုံနေရတယ်။ ဒီမှာက မတူညီတဲ့ အဆင့်အတန်းတွေ ခွဲခြားထားပြီး

တစ်သင်းနဲ့တစ်သင်း ဆက်ဆံခံရပုံက မတူဘူး။ ကျွန်တော်တို့တွေက အများကြီး

မတောင်းဆိုပါဘူး။ခံစားခွင့် နည်းနည်းလောက်ပဲ အလိုရှိတာပါ။”

“ဘာလို့ အဆင်မပြေမှုတွေက ကျွန်တော်တို့ကျမှ ဖြစ်ရတာလဲ။ ဘာလို့

အသင်းငယ် လေးတွေမှာ ဖြစ်ရတာလဲ။ ကိုရိုမို၊ ဂမ်ဘီယာ၊ ကျွန်တော်တို့လို

အသင်းတွေပဲ ဖြစ်နေတာလဲ။ ဒါတွေကို တရားဝင် စောဒကတက်ဖို့ ကျွန်တော့်ရဲ့

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသင်းရဲ့ ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။

နယ်မြေခံ မန်နေဂျာတွေကို ကျွန်တော် စောဒက တက်ခဲ့တယ်။ လက်ရှိ ဟိုတယ်မှာ

ကျွန်တော်တို့ ၃ ရက်လောက် ရုန်းကန်ခဲ့ရပါသေးတယ်။ ကော်ဖီသောက်ဖို့

နွားနို့တောင် မရခဲ့ဘူး။ ဒီနေ့အတွက် နွားနို့ကုန်သွားပြီ မနက်ဖြန်မှရမယ်လို့

သူတို့ ပြောခဲ့ပါတယ်။”

“ကျွန်တော်တို့က ဒုတိယတန်းစား နိုင်ငံသားတွေလိုပဲ

ဆက်ခံခဲ့ရတယ်။ ဒီလိုပြိုင်ပွဲအဆင့်အတန်းနဲ့ ဒီလိုခေတ်မှာ အဲဒီလို

ခွဲခြား ဆက်ဆံမှုတွေ ဖြစ်လို့မရဘူး” လို့ မာရီနီကာက ဝေဖန် ပြောဆိုခဲ့ပါတယ်။

မာလာဝီ ဟာ အုပ်စုပထမ ဆီနီဂေါနဲ့ အုပ်စုဒုတိယ ဂီနီတို့ရဲ့နောက် အကောင်းဆုံး

တတိယ အသင်းတစ်သင်းအဖြစ် ၁၆ သင်းအဆင့်ကို တက်လာခဲ့ပြီး သူတို့သမိုင်းမှာ

ပထမဆုံး ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် မိုရိုကိုနဲ့ ရင်ဆိုင်ကစားဖို့ ပြင်ဆင်နေတာပါ။

Zawgyi

ေဝဖန္တာၾကမ္းခ်က္က မာေနးအတြင္းခံမေလွ်ာ္ရတာလည္းပါတဲ့ မာလာဝီနည္းျပ

မာလာဝီအသင္း နည္းျပ မာရီယို မာရီနီကာဟာ လက္ရွိ က်င္းပေနတဲ့

အာဖရိက ေနးရွင္းဖလား ၿပိဳင္ပြဲမွာ နာမည္ႀကီး အသင္း၊ နာမည္ႀကီ

း ကစားသမားေတြဟာ မ်က္ႏွာႀကီးရာဟင္းဖတ္ပါဆိုသလို သိသိသာသာ

အခြင့္ထူးခံရေၾကာင္း၊ ခြဲျခားဆက္ဆံ ဘက္လိုက္မႈေတြ ရွိေနေၾကာင္း

ထုတ္ေျပာလိုက္ၿပီး ဆီနီေဂါ ၾကယ္ပြင့္ မာေနးကို နာမည္တပ္ကာ ေပၚတင္

ေဝဖန္လိုက္ပါတယ္။ “ဆာဒီယို မာေနးက သူ႔ အတြင္းခံေဘာင္းဘီ သူ ေလွ်ာ္ၿပီး

အဝတ္လွန္းတာမ်ိဳး ဒီမွာ ခင္ဗ်ားတို႔ ျမင္ရမွာ မဟုတ္ဘူး။ ဂမ္ဘီယာမွာလည္း

အဲဒီျပႆနာ ႀကဳံေနရတယ္။ ဒီမွာက မတူညီတဲ့ အဆင့္အတန္းေတြ ခြဲျခားထားၿပီး

တစ္သင္းနဲ႔တစ္သင္း ဆက္ဆံခံရပုံက မတူဘူး။ ကြၽန္ေတာ္တို႔ေတြက အမ်ားႀကီး

မေတာင္းဆိုပါဘူး။ခံစားခြင့္ နည္းနည္းေလာက္ပဲ အလိုရွိတာပါ။”

“ဘာလို႔ အဆင္မေျပမႈေတြက ကြၽန္ေတာ္တို႔က်မွ ျဖစ္ရတာလဲ။ ဘာလို႔

အသင္းငယ္ ေလးေတြမွာ ျဖစ္ရတာလဲ။ ကို႐ိုမို၊ ဂမ္ဘီယာ၊ ကြၽန္ေတာ္တို႔လို

အသင္းေတြပဲ ျဖစ္ေနတာလဲ။ ဒါေတြကို တရားဝင္ ေစာဒကတက္ဖို႔ ကြၽန္ေတာ့္ရဲ႕

လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အသင္းရဲ႕ ေခါင္းေဆာင္ေတြကို ေတာင္းဆိုခဲ့ပါတယ္။

နယ္ေျမခံ မန္ေနဂ်ာေတြကို ကြၽန္ေတာ္ ေစာဒက တက္ခဲ့တယ္။ လက္ရွိ ဟိုတယ္မွာ

ကြၽန္ေတာ္တို႔ ၃ ရက္ေလာက္ ႐ုန္းကန္ခဲ့ရပါေသးတယ္။ ေကာ္ဖီေသာက္ဖို႔

ႏြားႏို႔ေတာင္ မရခဲ့ဘူး။ ဒီေန႔အတြက္ ႏြားႏို႔ကုန္သြားၿပီ မနက္ျဖန္မွရမယ္လို႔

သူတို႔ ေျပာခဲ့ပါတယ္။” “ကြၽန္ေတာ္တို႔က ဒုတိယတန္းစား ႏိုင္ငံသားေတြလိုပဲ

ဆက္ခံခဲ့ရတယ္။ ဒီလိုၿပိဳင္ပြဲအဆင့္အတန္းနဲ႔ ဒီလိုေခတ္မွာ အဲဒီလို

ခြဲျခား ဆက္ဆံမႈေတြ ျဖစ္လို႔မရဘူး” လို႔ မာရီနီကာက ေဝဖန္ ေျပာဆိုခဲ့ပါတယ္။

မာလာဝီ ဟာ အုပ္စုပထမ ဆီနီေဂါနဲ႔ အုပ္စုဒုတိယ ဂီနီတို႔ရဲ႕ေနာက္ အေကာင္းဆုံး

တတိယ အသင္းတစ္သင္းအျဖစ္ ၁၆ သင္းအဆင့္ကို တက္လာခဲ့ၿပီး သူတို႔သမိုင္းမွာ

ပထမဆုံး ရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ မို႐ိုကိုနဲ႔ ရင္ဆိုင္ကစားဖို႔ ျပင္ဆင္ေနတာပါ။