ဝုဗ်အသင်းမှာ ဒီရာသီဂိုးသွင်းခြေစွမ်းပြနေတဲ့ တောင်ကိုရီးယားကြယ်ပွင့်

တောင်ကိုရီးယားတောင်ပံတိုက်စစ်ကစားသမားဖြစ်တဲ့ ဟွမ်ဟီချန်ဟာ

ပရီးမီးယားလိဂ်ကလပ်ဝုဗ်အသင်းမှာ ဒီရာသီဂိုးသွင်းခြေစွမ်းပြနေသူပါ။

သူဟာ စနေညက ကစားသွားခဲ့တဲ့လိဒ်နဲ့အဝေးကွင်းပွဲမှာလည်း ဝုဗ်အတွက်

ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့ပြီး သူ့ရဲ့ဂိုးနဲ့နိုင်တော့မလိုဖြစ်ခဲ့ပေမယ့်

နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် သရေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

လိဒ်နဲ့ပွဲက သွင်းဂိုးကြောင့်လည်း သူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ

၄ ဂိုးရှိသွားခဲ့ကာ သူ့ထက်ဂိုးပိုသွင်းတဲ့ပရီးမီးယားလိဂ်တိုက်စစ်မှုးဆိုလို့

၂ ယောက်သာရှိတော့တာပါ။ပိုပြီးအံ့သြစရာကောင်းတာက ဟွမ်ဟီချန်ဟာ

ဂိုးပေါက်တည့် ၄ ကြိမ်ကနေ ၄ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဟွန်ဟီချန်ဟာ ဒီရာသီမှာ ဝုဗ်အတွက် ၄ ပွဲသာ ပွဲထွက်ခွင့်ရသေးပြီး

အခုတော့ ပရီးမီးယားလိဂ်မှာ သူ့ဝုဗ်အသင်းဖော်တွေအားလုံးပေါင်းသွင်းထားတာနဲ့

တူညီတဲ့ဂိုးအရေအတွက်ကို ရရှိထားတာပါ။

သူဟာ ဘွန်ဒက်စ်လီဂါအသင်းကြီးတစ်သင်းဖြစ်တဲ့ လစ်ပ်ဇစ်ကနေ

တစ်ရာသီအငှားနဲ့ရောက်လာတာဖြစ်ပြီး ပရီးမီးယားလိဂ်ရောက်မှ

ဂိုးသွင်းခြေစွမ်းပြနိုင်နေတာပါ။သူ့ရဲ့ပထမဆုံးဂျာမန်ဘွန်ဒက်စ်လီဂါ

ဘောလုံးရာသီမှာတော့ ပွဲ ၂၀ ကစားခဲ့တာတောင် တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမဲ့ လူစားဝင်တွေအပါအဝင် ဝုဗ်က ပရီးမီးယားလိဂ်စုစုပေါင်း ၆ ပွဲမှာတော့

၄ ဂိုးရထားကာ ဝက်ဖို့ဒ်နဲ့ပွဲမှာ ၁ ဂိုး၊ နယူးကာဆယ်နဲ့ပွဲမှာ ၂ ဂိုးသွင်းထားတာပါ။

၂၅ နှစ်အရွယ် ဟွမ်ဟီချန်ဟာ သြစတြီးယားကလပ်ဆဲလ်ဘတ်နဲ့အတူ

ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး အဲဒီမှာ ဒေါ့မန်ကြယ်ပွင့်

ဟာလန်း၊ လီဗာပူးကိုရောက်နေတဲ့ မီနာမီနိုတို့နဲ့အတူ ၂၀၁၉-၂၀ ချန်ပီယံလိဂ်ရာသီ

ဆဲလ်ဘတ်တိုက်စစ်မှာ အတွဲညီညီခြေစွမ်းပြနိုင်ခဲ့တာပါ။အဲဒီတုန်းက

ချန်ပီယံလိဂ်မှာ ဟွမ်ဟီချန်ဟာ ၃ ဂိုးသွင်း၊ ၃ ဂိုးဖန်တီး၊ ပင်နယ်တီ ၂ ကြိမ်ရအောင်

လုပ်ပေးမှုနဲ့အတူ ၈ ဂိုးပါဝင်ပတ်သက်နိုင်ခဲ့တာပါ။

ဆဲလ်ဘတ်မှာ ခြေစွမ်းပြနိုင်ခဲ့လို့လည်း ၂၀၂၀ ဇူလိုင်လမှာ လစ်ပ်ဇစ်ရဲ့

၅ နှစ်စာချုပ်နဲ့ခေါ်ယူခြင်းကို ခံခဲ့ရတာပါ။

zawgyi

ဝုဗ္အသင္းမွာ ဒီရာသီဂိုးသြင္းေျခစြမ္းျပေနတဲ့ ေတာင္ကိုရီးယားၾကယ္ပြင့္

ေတာင္ကိုရီးယားေတာင္ပံတိုက္စစ္ကစားသမားျဖစ္တဲ့ ဟြမ္ဟီခ်န္ဟာ

ပရီးမီးယားလိဂ္ကလပ္ဝုဗ္အသင္းမွာ ဒီရာသီဂိုးသြင္းေျခစြမ္းျပေနသူပါ။

သူဟာ စေနညက ကစားသြားခဲ့တဲ့လိဒ္နဲ႔အေဝးကြင္းပြဲမွာလည္း ဝုဗ္အတြက္

ဦးေဆာင္ဂိုးကိုသြင္းယူေပးခဲ့ၿပီး သူ႔ရဲ႕ဂိုးနဲ႔ႏိုင္ေတာ့မလိုျဖစ္ခဲ့ေပမယ့္

နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာေပးလိုက္ရတဲ့ ပင္နယ္တီေၾကာင့္ သေရနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

လိဒ္နဲ႔ပြဲက သြင္းဂိုးေၾကာင့္လည္း သူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ

၄ ဂိုးရွိသြားခဲ့ကာ သူ႔ထက္ဂိုးပိုသြင္းတဲ့ပရီးမီးယားလိဂ္တိုက္စစ္မႈးဆိုလို႔

၂ ေယာက္သာရွိေတာ့တာပါ။ပိုၿပီးအံ့ၾသစရာေကာင္းတာက ဟြမ္ဟီခ်န္ဟာ

ဂိုးေပါက္တည့္ ၄ ႀကိမ္ကေန ၄ ဂိုးသြင္းယူထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဟြန္ဟီခ်န္ဟာ ဒီရာသီမွာ ဝုဗ္အတြက္ ၄ ပြဲသာ ပြဲထြက္ခြင့္ရေသးၿပီး

အခုေတာ့ ပရီးမီးယားလိဂ္မွာ သူ႔ဝုဗ္အသင္းေဖာ္ေတြအားလုံးေပါင္းသြင္းထားတာနဲ႔

တူညီတဲ့ဂိုးအေရအတြက္ကို ရရွိထားတာပါ။

သူဟာ ဘြန္ဒက္စ္လီဂါအသင္းႀကီးတစ္သင္းျဖစ္တဲ့ လစ္ပ္ဇစ္ကေန

တစ္ရာသီအငွားနဲ႔ေရာက္လာတာျဖစ္ၿပီး ပရီးမီးယားလိဂ္ေရာက္မွ

ဂိုးသြင္းေျခစြမ္းျပႏိုင္ေနတာပါ။သူ႔ရဲ႕ပထမဆုံးဂ်ာမန္ဘြန္ဒက္စ္လီဂါ

ေဘာလုံးရာသီမွာေတာ့ ပြဲ ၂၀ ကစားခဲ့တာေတာင္ တစ္ဂိုးမွ သြင္းယူႏိုင္ျခင္း မရွိခဲ့ပါဘူး။

ဒါေပမဲ့ လူစားဝင္ေတြအပါအဝင္ ဝုဗ္က ပရီးမီးယားလိဂ္စုစုေပါင္း ၆ ပြဲမွာေတာ့

၄ ဂိုးရထားကာ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ ၁ ဂိုး၊ နယူးကာဆယ္နဲ႔ပြဲမွာ ၂ ဂိုးသြင္းထားတာပါ။

၂၅ ႏွစ္အ႐ြယ္ ဟြမ္ဟီခ်န္ဟာ ၾသစႀတီးယားကလပ္ဆဲလ္ဘတ္နဲ႔အတူ

ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို စတင္ခဲ့ၿပီး အဲဒီမွာ ေဒါ့မန္ၾကယ္ပြင့္

ဟာလန္း၊ လီဗာပူးကိုေရာက္ေနတဲ့ မီနာမီႏိုတို႔နဲ႔အတူ ၂၀၁၉-၂၀ ခ်န္ပီယံလိဂ္ရာသီ

ဆဲလ္ဘတ္တိုက္စစ္မွာ အတြဲညီညီေျခစြမ္းျပႏိုင္ခဲ့တာပါ။အဲဒီတုန္းက

ခ်န္ပီယံလိဂ္မွာ ဟြမ္ဟီခ်န္ဟာ ၃ ဂိုးသြင္း၊ ၃ ဂိုးဖန္တီး၊ ပင္နယ္တီ ၂ ႀကိမ္ရေအာင္

လုပ္ေပးမႈနဲ႔အတူ ၈ ဂိုးပါဝင္ပတ္သက္ႏိုင္ခဲ့တာပါ။

ဆဲလ္ဘတ္မွာ ေျခစြမ္းျပႏိုင္ခဲ့လို႔လည္း ၂၀၂၀ ဇူလိုင္လမွာ လစ္ပ္ဇစ္ရဲ႕

၅ ႏွစ္စာခ်ဳပ္နဲ႔ေခၚယူျခင္းကို ခံခဲ့ရတာပါ။