
မန်ယူအသင်းဟာ အခုဇန်နဝါရီဈေးကွက်ထဲမှာ ဝုဗ်အသင်းကွင်းလယ်လူ
ရူဘင်နီဗက်စ်ကို ရအောင်ခေါ်ယူဖို့ဆုံးဖြတ်ချက်ချထား တယ်လို့
The Sun သတင်းစာကြီးကဖော်ပြလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့
နီဗက်စ်ဟာ ဝုဗ်နဲ့စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးသူဖြစ်ပေမယ့်
ချန်ပီယံလိဂ်မှာကစားလိုတဲ့ဆန္ဒရှိနေသူဖြစ်ပါတယ်။
မန်ယူဟာပြီးခဲ့တဲ့နွေရာသီ ဆိုးလ်ရှားလက် ထက်မှာကတည်းက
ပေါ်တူဂီလက်ရွေးစင်ဖြစ်တဲ့ နီဗက်စ်ကို ကမ်းလှမ်းမှုတွေလုပ်ဖို့
ပြင်ဆင်ခဲ့ပါသေးတယ်။ ဆိုးလ်ရှားဟာနီဗက်စ် ကိုကြိုက်နှစ်သက်တဲ့သူဖြစ်ပေမယ့်
ရအောင်တော့ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။ SunSport ရဲ့ဖော်ပြချက်အရ
မန်ယူဟာ နီဗက်စ်ကို ခေါ်ယူဖို့အတွက်ပေါင် ၃၅ သန်းနဲ့ကမ်းလှမ်းဖို့
ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
နီဗက်စ်ရဲ့အေးဂျင့်ဖြစ်သူက စီရော်နယ်ဒိုအပါအ ဝင်
ပေါ်တူဂီသားအများစုကိုချုပ်ကိုင်ထားတဲ့
ဂျော့မန်ဒက်စ်ဖြစ်လို့ မန်ယူနဲ့အဆင်ပြေတဲ့အတွက်လည်း
ကစားသမားကိုခေါ်ယူ နိုင်မယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမယ့် ဝုဗ်ကတော့ပေါင်သန်း ၄၀ နဲ့ကမ်းလှမ်းမှုကိုသာလက်သင့်ခံမှာဖြစ်လို့
သူတို့ကြားမှာ ဆွေးနွေးမှုတွေဆက်လုပ်ရမယ်လို့လည်းခန့်မှန်းကြပါတယ်။
အာဆင်နယ်အသင်းရဲ့စိတ်ဝင်စားခြင်းကိုလည်း ခံခဲ့ရတဲ့
နီဗက်စ်ဟာ ဥရောပအဆင့်မှာကစားလိုတဲ့အတွက် ဝုဗ်နဲ့စာချုပ်သက် တမ်း
ထပ်တိုးမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်မန်ယူရဲ့ကမ်းလှမ်းမှုသာ
တကယ်ဖြစ်ခဲ့ရင် အဆင်ပြေဖို့များနေပါတယ်။
မန်ယူနည်း ပြ ရန်းနစ်ခ်ဟာ လက်ရှိကွင်းလယ်လူတွေဖြစ်တဲ့ တွန်မီနေး၊
မာတစ်နဲ့ ဖရက်ဒ် တို့ခြေစွမ်းပုံမှန်မရှိကြလို့ ကွင်းလယ်လူသစ်တစ် ဦး
ခေါ်ယူလိုနေပြီး နီဗက်စ်ကို စိတ်ဝင်စားလာတာဖြစ်ပါတယ်။
ရန်းနစ်ခ်ဟာ ဝုဗ်နဲ့ပွဲမှာ နီဗက်စ်ကိုထိန်းချုပ်ဖို့လုပ်ခဲ့ပေမယ့် လည်း
မအောင်မြင်ခဲ့ဘဲ အဲဒီပေါ်တူဂီသားရဲ့ခြေစွမ်းပြမှုကိုတွေ့လိုက်ရပြီးနောက်
ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ ဝုဗ်နည်းပြ
ဘရူနိုလာဂေး ရဲ့အေးဂျင့်ဟာလည်း မန်ဒက်စ်ဘဲဖြစ်ပြီး နီဗက်စ်ကို
လက်မလွှတ်ရဖို့ဆုံးဖြတ်ထားတယ်လို့ ပြောကြားထားပါတယ်။
zawgyi
ဝုဗ္ကြင္းလယ္လူ နီဗက္စ္ကို ရေအာင္ေခၚယူဖို႔ဆုံးျဖတ္ခ်က္ခ်ထားတယ္ဆိုတဲ့ မန္ယူ
မန္ယူအသင္းဟာ အခုဇန္နဝါရီေဈးကြက္ထဲမွာ ဝုဗ္အသင္းကြင္းလယ္လူ
႐ူဘင္နီဗက္စ္ကို ရေအာင္ေခၚယူဖို႔ဆုံးျဖတ္ခ်က္ခ်ထား တယ္လို႔
The Sun သတင္းစာႀကီးကေဖာ္ျပလိုက္ပါတယ္။ အသက္ ၂၄ ႏွစ္အ႐ြယ္ရွိတဲ့
နီဗက္စ္ဟာ ဝုဗ္နဲ႔စာခ်ဳပ္သက္တမ္း ၂ ႏွစ္ က်န္ရွိေနေသးသူျဖစ္ေပမယ့္
ခ်န္ပီယံလိဂ္မွာကစားလိုတဲ့ဆႏၵရွိေနသူျဖစ္ပါတယ္။
မန္ယူဟာၿပီးခဲ့တဲ့ေႏြရာသီ ဆိုးလ္ရွားလက္ ထက္မွာကတည္းက
ေပၚတူဂီလက္ေ႐ြးစင္ျဖစ္တဲ့ နီဗက္စ္ကို ကမ္းလွမ္းမႈေတြလုပ္ဖို႔
ျပင္ဆင္ခဲ့ပါေသးတယ္။ ဆိုးလ္ရွားဟာနီဗက္စ္ ကိုႀကိဳက္ႏွစ္သက္တဲ့သူျဖစ္ေပမယ့္
ရေအာင္ေတာ့ေခၚယူႏိုင္ခဲ့ျခင္းမရွိပါဘူး။ SunSport ရဲ႕ေဖာ္ျပခ်က္အရ
မန္ယူဟာ နီဗက္စ္ကို ေခၚယူဖို႔အတြက္ေပါင္ ၃၅ သန္းနဲ႔ကမ္းလွမ္းဖို႔
ျပင္ဆင္ေနတယ္လို႔ ဆိုပါတယ္။ နီဗက္စ္ရဲ႕ေအးဂ်င့္ျဖစ္သူက
စီေရာ္နယ္ဒိုအပါအ ဝင္ေပၚတူဂီသားအမ်ားစုကိုခ်ဳပ္ကိုင္ထားတဲ့
ေဂ်ာ့မန္ဒက္စ္ျဖစ္လို႔ မန္ယူနဲ႔အဆင္ေျပတဲ့အတြက္လည္း
ကစားသမားကိုေခၚယူ ႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။
ဒါေပမယ့္ ဝုဗ္ကေတာ့ေပါင္သန္း ၄၀ နဲ႔ကမ္းလွမ္းမႈကိုသာလက္သင့္ခံမွာျဖစ္လို႔
သူတို႔ၾကားမွာ ေဆြးေႏြးမႈေတြဆက္လုပ္ရမယ္လို႔လည္းခန႔္မွန္းၾကပါတယ္။
အာဆင္နယ္အသင္းရဲ႕စိတ္ဝင္စားျခင္းကိုလည္း ခံခဲ့ရတဲ့
နီဗက္စ္ဟာ ဥေရာပအဆင့္မွာကစားလိုတဲ့အတြက္ ဝုဗ္နဲ႔စာခ်ဳပ္သက္ တမ္း
ထပ္တိုးမွာမဟုတ္ေတာ့ပါဘူး။ ဒါေၾကာင့္မန္ယူရဲ႕ကမ္းလွမ္းမႈသာ
တကယ္ျဖစ္ခဲ့ရင္ အဆင္ေျပဖို႔မ်ားေနပါတယ္။
မန္ယူနည္း ျပ ရန္းနစ္ခ္ဟာ လက္ရွိကြင္းလယ္လူေတြျဖစ္တဲ့ တြန္မီေနး၊
မာတစ္နဲ႔ ဖရက္ဒ္ တို႔ေျခစြမ္းပုံမွန္မရွိၾကလို႔ ကြင္းလယ္လူသစ္တစ္ ဦး
ေခၚယူလိုေနၿပီး နီဗက္စ္ကို စိတ္ဝင္စားလာတာျဖစ္ပါတယ္။
ရန္းနစ္ခ္ဟာ ဝုဗ္နဲ႔ပြဲမွာ နီဗက္စ္ကိုထိန္းခ်ဳပ္ဖို႔လုပ္ခဲ့ေပမယ့္ လည္း
မေအာင္ျမင္ခဲ့ဘဲ အဲဒီေပၚတူဂီသားရဲ႕ေျခစြမ္းျပမႈကိုေတြ႕လိုက္ရၿပီးေနာက္
ေခၚယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ႏိုင္တယ္လို႔ ဆိုပါ တယ္။ ဝုဗ္နည္းျပ
ဘ႐ူႏိုလာေဂး ရဲ႕ေအးဂ်င့္ဟာလည္း မန္ဒက္စ္ဘဲျဖစ္ၿပီး နီဗက္စ္ကို
လက္မလႊတ္ရဖို႔ဆုံးျဖတ္ထားတယ္လို႔ ေျပာၾကားထားပါတယ္။