ဝုဗ်ကြောင့် အပြောင်းအရွှေ့ပိတ်ပင်ခံရမယ့်အရေးနဲ့ ရင်ဆိုင်ရနိုင်တဲ့ အာဆင်နယ်

ဆော်ပေါ်လိုတိုက်စစ်မှူး မာကွင်ဟို့စ်ကို

ပေါင် ၃သန်းနဲ့ ခေါ်ယူမယ့် အာဆင်နယ်ရဲ့
ကြိုးစားမှုက တရားရေးရင်ဆိုင်ရနိုင်တဲ့အထိ
ရှုပ်ထွေးလာနိုင်ပြီး အဆိုပါဆယ်ကျော်သက်
တိုက်စစ်မှူးလေးက ဝုဗ်အသင်းနဲ့
အကြိုသဘောတူညီစာချုပ်

ချုပ်ဆိုထားပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ဘရာဇီး ယူ၁၇အသင်းမှာ ကစားခဲ့ဖူးတဲ့
အသက် ၁၉ နှစ်အရွယ်ရှိ မာကွင်ဟို့စ်ဟာ
ယခုနွေရာသီအတွင်း အာဆင်နယ်ကို
ရောက်လာဖို့ နီးစပ်နေသူဖြစ်ပေမယ့်

အခုတော့ မာကွင်ဟို့စ်ဟာ ဝုဗ်ကို
ပြောင်းရွှေ့ဖို့ အကြိုသဘောတူ
စာချုပ်တောင် ချုပ်ဆိုထားပြီးဖြစ်တယ်လို့
သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
နီးစပ်သူတွေရဲ့သတင်းပေးပို့ချက်အရ

မာကွင်ဟို့စ်နဲ့ ဝုဗ်တို့ကြား
သဘောတူညီထားပေမယ့် ဆော်ပေါ်လိုအသင်းက
အာဆင်နယ်ကို နည်းပါးတဲ့ပြောင်းရွှေ့ကြေးနဲ့
မာကွင်ဟို့စ်ကို ခေါ်မလားလို့
ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဆော်ပေါ်လိုဟာ ၂၀၁၉ မှာ
မာကွင်ဟို့စ်ကို ၅နှစ်စာချုပ်
ချုပ်ဆိုခဲ့ပေမယ့် ဖီဖာရဲ့
စည်းမျဉ်းတွေအရ အသက် ၁၆ နှစ်အရွယ်
ကစားသမားတစ်ဦးကို အများဆုံး ၃နှစ်ပဲ

ချုပ်ဆိုရမယ့်အချက်ကြောင့် သူ့ရဲ့
စာချုပ်သက်တမ်းက ဒီနွေဆို
ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ဝုဗ်အသင်းက မာကွင်ဟို့စ်ကို
အလွတ်နဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီ

ထားပြီးဖြစ်ပေမယ့် ဆော်ပေါ်လိုက
အခုလို မာကွင်ဟို့စ်ကို ပေါင် ၃သန်းနဲ့
အာဆင်နယ်အသင်းဆီ ရောင်းချမယ့်
ဖြစ်ရပ်ကြောင့် ဒေါသထွက်နေပြီး
ဘရာဇီးမီဒီယာတွေရဲ့ဖော်ပြချက်အရ

အာဆင်နယ်နဲ့ ဆော်ပေါ်လိုတို့ကို
တရားစွဲနိုင်ရေးအတွက် လိုအပ်တဲ့
အကြံဉာဏ်တွေ တောင်းခံထားတယ်လို့ သိရပါတယ်။
Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရ
ဆော်ပေါ်လိုနဲ့ ချုပ်ထားတဲ့ မာကွင်ဟို့စ်ရဲ့

စာချုပ်သက်တမ်းက ဇူလိုင်လ ၁၂ ရက်နေ့မှာ
ကုန်ဆုံးမှာဖြစ်ပြီး ဝုဗ်က ဇူလိုင်လ ၁၄ ရက်နေ့မှာ
စာချုပ်ချုပ်ဆိုဖို့ အကြိုသဘောတူညီထားတာ
ဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ ဆော်ပေါ်လိုအသင်းက

မာကွင်ဟို့စ်ကို အလွတ်နဲ့
လက်မလွှတ်ရစေရေးအတွက်
အာဆင်နယ်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး
ဒီအတွက်ကြောင့်ပဲ ဝုဗ်အသင်းက
တရားစွဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဝုဗ်ဟာ ဆော်ပေါ်လို၊ အာဆင်နယ်နဲ့
မာကွင်ဟို့စ်တို့ကို တရားစွဲဖို့
ပြင်ဆင်နေတာဖြစ်ပါတယ်။

Zawgyi

၀ုဗ္ေၾကာင့္ အေျပာင္းအေရႊ႕ပိတ္ပင္ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ရႏိုင္တဲ့ အာဆင္နယ္
ေဆာ္ေပၚလုိတုိက္စစ္မွဴး မာကြင္ဟို႔စ္ကို
ေပါင္ ၃သန္းနဲ႔ ေခၚယူမယ့္ အာဆင္နယ္ရဲ႕
ႀကိဳးစားမႈက တရားေရးရင္ဆုိင္ရႏုိင္တဲ့အထိ

ရႈပ္ေထြးလာႏိုင္ၿပီး အဆုိပါဆယ္ေက်ာ္သက္
တုိက္စစ္မွဴးေလးက ၀ုဗ္အသင္းနဲ႔
အႀကိဳသေဘာတူညီစာခ်ဳပ္
ခ်ဳပ္ဆိုထားၿပီးျဖစ္ေၾကာင္း သတင္းထြက္ေပၚလာပါတယ္။
ဘရာဇီး ယူ၁၇အသင္းမွာ ကစားခဲ့ဖူးတဲ့

အသက္ ၁၉ ႏွစ္အရြယ္ရွိ မာကြင္ဟို႔စ္ဟာ
ယခုေႏြရာသီအတြင္း အာဆင္နယ္ကို
ေရာက္လာဖို႔ နီးစပ္ေနသူျဖစ္ေပမယ့္
အခုေတာ့ မာကြင္ဟို႔စ္ဟာ ၀ုဗ္ကို
ေျပာင္းေရႊ႕ဖို႔ အႀကိဳသေဘာတူ

စာခ်ဳပ္ေတာင္ ခ်ဳပ္ဆိုထားၿပီးျဖစ္တယ္လုိ႔
သတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
နီးစပ္သူေတြရဲ႕သတင္းေပးပို႔ခ်က္အရ
မာကြင္ဟို႔စ္နဲ႔ ၀ုဗ္တို႔ၾကား
သေဘာတူညီထားေပမယ့္ ေဆာ္ေပၚလုိအသင္းက

အာဆင္နယ္ကို နည္းပါးတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔
မာကြင္ဟို႔စ္ကို ေခၚမလားလုိ႔
ကမ္းလွမ္းခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
ေဆာ္ေပၚလုိဟာ ၂၀၁၉ မွာ
မာကြင္ဟို႔စ္ကို ၅ႏွစ္စာခ်ဳပ္

ခ်ဳပ္ဆိုခဲ့ေပမယ့္ ဖီဖာရဲ႕
စည္းမ်ဥ္းေတြအရ အသက္ ၁၆ ႏွစ္အရြယ္
ကစားသမားတစ္ဦးကို အမ်ားဆုံး ၃ႏွစ္ပဲ
ခ်ဳပ္ဆုိရမယ့္အခ်က္ေၾကာင့္ သူ႕ရဲ႕
စာခ်ဳပ္သက္တမ္းက ဒီေႏြဆို

ကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။
၀ုဗ္အသင္းက မာကြင္ဟို႔စ္ကုိ
အလြတ္နဲ႔ ေခၚယူဖို႔ အႀကိဳသေဘာတူညီ
ထားၿပီးျဖစ္ေပမယ့္ ေဆာ္ေပၚလိုက
အခုလို မာကြင္ဟို႔စ္ကို ေပါင္ ၃သန္းနဲ႔

အာဆင္နယ္အသင္းဆီ ေရာင္းခ်မယ့္
ျဖစ္ရပ္ေၾကာင့္ ေဒါသထြက္ေနၿပီး
ဘရာဇီးမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ
အာဆင္နယ္နဲ႔ ေဆာ္ေပၚလိုတို႔ကို
တရားစြဲႏိုင္ေရးအတြက္ လုိအပ္တဲ့

အႀကံဉာဏ္ေတြ ေတာင္းခံထားတယ္လုိ႔ သိရပါတယ္။
Daily Mail သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ
ေဆာ္ေပၚလိုနဲ႔ ခ်ဳပ္ထားတဲ့ မာကြင္ဟို႔စ္ရဲ႕
စာခ်ဳပ္သက္တမ္းက ဇူလိုင္လ ၁၂ ရက္ေန႔မွာ
ကုန္ဆုံးမွာျဖစ္ၿပီး ၀ုဗ္က ဇူလုိင္လ ၁၄ ရက္ေန႔မွာ

စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ အႀကိဳသေဘာတူညီထားတာ
ျဖစ္ေၾကာင္း သိရပါတယ္။
ဒါေပမဲ့ ေဆာ္ေပၚလိုအသင္းက
မာကြင္ဟို႔စ္ကို အလြတ္နဲ႔
လက္မလႊတ္ရေစေရးအတြက္

အာဆင္နယ္နဲ႔ ေဆြးေႏြးခဲ့တာျဖစ္ၿပီး
ဒီအတြက္ေၾကာင့္ပဲ ၀ုဗ္အသင္းက
တရားစြဲဖုိ႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
၀ုဗ္ဟာ ေဆာ္ေပၚလုိ၊ အာဆင္နယ္နဲ႔
မာကြင္ဟို႔စ္တုိ႔ကို တရားစြဲဖို႔

ျပင္ဆင္ေနတာျဖစ္ပါတယ္။