ဝိန်းရွန်းနီက Nike နဲ့ စပွန်ဆာရှိပေမယ့် သားဖြစ်သူကိုင်းရွန်နီ ပထမဆုံးမော်ဒယ်လုပ်ပေးနေတာက Puma ဖြစ်နေ

ယူနိုက်တက်ရဲ့ လူငယ်အသင်းမှာကစားနေတဲ့ ဝိန်းရွန်းနီရဲ့သားကြီး ကိုင်းရွန်နီဟာ အသက်၁၂နှစ်အရွယ်မှာတင်

နာမည်ကျော် အားကစားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Pumaနဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုလိုက်ပါပြီ။

ဒါဟာ သူ့ရဲ့ကစားသမားဘဝရဲ့ ပထမဆုံးရရှိလာတဲ့ စပွန်ဆာလည်းဖြစ်ပါတယ်။

ကိုင်းရွန်နီက Pumaအဖြူရောင်အားကစားဖိနပ်သစ်ကို ကြိုးစည်းနေတဲ့ပုံစံကို

ဓါတ်ပုံရိုက်ကူးပြီး အင်စတာဂရမ်မှာ စတင်ကြေငြာမှုတွေ လုပ်လာခဲ့ပါတယ်။

ဒါဟာ Puma ရဲ့Back To School” ကြော်ငြာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး

ပရိသတ် ၅၉,၀၀၀ရှိတဲ့ ကိုင်းရွန်နီရဲ့အင်စတာဂရမ်အကောင့်နဲ့ Snapတို့ ကနေ ဓာတ်ပုံတွေကိုတင်လာတာဖြစ်ပါတယ်။

သူနဲ့Puma တို့ စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တာဟာ ပြီးခဲ့တဲ့လတုန်းကဖြစ်ပြီး

အခုလမှသာ မော်ဒယ်ဓါတ်ပုံရိုက်ကူးမှုတွေစလုပ်ခဲ့တာလို့လည်းသိရပါတယ်။

ကိုင်ရွန်းနီဟာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက် ယူ-၁၂အသင်းအတွက်

(၅၆)ဂိုးအထိသွင်းပြနိုင်ခဲ့ပြီး ရော်နယ်ဒိုရဲ့သား ခရစ်စတီယာနိုဂျူနီယာနဲ့လည်း အတွဲညီတဲ့ အသင်းဖော်တွေဖြစ်ပါတယ်။

ဖခင်ဖြစ်သူဝိန်းရွန်းနီဟာ ယူနိုက်တက်မှာ ကစားခဲ့စဉ်က ကွင်းတွင်း/ကွင်းပြင်အောင်မြင်မှုကိုရရှိခဲ့သလို

ကိုင်းရွန်နီကလည်းဖခင် ခြေရာနင်းနိုင်ဖို့ စတင်ခြေလှမ်းလှမ်းနေပြီလိုဆိုရမှာပါ။

ဝိန်းရွန်းနီကတော့ Nike စပွန်ဆာရယူထားသူဖြစ်ပါတယ်။ရွန်းနီဟာယူနိုက်တက်အတွက်

၂၅၃ဂိုးသွင်းကာကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

zawgyi

ဝိန္း႐ြန္းနီက Nike နဲ႔ စပြန္ဆာရွိေပမယ့္ သားျဖစ္သူကိုင္း႐ြန္နီ ပထမဆုံးေမာ္ဒယ္လုပ္ေပးေနတာက Puma ျဖစ္ေန

ယူႏိုက္တက္ရဲ႕ လူငယ္အသင္းမွာကစားေနတဲ့ ဝိန္း႐ြန္းနီရဲ႕သားႀကီး ကိုင္း႐ြန္နီဟာ အသက္၁၂ႏွစ္အ႐ြယ္မွာတင္

နာမည္ေက်ာ္ အားကစားအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Pumaနဲ႔ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုလိုက္ပါၿပီ။

ဒါဟာ သူ႔ရဲ႕ကစားသမားဘဝရဲ႕ ပထမဆုံးရရွိလာတဲ့ စပြန္ဆာလည္းျဖစ္ပါတယ္။

ကိုင္း႐ြန္နီက Pumaအျဖဴေရာင္အားကစားဖိနပ္သစ္ကို ႀကိဳးစည္းေနတဲ့ပုံစံကို

ဓါတ္ပုံ႐ိုက္ကူးၿပီး အင္စတာဂရမ္မွာ စတင္ေၾကျငာမႈေတြ လုပ္လာခဲ့ပါတယ္။

ဒါဟာ Puma ရဲ႕Back To School” ေၾကာ္ျငာအစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး

ပရိသတ္ ၅၉,၀၀၀ရွိတဲ့ ကိုင္း႐ြန္နီရဲ႕အင္စတာဂရမ္အေကာင့္နဲ႔ Snapတို႔ ကေန ဓာတ္ပုံေတြကိုတင္လာတာျဖစ္ပါတယ္။

သူနဲ႔Puma တို႔ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာဟာ ၿပီးခဲ့တဲ့လတုန္းကျဖစ္ၿပီး

အခုလမွသာ ေမာ္ဒယ္ဓါတ္ပုံ႐ိုက္ကူးမႈေတြစလုပ္ခဲ့တာလို႔လည္းသိရပါတယ္။

ကိုင္႐ြန္းနီဟာလည္း ၿပီးခဲ့တဲ့ရာသီတုန္းက ယူႏိုက္တက္ ယူ-၁၂အသင္းအတြက္

(၅၆)ဂိုးအထိသြင္းျပႏိုင္ခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕သား ခရစ္စတီယာႏိုဂ်ဴနီယာနဲ႔လည္း အတြဲညီတဲ့ အသင္းေဖာ္ေတြျဖစ္ပါတယ္။

ဖခင္ျဖစ္သူဝိန္း႐ြန္းနီဟာ ယူႏိုက္တက္မွာ ကစားခဲ့စဥ္က ကြင္းတြင္း/ကြင္းျပင္ေအာင္ျမင္မႈကိုရရွိခဲ့သလို

ကိုင္း႐ြန္နီကလည္းဖခင္ ေျခရာနင္းႏိုင္ဖို႔ စတင္ေျခလွမ္းလွမ္းေနၿပီလိုဆိုရမွာပါ။

ဝိန္း႐ြန္းနီကေတာ့ Nike စပြန္ဆာရယူထားသူျဖစ္ပါတယ္။႐ြန္းနီဟာယူႏိုက္တက္အတြက္

၂၅၃ဂိုးသြင္းကာကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။