
ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ





အနားယူခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ဗြိတိန်ရဲ့ ထာဝရအကောင်းဆုံး
ကစားသမားအဖြစ်မဲပေးရွေးချယ်ခံခဲ့ရတယ်လို့ SPORTbible က





ဖော်ပြလိုက်ပါတယ်။ ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ ယူရိုနဲ့
ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဝေးလ်အသင်းခေါင်းဆောင်အဖြစ်





ပါဝင်ခဲ့သလို တော်ဝင်ကလပ်နဲ့အတူ ချန်ပီယံလိဂ် ၅ကြိမ်၊
လာလီဂါ ချန်ပီယံဆု ၃ကြိမ် ပိုင်ဆိုင်ခဲ့သူဖြစ်တယ်။





ဘေးလ်ရဲ့ ၁၇ နှစ်တာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀
အစောပိုင်းကာလတွေဟာ အလွန်တောက်ပခဲ့တာပါ။
အသက် ၁၆နှစ် နဲ့ ၂၇၅ ရက်မှာ ဆောက်သမ်တန်အတွက်





စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်ဒုတိယမြောက်
အသက်အငယ်ဆုံးပွဲထွက်သူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။





ဘယ်နောက်ခံလူအဖြစ်စတင်ခဲ့တဲ့ ဘေးလ်ဟာ ၂၀၀၇ မှာ
စပါးကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် တောင်ပံတိုက်စစ်





ကစားသမားအဖြစ်ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၀-၁၁ ရာသီမှာတော့
အင်တာမီလန်ဘက်ကို ဟက်ထရစ်ဂိုးအပါအဝင် ချန်ပီယံလိဂ်မှာ





စပါးနဲ့အတူအစွမ်းကုန်တောက်ပခဲ့ပြီး PFA တစ်နှစ်တာ
အကောင်းဆုံးကစားသမားဆုကို ၂ကြိမ် အထိပိုင်ဆိုင်ခဲ့တာဖြစ်တယ်။





ရီးရဲလ်ကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် ပြဿနာအနည်းငယ်ရှိခဲ့ပေမဲ့
အဆင့်မြင့်ဂိမ်းတွေမှာပါဝင်ခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်မှာ





သွင်းဂိုး ၂ဂိုး အထိရယူပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်ကစားသမားဘ၀
၂၅၈ ပွဲမှာ ၁၀၆ ဂိုး သွင်းပြီး ဆုဖလား ၁၉ လုံးသိမ်းပိုက်ခဲ့တဲ့
ဘေးလ်ရဲ့မှတ်တမ်းက ဝေဖန်မှုတွေကြားမှာထိပ်ဆုံးအဆင့်ရှိခဲ့တာပါ။





ပရိသတ်တွေအားလုံးကတော့ ဒီအခြေအနေကိုကြည့်ပြီး
ဘေးလ်ကိုဗြိတိန်ရဲ့ထာဝရအကောင်းဆုံးအဖြစ် အဆုံးအထိ





မဲပေးခဲ့ကြတာဖြစ်တယ်။ အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့
SPORTbible ကဆန္ဒမဲပေါင်း ၄၆၀၀၀ ဆိုတဲ့အကန့်အသတ်နဲ့





ပရိသတ်တွေကိုမဲပေးစေခဲ့ရာမှာတော့ ဂါရတ်ဘေးလ်က
ဝိန်းရွန်နီ၊ ဂျော့ဘက်စ်နဲ့ ကင်နီဒဲလ်ဂလစ်ရှ်တို့ကို ကျော်ဖြတ်





နိုင်ခဲ့တာဖြစ်တယ်။ ဝေးလ်တောင်ပံကစားသမား ဘေးလ်က
ဆန္ဒမဲရဲ့ ၃၆.၄ ရာခိုင်နှုန်းနဲ့ထိပ်ဆုံးရပ်တည်ခဲ့တာပါ။
သူ့ရဲ့နောက်မှာတော့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း





ဝိန်းရွန်နီက ၃၃.၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာရပ်တည်ခဲ့တာပါ။
zawgyi





ဝိန္း႐ြန္နီကိုေက်ာ္ျဖတ္ၿပီး ၿဗိတိန္ရဲ႕ထာဝရအေကာင္းဆုံးအျဖစ္ ဂါရတ္ေဘးလ္ကို ပရိသတ္ေတြမဲေပးေ႐ြးခ်ယ္ခဲ့ၾက
ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကေန
အနားယူခဲ့တဲ့ ဂါရတ္ေဘးလ္ဟာ ၿဗိတိန္ရဲ႕ ထာဝရအေကာင္းဆုံး





ကစားသမားအျဖစ္မဲေပးေ႐ြးခ်ယ္ခံခဲ့ရတယ္လို႔ SPORTbible က
ေဖာ္ျပလိုက္ပါတယ္။ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ ယူ႐ိုနဲ႔





ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ေဝးလ္အသင္းေခါင္းေဆာင္အျဖစ္
ပါဝင္ခဲ့သလို ေတာ္ဝင္ကလပ္နဲ႔အတူ ခ်န္ပီယံလိဂ္ ၅ႀကိမ္၊
လာလီဂါ ခ်န္ပီယံဆု ၃ႀကိမ္ ပိုင္ဆိုင္ခဲ့သူျဖစ္တယ္။





ေဘးလ္ရဲ႕ ၁၇ ႏွစ္တာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀
အေစာပိုင္းကာလေတြဟာ အလြန္ေတာက္ပခဲ့တာပါ။





အသက္ ၁၆ႏွစ္ နဲ႔ ၂၇၅ ရက္မွာ ေဆာက္သမ္တန္အတြက္
စတင္ပြဲထြက္ခြင့္ရခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ဒုတိယေျမာက္
အသက္အငယ္ဆုံးပြဲထြက္သူအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။





ဘယ္ေနာက္ခံလူအျဖစ္စတင္ခဲ့တဲ့ ေဘးလ္ဟာ ၂၀၀၇ မွာ
စပါးကိုေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္ ေတာင္ပံတိုက္စစ္





ကစားသမားအျဖစ္ေျပာင္းလဲခဲ့ပါတယ္။ ၂၀၁၀-၁၁ ရာသီမွာေတာ့
အင္တာမီလန္ဘက္ကို ဟက္ထရစ္ဂိုးအပါအဝင္ ခ်န္ပီယံလိဂ္မွာ
စပါးနဲ႔အတူအစြမ္းကုန္ေတာက္ပခဲ့ၿပီး PFA တစ္ႏွစ္တာ





အေကာင္းဆုံးကစားသမားဆုကို ၂ႀကိမ္ အထိပိုင္ဆိုင္ခဲ့တာျဖစ္တယ္။
ရီးရဲလ္ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီးတဲ့ေနာက္ ျပႆနာအနည္းငယ္ရွိခဲ့ေပမဲ့





အဆင့္ျမင့္ဂိမ္းေတြမွာပါဝင္ခဲ့သလို ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ
သြင္းဂိုး ၂ဂိုး အထိရယူေပးႏိုင္ခဲ့ပါတယ္။ ရီးရဲလ္ကစားသမားဘ၀
၂၅၈ ပြဲမွာ ၁၀၆ ဂိုး သြင္းၿပီး ဆုဖလား ၁၉ လုံးသိမ္းပိုက္ခဲ့တဲ့





ေဘးလ္ရဲ႕မွတ္တမ္းက ေဝဖန္မႈေတြၾကားမွာထိပ္ဆုံးအဆင့္ရွိခဲ့တာပါ။
ပရိသတ္ေတြအားလုံးကေတာ့ ဒီအေျခအေနကိုၾကည့္ၿပီး





ေဘးလ္ကိုၿဗိတိန္ရဲ႕ထာဝရအေကာင္းဆုံးအျဖစ္ အဆုံးအထိ
မဲေပးခဲ့ၾကတာျဖစ္တယ္။ အားကစားဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့
SPORTbible ကဆႏၵမဲေပါင္း ၄၆၀၀၀ ဆိုတဲ့အကန႔္အသတ္နဲ႔





ပရိသတ္ေတြကိုမဲေပးေစခဲ့ရာမွာေတာ့ ဂါရတ္ေဘးလ္က
ဝိန္း႐ြန္နီ၊ ေဂ်ာ့ဘက္စ္နဲ႔ ကင္နီဒဲလ္ဂလစ္ရွ္တို႔ကို ေက်ာ္ျဖတ္





ႏိုင္ခဲ့တာျဖစ္တယ္။ ေဝးလ္ေတာင္ပံကစားသမား ေဘးလ္က
ဆႏၵမဲရဲ႕ ၃၆.၄ ရာခိုင္ႏႈန္းနဲ႔ထိပ္ဆုံးရပ္တည္ခဲ့တာပါ။
သူ႔ရဲ႕ေနာက္မွာေတာ့ ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း





ဝိန္း႐ြန္နီက ၃၃.၁ ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာရပ္တည္ခဲ့တာပါ။