အဲဗာတန်အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရူနီဟာ အဲဗာတန်အသင်းဆီကို
နည်းပြအဖြစ်နဲ့ အံ့အားသင့်ဖွယ်ရာပြန်လည်ရောက် လာဖို့ရှိနေတယ်လို့
The Sun သတင်းစာကြီးကဖော်ပြလိုက်ပါတယ်။ အဲဗာတန်ရဲ့အဓိက
ရှယ်ယာရှင်ဖြစ်ပြီး စည်းမျဥ်းအရပိုင် ရှင်လည်းဖြစ်တဲ့ ဖာဟတ်မိုရှီရီ ဟာ
လက်ရှိနည်းပြ ဘင်နီတက်ဇ်ကို အသင်းတိုးတက်ဖို့အတွက်အားကိုးတကြီးနဲ့
ခန့်အပ်ခဲ့ပေ မယ့် အခြေအနေမဟန်လို့ အရေးပေါ်စီမံကိန်းတစ်ရပ်ထားရှိတဲ့အနေနဲ့
ရူနီကိုခေါ်ယူဖို့ရည်မှန်းထားတာဖြစ်ပါတယ်။
The Sun ရဲ့ဖော်ပြချက်အရ အဲဗာတန်ဟာ ရူနီကိုတရားဝင်ဆက်သွယ်ခြင်းမရှိပေမယ့်
သူတို့ကြားမှာဆက်ဆံရေးလမ်းကြောင်း တစ်ခုတည်ထောင်ထားတယ်လို့
သိရပါတယ်။ဘင်နီတက်ဇ်ဟာ မိုရှီရီလက်ထက်မှာခန့်အပ်ခဲ့တဲ့ ၅ ဦးမြောက်
နည်းပြလည်းဖြစ် ပါတယ်။ ရူနီဟာ ချန်ပီယံရှစ်ကလပ် ဒါဘီရဲ့နည်းပြဖြစ်ပြီး
ဘဏ္ဍာရေးပြဿနာတွေကြောင့် ၂၁ မှတ်လျှော့ခံထားရတဲ့
ဒါဘီကိုတန်းမဆင်းရဖို့အသည်းအသန်ရုန်းကန်ပေးနေရသူလည်းဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရူနီဟာအဲဗာတန်အကယ်ဒမီကနေ
ပေါ်ထွက်လာသူဖြစ်ပြီး သူ့အသက် ၁၈ နှစ်သာရှိသေးတဲ့ ၂၀၀၄ တုန်းက
မန်ယူကိုပေါင် ၂၇ သန်းနဲ့ပြောင်းသွားသူဖြစ်ပါတယ်။
သူဟာမေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကိုမပြောင်းခင်
အဲဗာ တန်မှာ ၂၀၁၇-၁၈ တစ်ရာသီကစားပေးခဲ့လို့
အဲဗာတန်ရော မန်ယူပရိသတ်တွေရဲ့အချစ်တော်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၃ လကဒါဘီအသင်းကို ဖိလစ်ကိုကူးလက်ထဲကနေ ရယူခဲ့ပြီးနောက်
တိုးတက်အောင်လုပ်ပေးနိုင်ခဲ့လို့ ဒါဘီကလည်း ရူနီအပေါ်အပြည့်အဝ
ယုံကြည်ထားဆဲဖြစ်ပါတယ်။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က
ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ နဲ့ရှုံးခဲ့ပြီး ကြာသပတေးနေ့ကျရင်လည်း
ဘင်နီတက်ဇ်ရဲ့နောက်ထပ်အသင်းဟောင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့
ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ အဲဗာတန်ဟာချဲလ်ဆီးနဲ့ပွဲမှာလည်း
မျှော်လင့်ချက်နည်းနေသေးပြီး တိုက်စစ်မှူး ရီချာလီဆန်ဟာ
ပဲလေ့စ်နဲ့ပွဲကဒဏ်ရာကြောင့် သီတင်းပတ်ပေါင်းများစွး
နားရဖို့ရှိနေလို့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။
zawgyi
ဝိန်းရူနီ အဲဗာတန်ဆီ ပြန်လာမှာလား