ဝါလ်ဒီမီယာနဲ့ ကလစ်ချ်ကိုတို့ညီအစ်ကိုနှစ်ဦး ပူတင် သတ်ဖို့ပစ်မှတ်ထားတဲ့ ၂၃ ဦးစာရင်းမှာပါဝင်နေ

ယူကရိန်းနိုင်ငံက ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်းတွေဖြစ်တဲ့

ဝါလ်ဒီမီယာနဲ့ ကလစ်ချ် ကိုတို့နှစ်ဦးဟာ ရုရှား သမ္မပူတင် က

သတ်ဖို့ပစ်မှတ်ထားတဲ့ ၂၃ ဦးစာရင်းမှာပါဝင်နေတယ်လို့ သိရပါတယ်။

ပူတင်ဟာ ယူကရိန်းကို ကျူးကျော်ဖို့အတွက်

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမိန့်ပေးခဲ့တာဖြစ်ပြီး

ယူကရိန်းရဲ့အရှေ့ဘက်၊ တောင်ဘက် နဲ့မြောက်ဘက် တို့ကနေ

အင်အားအပြည့်နဲ့ ဝင်ရောက်တိုက်ခိုက်နေပါတယ်။

ပူတင်ပစ်မှတ်ထားနေတဲ့ အဓိက မြို့က ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိဗ် ဖြစ်ပြီး

ကလစ်ချ်ကိုက မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေတာပါ။

သတင်းတွေအရ ပူတင်ဟာ သေချာစွာလေ့ကျင့်ပေးထားတဲ့

လူသတ်သမား ၄၀၀ ကိုပါစေလွှတ်ထားပြီး

သမ္မတ ဇီလန်စကီး နဲ့အစိုးရအဖွဲ့ဝင်တွေ၊ လူသိများတဲ့သူတွေကို

သုတ်သင်ရှင်းလင်းဖို့ တာဝန်ပေးထားတယ်လို့လည်း သိရပါတယ်။

ဒီလက်မရွံလူသတ်သမားတွေဟာ ပူတင်နဲ့နီးစပ်တဲ့ Wagner ဆိုတဲ့

ပုဂ္ဂလိကစစ်ဖက်အဖွဲ့အစည်း ကခေါ်ယူထားတဲ့ကြေးစားတွေဖြစ်ပြီး

အရင်တစ်လတည်းက အာဖရိက ကနေ

ရောက်ရှိလာခဲ့သူတွေဖြစ်တယ် လို့လည်းဆိုပါတယ်။

ဝါလ်ဒီမီယာနဲ့ ကလစ်ချ်ကိုတို့ဟာသူတို့ရဲ့ကျော်ကြားမှုကို

အသုံးချပြီးရုရှား ရဲ့ကျူးကျော်မှုကိုပြင်းထန်စွာတုံ့ပြန် ခဲ့ကြပြီး

အခြားသောနိုင်ငံတွေအနေနဲ့ ယူကရိန်းကလိုအပ်ချိန်မှာ

ကူညီကြဖို့တိုက်တွန်းခဲ့ကြတာပါ။

နှစ်ဦးစလုံး ဟာသူတို့တွေပြောခဲ့ကြတဲ့အတိုင်း လက်နက်ကိုင်ကာ

ရုရှားရဲ့ကျူးကျော်မှုကို ခုခံတိုက်ခိုက်နေကြပါတယ်။

ကလစ်ချ်ကိုက” ကျွန်တော်တို့မှာ လက်နက်ကိုင်ဖို့ကလွဲပြီး

ရွေးစရာမရှိတော့ဘူး” လို့ပြောခဲ့တာပါ။

သူ့ညီဖြစ် တဲ့ ဝါလ်ဒီမီယာ ကလည်းဆိုရှယ်မီဒီယာပေါ်ကနေတက်ကြွစွာလှုပ်ရှားနေပြီး

ကျူးကျော်စစ်ကိုမလိုလားတဲ့ ရု ရှားညီအစ်ကိုတွေနဲ့ လက်တွဲပြီ

း စစ်လိုလားတဲ့ပူတင်ကို ခုခံတိုက်ခိုက်သွားမယ်လို့ ရေးသားခဲ့ပါတယ်။

အခြား ယူကရိန်း ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားတွေဖြစ်တဲ့

လိုမာချန်ကို နဲ့အူဆက်ခ် တို့လည်းနိုင်ငံကိုကာကွယ်ဖို့ အတွက် စစ်ထဲဝင်ခဲ့ကြပါတယ်

zawgyi

ဝါလ်ဒီမီယာနဲ့ ကလစ်ခ်ျကိုတို့ညီအစ်ကိုနှစ်ဦး ပူတင် သတ်ဖို့ပစ်မှတ်ထားတဲ့ ၂၃ ဦးစာရင်းမှာပါဝင်နေ


ဝါလ်ဒီမီယာနဲ့ ကလစ်ခ်ျ ကိုတို့နှစ်ဦးဟာ ရုရှား သမ္မပူတင် က







ကလစ်ခ်ျကိုက မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေတာပါ။









ဝါလ်ဒီမီယာနဲ့ ကလစ်ခ်ျကိုတို့ဟာသူတို့ရဲ့ကျော်ကြားမှုကို






ကလစ်ခ်ျကိုက” ကျွန်တော်တို့မှာ လက်နက်ကိုင်ဖို့ကလွဲပြီး





