
စပါးနောက်ခံလူခရစ္စတီယန်ရိုမီရိုဟာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့
မန်ယူနောက်ခံလူမက်ဂွိုင်းယားရဲ့မျက်နှာရှေ့မှာ လှောင်ပြောင်ရယ်မောခဲ့ပေမယ့်
မိနစ်ပိုင်းအကြာမှာပဲ စီရော်နယ်ဒိုရဲ့ခေါင်းတိုက်အနိုင်ဂိုးမှာ သူ့အပြစ်မကင်းဖြစ်သွားခဲ့ပါတယ်။
မန်ယူအသင်းခေါင်းဆောင်က ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ၂-၂ ဖြစ်သွားချိန်မှာ
အဲဒီအာဂျင်တီးနားသားဟာ ကိုယ်ချင်းစာခြင်းလုံးဝမရှိခဲ့ပါဘူး။
အဲဒီအင်္ဂလန်အသင်းခေါင်းရှေ့သွားပြီး သူ့မျက်နှာတည့်တည့်မှာ ဟားတိုက်ရယ်မောခဲ့တာပါ။
ဒါပေမဲ့ ၁၀ မိနစ်တောင်မကြာလိုက်တဲ့အချိန်လေးအတွင်းမှာပဲ
သူဟာ စီရော်နယ်ဒိုရဲ့အနိုင်ဂိုးကို မတားဆီးနိုင်ဖြစ်သွားပါတယ်။
ထောင့်ကန်ဘောကနေ စီရော်နယ်ဒိုက မန်ယူအတွက် ခေါင်းတိုက်အနိုင်ဂိုးသွင်းတော့
ရိုမီရိုဟာ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။
အဲဒီဂိုးသွင်းပြီး မန်ယူကစာသမားတွေအောင်ပွဲခံနေတဲ့ နောက်ခံနဲ့အတူ
ရိုမီရိုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်နေပုံကို
မီဒီယာတစ်ယောက်က ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့တာပါ။
အဲဒါကို ဆိုရှယ်မီဒီယာထက်က ပရိသတ်တွေက မက်ဂွိုင်းယားကို
ရယ်နေတဲ့ပုံနဲ့ အဲဒီပုံတို့ကို နှိုင်းယှဉ်ပြကာ ရိုမီရိုကို လှောင်ပြောင်နေကြပါတယ်။
တချို့ပရိသတ်တွေကလည်း ရိုမီရိုဟာ ခဏလေးအတွင်းမှာပဲ ဝဠ်လည်တာလို့ ပြောကြတာပါ။
ဘောလုံးဝေဖန်သုံးသပ်သူတွေအဖြစ်လုပ်ကိုင်နေကြတဲ့
မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိင်ကိန်းနဲ့ စပါးနောက်ခံလူဟောင်း
မိုက်ကယ်ဒေါဆန်တို့ဟာလည်း မက်ဂွိုင်းယားကို လှောင်ခဲ့တဲ့
ရိုမီရိုရဲ့အပြုအမူကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။
zawgyi
ဝဠ္ဆိုတာ တစ္ပြဲေတာင္မကူးဘူးဆိုတာ သင္ခန္းစာေပးခံလိုက္ရတဲ့ စပါးေနာက္ခံလူ႐ိုမီ႐ို
စပါးေနာက္ခံလူခရစၥတီယန္႐ိုမီ႐ိုဟာ ကိုယ့္ဂိုးကိုယ္သြင္းခဲ့တဲ့
မန္ယူေနာက္ခံလူမက္ဂြိဳင္းယားရဲ႕မ်က္ႏွာေရွ႕မွာ ေလွာင္ေျပာင္ရယ္ေမာခဲ့ေပမယ့္
မိနစ္ပိုင္းအၾကာမွာပဲ စီေရာ္နယ္ဒိုရဲ႕ေခါင္းတိုက္အႏိုင္ဂိုးမွာ သူ႔အျပစ္မကင္းျဖစ္သြားခဲ့ပါတယ္။
မန္ယူအသင္းေခါင္းေဆာင္က ကိုယ့္ဂိုးကိုယ္သြင္းမိလို႔ ၂-၂ ျဖစ္သြားခ်ိန္မွာ
အဲဒီအာဂ်င္တီးနားသားဟာ ကိုယ္ခ်င္းစာျခင္းလုံးဝမရွိခဲ့ပါဘူး။
အဲဒီအဂၤလန္အသင္းေခါင္းေရွ႕သြားၿပီး သူ႔မ်က္ႏွာတည့္တည့္မွာ ဟားတိုက္ရယ္ေမာခဲ့တာပါ။
ဒါေပမဲ့ ၁၀ မိနစ္ေတာင္မၾကာလိုက္တဲ့အခ်ိန္ေလးအတြင္းမွာပဲ
သူဟာ စီေရာ္နယ္ဒိုရဲ႕အႏိုင္ဂိုးကို မတားဆီးႏိုင္ျဖစ္သြားပါတယ္။
ေထာင့္ကန္ေဘာကေန စီေရာ္နယ္ဒိုက မန္ယူအတြက္ ေခါင္းတိုက္အႏိုင္ဂိုးသြင္းေတာ့
႐ိုမီ႐ိုဟာ ဘယ္လိုမွ မတတ္ႏိုင္ခဲ့ပါဘူး။
အဲဒီဂိုးသြင္းၿပီး မန္ယူကစာသမားေတြေအာင္ပြဲခံေနတဲ့ ေနာက္ခံနဲ႔အတူ
႐ိုမီ႐ိုတစ္ေယာက္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနပုံကို
မီဒီယာတစ္ေယာက္က ဓာတ္ပုံမွတ္တမ္းတင္ႏိုင္ခဲ့တာပါ။
အဲဒါကို ဆိုရွယ္မီဒီယာထက္က ပရိသတ္ေတြက မက္ဂြိဳင္းယားကို
ရယ္ေနတဲ့ပုံနဲ႔ အဲဒီပုံတို႔ကို ႏႈိင္းယွဥ္ျပကာ ႐ိုမီ႐ိုကို ေလွာင္ေျပာင္ေနၾကပါတယ္။
တခ်ိဳ႕ပရိသတ္ေတြကလည္း ႐ိုမီ႐ိုဟာ ခဏေလးအတြင္းမွာပဲ ဝဠ္လည္တာလို႔ ေျပာၾကတာပါ။
ေဘာလုံးေဝဖန္သုံးသပ္သူေတြအျဖစ္လုပ္ကိုင္ေနၾကတဲ့
မန္ယူအသင္းေခါင္းေဆာင္ေဟာင္း႐ြိင္ကိန္းနဲ႔ စပါးေနာက္ခံလူေဟာင္း
မိုက္ကယ္ေဒါဆန္တို႔ဟာလည္း မက္ဂြိဳင္းယားကို ေလွာင္ခဲ့တဲ့
႐ိုမီ႐ိုရဲ႕အျပဳအမူကို ျပစ္တင္ရႈတ္ခ်ခဲ့ၾကပါတယ္။