ဝန်စည်စလယ်တွေ များနေတဲ့ အမ်ဘာပီကို အာကြီးလည်း လိုချင်မှာ မဟုတ်ဘူးဆိုတဲ့ ဒါရင်းဘန့်

လက်ရှိအချိန်မှာ ပီအက်စ်ဂျီနဲ့ ဆက်ဆံရေး မပြေလည်မှုတွေရှိနေပြီး ဇန်နဝါရီ မှာ အသင်းပြောင်းဖို့ လုပ်တော့မယ်လို့ သတင်းထွက်နေတဲ့ အမ်ဘာပီကို ဂျီးဆပ်စ်နဲ့ ဒဲ့လဲမယ်ဆိုရင်တောင် အာဆင်နယ်က လဲမှာ မဟုတ်ဘူးလို့ ပြော ဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ မေလတုန်းက အမ်ဘာပီကို စာချုပ် သစ် ချုပ်ဆိုခဲ့ရာမှာ အခွင့်ထူးခံ ကစားသမားတစ်ယောက်အနေနဲ့ အခွင့်အ ရေးပေးခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ကစားသမားစိတ်တိုင်းကျ ခြယ် လှယ်ခွင့် မပေးတော့တာကြောင့် အသင်းရဲ့ သစ္စာဖောက်မှုကို ခံနေရပြီလို့ ထင်မြင်နေတဲ့ ပြင်သစ်သားဟာ အသင်းပြောင်းဖို့ တောင်းဆိုလိုက်ပြီလို့ သိ ရပါတယ်။

အမ်ဘာပီဟာ လာမယ့်နွေရာသီဈေးကွက်မှာတော့ ရီးရဲလ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ အများစုက ယုံကြည်နေကြပါတယ်။

အမ်ဘာပီလို အရည်အသွေးမြင့် ကစားသမားမျိုးကို အသင်းတိုင်းရဲ့ ပရိသတ်တွေက မျှော်လင့်နေကြတာမျိုးရှိပေမယ့် အဲဒီအထဲမှာ အာကြီးဖန်တွေ မပါဘူးလို့ ဒါရင်းဘန့်က ပြောပါတယ်။

‘’အမ်ဘာပီက ဝန်စည်စလယ်တွေ အများကြီးနဲ့ လာတာပါ။ တစ်ခုခုကတော့ ဖြစ်နေမှာပါပဲ။ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ စူပါ စတားဖြစ်နေတဲ့ ဟာလန်းကိုကြည့်လိုက်။

သူက ဘာ ဝန်စည်စလယ်မှ မပါ ဘူး။ စာချုပ်တယ်။ သူနဲ့ပတ်သက်တဲ့ ဘာအကြောင်းမှ မကြားရ မမြင်ရဘူး။ သူက ပရော်ဖက်ရှင်နယ်ကစားသမားတွေအတွက် စံပြတစ်ယောက်လိုပဲ။

အမ်ဘာပီအကြောင်း ကျွန်တော်တို့ ပြောကြတဲ့အခါတိုင်း ဒီကောင်က စိတ် ပျက်နေတာတွေ၊ တစ်ယောက်ယောက်နဲ့ ကွိုင်တက်နေတာတွေ၊ ဆက်ဆံ ရေး အဆင်မပြေတာတွေ၊ ဒါတွေက အဓိပ္ပာယ်မှ မရှိတာ။ ပြီးခဲ့တဲ့ ရာသီတုန်း ကလည်း သူက အဆင်မပြေဘူး။ ရီးရဲလ်ကို အလွတ်ကြီး ပြောင်းချင်နေ တယ်။ အဲဒါတော့ မဖြစ်ခဲ့ဘူး။

အဲဒီနောက် အခွင့်ထူးခံ စာချုပ်နဲ့ သက်တမ်း တိုးတယ်။ အခုတော့ အဆင်မပြေပြန်ဘူး’’ လို့ ဒါရင်းဘန့်က ဆိုပါတယ်။

လက်ရှိမှာ အာကြီးနဲ့ ခြေစွမ်းပြနေတဲ့ ဂျီးဆပ်စ်ကို အမ်ဘာပီနဲ့ လဲမလားဆို တဲ့ မေးခွန်းအပေါ်မှာတော့ ဆန်းဒါးလန်း တိုက်စစ်မှူးဟောင်းက ‘’အခု လက် ရှိကို ပြောတာလား။ မလဲဘူး။ ဂျီးဆပ်စ်လုပ်နေတာတွေ ကျွန်တော်ကြိုက် တယ်။

အမ်ဘာပီဟာ ပိုကောင်းတဲ့ ကစားသမားမဟုတ်ဘူးလို့တော့ ကျွန် တော် မဆိုလိုဘူး။ ဘာကြောင့်လဲဆိုတော့ သူက ကောင်းတယ်။ ဒါပေမဲ့ အာ ဆင်နယ်က လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးမှာဗျ’’ လို့ ပြောဆိုသွားခဲ့ ပါတယ်။

(Zawgyi)

ဝန္စည္စလယ္ေတြ မ်ားေနတဲ့ အမ္ဘာပီကို အာႀကီးလည္း လိုခ်င္မွာ မဟုတ္ဘူးဆိုတဲ့ ဒါရင္းဘန႔္

လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီနဲ႔ ဆက္ဆံေရး မေျပလည္မႈေတြရွိေနၿပီး ဇန္နဝါရီ မွာ အသင္းေျပာင္းဖို႔ လုပ္ေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ အမ္ဘာပီကို ဂ်ီးဆပ္စ္နဲ႔ ဒဲ့လဲမယ္ဆိုရင္ေတာင္ အာဆင္နယ္က လဲမွာ မဟုတ္ဘူးလို႔ ေျပာ ဆိုလိုက္ပါတယ္။

ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ ေမလတုန္းက အမ္ဘာပီကို စာခ်ဳပ္ သစ္ ခ်ဳပ္ဆိုခဲ့ရာမွာ အခြင့္ထူးခံ ကစားသမားတစ္ေယာက္အေနနဲ႔ အခြင့္အ ေရးေပးခဲ့တာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ကစားသမားစိတ္တိုင္းက် ျခယ္ လွယ္ခြင့္ မေပးေတာ့တာေၾကာင့္ အသင္းရဲ႕ သစၥာေဖာက္မႈကို ခံေနရၿပီလို႔ ထင္ျမင္ေနတဲ့ ျပင္သစ္သားဟာ အသင္းေျပာင္းဖို႔ ေတာင္းဆိုလိုက္ၿပီလို႔ သိ ရပါတယ္။

အမ္ဘာပီဟာ လာမယ့္ေႏြရာသီေဈးကြက္မွာေတာ့ ရီးရဲလ္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ အမ်ားစုက ယုံၾကည္ေနၾကပါတယ္။

အမ္ဘာပီလို အရည္အေသြးျမင့္ ကစားသမားမ်ိဳးကို အသင္းတိုင္းရဲ႕ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကတာမ်ိဳးရွိေပမယ့္ အဲဒီအထဲမွာ အာႀကီးဖန္ေတြ မပါဘူးလို႔ ဒါရင္းဘန႔္က ေျပာပါတယ္။ ‘’အမ္ဘာပီက ဝန္စည္စလယ္ေတြ အမ်ားႀကီးနဲ႔ လာတာပါ။ တစ္ခုခုကေတာ့ ျဖစ္ေနမွာပါပဲ။ ကမာၻ႔ေဘာလုံးဇာတ္ခုံေပၚမွာ စူပါ စတားျဖစ္ေနတဲ့ ဟာလန္းကိုၾကည့္လိုက္။

သူက ဘာ ဝန္စည္စလယ္မွ မပါ ဘူး။ စာခ်ဳပ္တယ္။ သူနဲ႔ပတ္သက္တဲ့ ဘာအေၾကာင္းမွ မၾကားရ မျမင္ရဘူး။ သူက ပေရာ္ဖက္ရွင္နယ္ကစားသမားေတြအတြက္ စံျပတစ္ေယာက္လိုပဲ။ အမ္ဘာပီအေၾကာင္း ကြၽန္ေတာ္တို႔ ေျပာၾကတဲ့အခါတိုင္း ဒီေကာင္က စိတ္ ပ်က္ေနတာေတြ၊ တစ္ေယာက္ေယာက္နဲ႔ ကြိဳင္တက္ေနတာေတြ၊ ဆက္ဆံ ေရး အဆင္မေျပတာေတြ၊ ဒါေတြက အဓိပၸာယ္မွ မရွိတာ။

ၿပီးခဲ့တဲ့ ရာသီတုန္း ကလည္း သူက အဆင္မေျပဘူး။ ရီးရဲလ္ကို အလြတ္ႀကီး ေျပာင္းခ်င္ေန တယ္။ အဲဒါေတာ့ မျဖစ္ခဲ့ဘူး။ အဲဒီေနာက္ အခြင့္ထူးခံ စာခ်ဳပ္နဲ႔ သက္တမ္း တိုးတယ္။ အခုေတာ့ အဆင္မေျပျပန္ဘူး’’ လို႔ ဒါရင္းဘန႔္က ဆိုပါတယ္။

လက္ရွိမွာ အာႀကီးနဲ႔ ေျခစြမ္းျပေနတဲ့ ဂ်ီးဆပ္စ္ကို အမ္ဘာပီနဲ႔ လဲမလားဆို တဲ့ ေမးခြန္းအေပၚမွာေတာ့ ဆန္းဒါးလန္း တိုက္စစ္မႉးေဟာင္းက ‘’အခု လက္ ရွိကို ေျပာတာလား။ မလဲဘူး။ ဂ်ီးဆပ္စ္လုပ္ေနတာေတြ ကြၽန္ေတာ္ႀကိဳက္ တယ္။ အမ္ဘာပီဟာ ပိုေကာင္းတဲ့ ကစားသမားမဟုတ္ဘူးလို႔ေတာ့ ကြၽန္ ေတာ္ မဆိုလိုဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူက ေကာင္းတယ္။

ဒါေပမဲ့ အာ ဆင္နယ္က လက္ရွိမွာ ပရီးမီးယားလိဂ္ ထိပ္ဆုံးမွာဗ်’’ လို႔ ေျပာဆိုသြားခဲ့ ပါတယ္။