ဝက်ဖို့ဒ်ပွဲမတိုင်ခင် သူ့ရဲ့အနာဂတ်အတွက် အဓိကကျသူတွေနဲ့ ဆိုးလ်ရှား ဆွေးနွေး

စနေနေ့ ၊ အဝေးကွင်းမှာ ကစားရမယ့် ဝက်ဖို့ဒ်နဲ့ပရီးမီးယားလိဂ်ပွဲမတိုင်ခင်

ရော်နယ်ဒိုအပါအဝင် မန်ယူက စီနီယာ ကစားသမား ၆ ဦးနဲ့

ဆိုးလ်ရှားဆွေးနွေးခဲ့ပါတယ်။ ကြာသာပတေးနေ့ မနက် ၁၀ နာရီက

ကာရင်းတန် လေ့ကျင့်ရေးကွင်းမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊

ရော်နယ်ဒို၊ ဘရူနို၊ လုခ်ရှော၊ လင်ဒီလော့ဖ်၊ မာတစ်တို့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး

မန်ယူရဲ့ ရလဒ်ဆိုးရွားနေမှုတွေကို ​ပြောင်းလဲဖို့၊ ပြီးခဲ့တဲ့

နောက်ဆုံး ၃ ပွဲမှာ ခံစစ်မှူး ၃ ဦးထားခဲ့တဲ့စနစ်တွေနဲ့ ပတ်သက်ပြီး

နည်းဗျူဟာပိုင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မန်ယူဟာ အိမ်ကွင်းမှာ လီဗာပူးနဲ့ မန်စီးတီးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့သလို

ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၆ ပွဲအထိ ရှုံးထားလို့ နည်းပြဆိုးလ်ရှား

ဖိအားများနေပါတယ်။ နိုင်ငံတကာပြိုင်ပွဲကာလအတွင်း နော်ဝေက အိမ်မှာ

ပြန်လည် အနားယူခဲ့တဲ့ ဆိုးလ်ရှားကိုထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ

ရှိနေပေမယ့် မန်ယူတာဝန်ရှိသူတွေကတော့ ထောက်ခံမှု ဆက်ပေးထားပါတယ်။

ဒါပေမယ့် စနေနေ့မှာ ကစားရမယ့် ဝက်ဖို့ဒ်နဲ့ပွဲ၊ ကြားရက်အတွင်းမှာ

ဗီလာရီးရဲလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲတွေမှာ ရလဒ်မကောင်းခဲ့ရင်

အခြေအနေ ပြောင်းသွားနိုင်တာမို့ မန်ယူရဲ့အခြေအနေကို

ပြောင်းလဲနိုင်ဖို့နဲ့ သူ့ရဲ့အနာဂတ်အတွက်ပါ အဓိကကျသူတွေနဲ့

ဆိုးလ်ရှား ဆွေးနွေးပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။

zawgyi

ဝက္ဖို႔ဒ္ပြဲမတိုင္ခင္ သူ႔ရဲ႕အနာဂတ္အတြက္ အဓိကက်သူေတြနဲ႔ ဆိုးလ္ရွား ေဆြးေႏြး

စေနေန႔ ၊ အေဝးကြင္းမွာ ကစားရမယ့္ ဝက္ဖို႔ဒ္နဲ႔ပရီးမီးယားလိဂ္ပြဲမတိုင္ခင္

ေရာ္နယ္ဒိုအပါအဝင္ မန္ယူက စီနီယာ ကစားသမား ၆ ဦးနဲ႔

ဆိုးလ္ရွားေဆြးေႏြးခဲ့ပါတယ္။ ၾကာသာပေတးေန႔ မနက္ ၁၀ နာရီက

ကာရင္းတန္ ေလ့က်င့္ေရးကြင္းမွာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား၊

ေရာ္နယ္ဒို၊ ဘ႐ူႏို၊ လုခ္ေရွာ၊ လင္ဒီေလာ့ဖ္၊ မာတစ္တို႔နဲ႔ ေဆြးေႏြးခဲ့တာျဖစ္ၿပီး

မန္ယူရဲ႕ ရလဒ္ဆိုး႐ြားေနမႈေတြကို ​ေျပာင္းလဲဖို႔၊ ၿပီးခဲ့တဲ့

ေနာက္ဆုံး ၃ ပြဲမွာ ခံစစ္မႉး ၃ ဦးထားခဲ့တဲ့စနစ္ေတြနဲ႔ ပတ္သက္ၿပီး

နည္းဗ်ဴဟာပိုင္းေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။ မန္ယူဟာ

အိမ္ကြင္းမွာ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့သလို

ဒီရာသီ ပရီးမီးယားလိဂ္ ၁၂ ပြဲမွာ ၆ ပြဲအထိ ရႈံးထားလို႔ နည္းျပဆိုးလ္ရွား

ဖိအားမ်ားေနပါတယ္။ ႏိုင္ငံတကာၿပိဳင္ပြဲကာလအတြင္း ေနာ္ေဝက အိမ္မွာ

ျပန္လည္ အနားယူခဲ့တဲ့ ဆိုးလ္ရွားကိုထုတ္ပယ္ဖို႔ ေတာင္းဆိုမႈေတြ

ရွိေနေပမယ့္ မန္ယူတာဝန္ရွိသူေတြကေတာ့ ေထာက္ခံမႈ ဆက္ေပးထားပါတယ္။

ဒါေပမယ့္ စေနေန႔မွာ ကစားရမယ့္ ဝက္ဖို႔ဒ္နဲ႔ပြဲ၊ ၾကားရက္အတြင္းမွာ

ဗီလာရီးရဲလ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲေတြမွာ ရလဒ္မေကာင္းခဲ့ရင္

အေျခအေန ေျပာင္းသြားႏိုင္တာမို႔ မန္ယူရဲ႕အေျခအေနကို

ေျပာင္းလဲႏိုင္ဖို႔နဲ႔ သူ႔ရဲ႕အနာဂတ္အတြက္ပါ အဓိကက်သူေတြနဲ႔

ဆိုးလ္ရွား ေဆြးေႏြးျပင္ဆင္ခဲ့တာ ျဖစ္ပါတယ္။