
တိုက်စစ်မှူးဝက်စ်ဟော့ဟာ ဇန်နဝါရီမှာ ယူနိုက်တက်ကို





ပြောင်းရွှေ့ချင်နေတယ်လို့ ဘီဆစ်တပ်နဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူက
အတည်ပြုပြောဆိုထားပါတယ်။ ယူနိုက်တက်နည်းပြတန်ဟတ်ဟာ





တင်းကြပ်လွန်းတဲ့ ဘတ်ဂျက်အခြေအနေကြောင့် ရေတို
ပစ်မှတ်အတွက် ဝက်စ်ဟော့ကိုခေါ်ယူမယ်လို့ အံ့အားသင့်ဖွယ်ရာ
သတင်းထွက်လာတာဖြစ်တယ်။ အပြောင်းအရွှေ့မာစတာဖြစ်တဲ့





အီတလီနာမည်ကျော်ဂျာနယ်လစ် ရိုမာနိုကတော့ ဝက်စ်ဟော့ရဲ့
အနေအထားကအတော်လေးရှင်းတယ်လို့ ဖွင့်ဟထားသလို





ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့သဘောကျနေတယ်လို့
အတည်ပြုထားပြီး တန်ဟတ်ဘက်က သူ့ကိုစာချုပ်ချုပ်ဆို
လိမ့်မယ်လို့လည်း ကစားသမားဘက်က ရာနှုန်းပြည့်





ယုံကြည်နေတယ်လို့ဆိုပါတယ်။ ယခုသီတင်းပတ်အတွင်း
ကစားခဲ့တဲ့ ကာဆင်ပါဆာနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပြီးတဲ့နောက်





နယ်သာလန်ကြယ်ပွင့်ဟာ ပရိသတ်တွေကို လက်ဝှေ့ရမ်းပြီး
နှုတ်ဆက်ခဲ့သလို ပါစပ်ကနေ ‘bye’ လို့ ရေရွတ်ခဲ့ပါတယ်။
တူရကီသတင်းစာ Fanatik နဲ့တွေ့ဆုံမှုမှာတော့ ဝက်စ်ဟော့ရဲ့





အေးဂျင့် ဇီရိုမာက “အရာအားလုံးအဆင်ပြေပါတယ်။
ပြဿနာမရှိပါဘူး။ ဝက်စ်ဟော့က အောင်ပွဲခံမှုတစ်ခု





ပြုလုပ်ခဲ့ယုံပါ” လို့ ပြောဆိုခဲ့ပါတယ်။ ဘီဆစ်တပ်အားကစား
ဒါရိုက်တာ ကာဇန်ဆီကတော့ ကစားသမားရဲ့လုပ်ရုပ်နဲ့
ပက်သတ်လို့နားမလည်နိုင်အောင်ဖြစ်နေပြီး ဒီကိစ္စဟာ





ပရိသတ်ကိုလက်ပြနှုတ်ဆက်ရုံလောက်နဲ့မပြီးဘူးလို့
မှတ်ချက်ပေးခဲ့ပါတယ်။ “ဝက်ဟော့က ပရိသတ်တွေကို





ဘာကြောင့်နှုတ်ဆက်စကားပြောခဲ့သလဲဆိုတာကို
နားမလည်ပါဘူး။ ဘာလို့ သူဒီလိုလုပ်ခဲ့တာလဲ။
သူက အခုအချိန်မှာ ငါတို့ကစားသမားလေ။ ကျွန်တော်တို့နဲ့





ရာသီကုန်အထိ စာချုပ်ချုပ်ထားတာပါ။ တကယ်လို့
ယူနိုက်တက်ပဲဖြစ်ဖြစ်၊ ဘယ်အသင်းဖြစ်ဖြစ် သူ့ကို





လိုချင်တယ်ဆိုရင် သူတို့ ဘန်လေနဲ့အရင်တွေ့ဆုံရမှာပါ။
အဲ့ဒီနောက် ဘန်လေက ကျွန်တော်တို့ဆီဆက်သွယ်ပြီး
ခွဲခွာခြင်းဆိုင်ရာစည်းကမ်းချက်တွေကို ဆွေးနွေးရပါမယ်။





ကျွန်တော်တို့လက်ခံရင် စာချုပ်ကိုရပ်စဲလို့ရတယ်။
မဟုတ်ရင်တော့ ရာသီကုန်အထိဆက်သွားရလိမ့်မယ်။





သူ ဒီအတိုင်းထွက်သွားလို့မရဘူး။ ခွဲခွာခြင်းကိုအတည်ပြုနိုင်မှ
ကျွန်တော်တို့လိုချင်တဲ့ဆုလာဘ်တစ်ခုကိုရမှာပါ။
ငါ့ဘက်က ဥပမာတစ်ခုပေးမယ်။ ဘန်လေက ငါတို့ကို





‘ဝက်စ်ဟော့အတွက် ဒီအသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့တယ်။
မင်းတို့ကို ပြောင်းရွှေ့ကြေးတစ်ဝက်ပေးမယ်’ ဒါမျိုးကို





ဆိုလိုတာပါ။ ဒါက မတူညီတဲ့အခြေအနေတစ်ခုဖြစ်တယ်။
နောက်တော့ ကျွန်တော်တို့ထိုင်ခုံပေါ်မှာ ဆက်ပြီး
စကားပြောရမှာပါ” လို့ ဘီဆစ်တပ်အားကစားဒါရိုက်တာ





ကာဇန်ဆီက NTV Spor နဲ့တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။
zawgyi





ဝက္စ္ေဟာ့ဘက္က ပရိသတ္ကိုလက္ျပႏႈတ္ဆက္႐ုံေလာက္နဲ႔မၿပီးဘူးလို႔ အားကစားဒါ႐ိုက္တာ ကာဇန္ဆီ သတိေပး
တိုက္စစ္မႉးဝက္စ္ေဟာ့ဟာ ဇန္နဝါရီမွာ ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ ဘီဆစ္တပ္နဲ႔ သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူက





အတည္ျပဳေျပာဆိုထားပါတယ္။ ယူႏိုက္တက္နည္းျပတန္ဟတ္ဟာ
တင္းၾကပ္လြန္းတဲ့ ဘတ္ဂ်က္အေျခအေနေၾကာင့္ ေရတို





ပစ္မွတ္အတြက္ ဝက္စ္ေဟာ့ကိုေခၚယူမယ္လို႔ အံ့အားသင့္ဖြယ္ရာ
သတင္းထြက္လာတာျဖစ္တယ္။ အေျပာင္းအေ႐ႊ႕မာစတာျဖစ္တဲ့
အီတလီနာမည္ေက်ာ္ဂ်ာနယ္လစ္ ႐ိုမာႏိုကေတာ့ ဝက္စ္ေဟာ့ရဲ႕





အေနအထားကအေတာ္ေလးရွင္းတယ္လို႔ ဖြင့္ဟထားသလို
ယူႏိုက္တက္ကိုေျပာင္းေ႐ႊ႕ဖို႔သေဘာက်ေနတယ္လို႔





အတည္ျပဳထားၿပီး တန္ဟတ္ဘက္က သူ႔ကိုစာခ်ဳပ္ခ်ဳပ္ဆို
လိမ့္မယ္လို႔လည္း ကစားသမားဘက္က ရာႏႈန္းျပည့္
ယုံၾကည္ေနတယ္လို႔ဆိုပါတယ္။ ယခုသီတင္းပတ္အတြင္း





ကစားခဲ့တဲ့ ကာဆင္ပါဆာနဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းၿပီးတဲ့ေနာက္
နယ္သာလန္ၾကယ္ပြင့္ဟာ ပရိသတ္ေတြကို လက္ေဝွ႔ရမ္းၿပီး





ႏႈတ္ဆက္ခဲ့သလို ပါစပ္ကေန ‘bye’ လို႔ ေရ႐ြတ္ခဲ့ပါတယ္။
တူရကီသတင္းစာ Fanatik နဲ႔ေတြ႕ဆုံမႈမွာေတာ့ ဝက္စ္ေဟာ့ရဲ႕
ေအးဂ်င့္ ဇီ႐ိုမာက “အရာအားလုံးအဆင္ေျပပါတယ္။





ျပႆနာမရွိပါဘူး။ ဝက္စ္ေဟာ့က ေအာင္ပြဲခံမႈတစ္ခု
ျပဳလုပ္ခဲ့ယုံပါ” လို႔ ေျပာဆိုခဲ့ပါတယ္။ ဘီဆစ္တပ္အားကစား





ဒါ႐ိုက္တာ ကာဇန္ဆီကေတာ့ ကစားသမားရဲ႕လုပ္႐ုပ္နဲ႔
ပက္သတ္လို႔နားမလည္ႏိုင္ေအာင္ျဖစ္ေနၿပီး ဒီကိစၥဟာ
ပရိသတ္ကိုလက္ျပႏႈတ္ဆက္႐ုံေလာက္နဲ႔မၿပီးဘူးလို႔





မွတ္ခ်က္ေပးခဲ့ပါတယ္။ “ဝက္ေဟာ့က ပရိသတ္ေတြကို
ဘာေၾကာင့္ႏႈတ္ဆက္စကားေျပာခဲ့သလဲဆိုတာကို





နားမလည္ပါဘူး။ ဘာလို႔ သူဒီလိုလုပ္ခဲ့တာလဲ။
သူက အခုအခ်ိန္မွာ ငါတို႔ကစားသမားေလ။ ကြၽန္ေတာ္တို႔နဲ႔
ရာသီကုန္အထိ စာခ်ဳပ္ခ်ဳပ္ထားတာပါ။ တကယ္လို႔





ယူႏိုက္တက္ပဲျဖစ္ျဖစ္၊ ဘယ္အသင္းျဖစ္ျဖစ္ သူ႔ကို
လိုခ်င္တယ္ဆိုရင္ သူတို႔ ဘန္ေလနဲ႔အရင္ေတြ႕ဆုံရမွာပါ။





အဲ့ဒီေနာက္ ဘန္ေလက ကြၽန္ေတာ္တို႔ဆီဆက္သြယ္ၿပီး
ခြဲခြာျခင္းဆိုင္ရာစည္းကမ္းခ်က္ေတြကို ေဆြးေႏြးရပါမယ္။
ကြၽန္ေတာ္တို႔လက္ခံရင္ စာခ်ဳပ္ကိုရပ္စဲလို႔ရတယ္။





မဟုတ္ရင္ေတာ့ ရာသီကုန္အထိဆက္သြားရလိမ့္မယ္။
သူ ဒီအတိုင္းထြက္သြားလို႔မရဘူး။ ခြဲခြာျခင္းကိုအတည္ျပဳႏိုင္မွ





ကြၽန္ေတာ္တို႔လိုခ်င္တဲ့ဆုလာဘ္တစ္ခုကိုရမွာပါ။
ငါ့ဘက္က ဥပမာတစ္ခုေပးမယ္။ ဘန္ေလက ငါတို႔ကို
‘ဝက္စ္ေဟာ့အတြက္ ဒီအသင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္။





မင္းတို႔ကို ေျပာင္းေ႐ႊ႕ေၾကးတစ္ဝက္ေပးမယ္’ ဒါမ်ိဳးကို
ဆိုလိုတာပါ။ ဒါက မတူညီတဲ့အေျခအေနတစ္ခုျဖစ္တယ္။





ေနာက္ေတာ့ ကြၽန္ေတာ္တို႔ထိုင္ခုံေပၚမွာ ဆက္ၿပီး
စကားေျပာရမွာပါ” လို႔ ဘီဆစ္တပ္အားကစားဒါ႐ိုက္တာ
ကာဇန္ဆီက NTV Spor နဲ႔ေတြ႕ဆုံမႈမွာ ေျပာဆိုခဲ့ပါတယ္။




