ဝက်စ်ဟော့ကိုလက်မှတ်ထိုးနိုင်ရင် ၁၀ နှစ်ခြား သီအိုရီအရ ပရီးမီးယားလိဂ်ရလိမ့်မယ်လို့ ယူနိုက်တက်ဖန်တစ်ယောက်ချပြခဲ့ပြီး တွစ်တာမှာပွဲဆူနေ

ယူနိုက်တက်ပရိသတ်တစ်ယောက်ကတော့ ဝက်စ်ဟော့ကို

လက်မှတ်ထိုးနိုင်ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဘယ်လိုကြောင့်

အနိုင်ရလိမ့်မယ်ဆိုတဲ့ ပေါက်ကွဲအားပြင်းတဲ့ သီအိုရီတစ်ခုကို

ဆွဲထုတ်ပြလိုက်ပါတယ်။ တန်ဟတ်ဟာ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်

တစ်ယောက်ခေါ်ဖို့ သေချာနေချိန်ဖြစ်ပြီး ဝက်စ်ဟော့က

ရေပန်းအစားဆုံးဖြစ်နေတာပါ။ တွစ်တာအသုံးပြုသူ ယူနိုက်တက်

ပရိသတ်တစ်ယောက်ကတော့ သရဲနီတွေပရီးမီးယားလိဂ်ချန်ပီယံဆု

ရရှိခဲ့တဲ့ဖြစ်ရပ်အချို့နဲ့ ပက်သတ်တဲ့သီအိုရီတစ်ခုကိုမျှဝေခဲ့ပြီးနောက်

ဝက်စ်ဟော့ရဲ့အပြောင်းအရွှေ့မှာ အားလုံးပါဝင်လာကြဖို့မျှော်လင့်နေပါတယ်။

@ManUtdGarnacho တွစ်တာအကောင့်ဟာ ၂၀၀၂-၀၃ နဲ့

၂၀၁၂-၁၃ ရာသီတွေမှာ နယ်သာလန်တိုက်စစ်မှူးတစ်ယောက်

အကူအညီနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ပို့စ်တစ်ခုကို

မျှဝေခဲ့တာဖြစ်တယ်။ သီအိုရီအရတော့ နယ်သာလန်တိုက်စစ်မှူးကို

ခေါ်ယူခြင်းနဲ့အတူ ၁၀ နှစ်ခြားစီမှာ ပရီးမီးယားလိဂ်ချန်ပီယံ

ဖြစ်ခဲ့တာကို ဆိုလိုတာပါ။ “၂၀၂၂-၀၃…ရုဒ်ဗန်နစ္စရွိုင်းဟာ

ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားရခဲ့တယ်။

၂၀၁၂-၁၃…ဗန်ပါစီဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်

ချန်ပီယံဖြစ်ခဲ့တယ်။ ၂၀၂၂-၂၃…ဝက်စ်ဟော့ ယူနိုက်တက်နဲ့အတူ

ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်သလား” လို့

ပရိသတ်တစ်ယောက်က ၁၀ နှစ်ခြား သီအိုရီကို မျှဝေပြခဲ့တာဖြစ်တယ်။

ဒီပို့စ်နဲ့ပက်သတ်လို့တော့ သရဲနီပရိသတ်တွေက အကောင်းမြင်လာ

ကြပါတယ်။ “လူတွေက ဒါကိုနားမလည်ကြဘူး၊ ၉ မှတ်ပဲကွာတယ်၊

ဒါက ၃ ပွဲ စာလောက်ပဲ၊ ငါတို့ ချန်ပီယံဆုပြေးလမ်းပေါ်မှာ

ရှိနေသေးတယ်” လို့ ပရိသတ်တစ်ယောက်က တုံ့ပြန်ခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ “အလှမ်းဝေးနေသေးပေမဲ့

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တတိယတစ်ယောက်ကတော့ “ဒုတိယရာသီဝက်မှာ

ချန်ပီယံဆုအတွက်ကောက်ခံမှုတွေလုပ်နေပြီ” လို့ ရေးသားခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ယူနိုက်တက်အနေနဲ့

ဝက်စ်ဟော့ထက်စာရင် နာမည်မှာ ‘ဗန်’ ပါတဲ့ကစားသမားကိုတောင်

ရွေးခေါ်သင့်တယ်လို့ နောက်ပြောင်ခဲ့ပါတယ်။

zawgyi

ဝက္စ္ေဟာ့ကိုလက္မွတ္ထိုးႏိုင္ရင္ ၁၀ႏွစ္ျခား သီအိုရီအရ ပရီးမီးယားလိဂ္ရလိမ့္မယ္လို႔ ယူႏိုက္တက္ဖန္တစ္ေယာက္ခ်ျပခဲ့ၿပီး တြစ္တာမွာပြဲဆူေန

ယူႏိုက္တက္ပရိသတ္တစ္ေယာက္ကေတာ့ ဝက္စ္ေဟာ့ကို

လက္မွတ္ထိုးႏိုင္ရင္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ဘယ္လိုေၾကာင့္

အႏိုင္ရလိမ့္မယ္ဆိုတဲ့ ေပါက္ကြဲအားျပင္းတဲ့ သီအိုရီတစ္ခုကို

ဆြဲထုတ္ျပလိုက္ပါတယ္။ တန္ဟတ္ဟာ ဇန္နဝါရီမွာ တိုက္စစ္မႉးသစ္

တစ္ေယာက္ေခၚဖို႔ ေသခ်ာေနခ်ိန္ျဖစ္ၿပီး ဝက္စ္ေဟာ့က

ေရပန္းအစားဆုံးျဖစ္ေနတာပါ။ တြစ္တာအသုံးျပဳသူ ယူႏိုက္တက္

ပရိသတ္တစ္ေယာက္ကေတာ့ သရဲနီေတြပရီးမီးယားလိဂ္ခ်န္ပီယံဆု

ရရွိခဲ့တဲ့ျဖစ္ရပ္အခ်ိဳ႕နဲ႔ ပက္သတ္တဲ့သီအိုရီတစ္ခုကိုမွ်ေဝခဲ့ၿပီးေနာက္

ဝက္စ္ေဟာ့ရဲ႕အေျပာင္းအေ႐ႊ႕မွာ အားလုံးပါဝင္လာၾကဖို႔ေမွ်ာ္လင့္ေနပါတယ္။

@ManUtdGarnacho တြစ္တာအေကာင့္ဟာ ၂၀၀၂-၀၃ နဲ႔

၂၀၁၂-၁၃ ရာသီေတြမွာ နယ္သာလန္တိုက္စစ္မႉးတစ္ေယာက္

အကူအညီနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ပို႔စ္တစ္ခုကို

မွ်ေဝခဲ့တာျဖစ္တယ္။ သီအိုရီအရေတာ့ နယ္သာလန္တိုက္စစ္မႉးကို

ေခၚယူျခင္းနဲ႔အတူ ၁၀ ႏွစ္ျခားစီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ

ျဖစ္ခဲ့တာကို ဆိုလိုတာပါ။ “၂၀၂၂-၀၃…႐ုဒ္ဗန္နစၥ႐ြိဳင္းဟာ

ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလားရခဲ့တယ္။

၂၀၁၂-၁၃…ဗန္ပါစီဟာ ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္

ခ်န္ပီယံျဖစ္ခဲ့တယ္။ ၂၀၂၂-၂၃…ဝက္စ္ေဟာ့ ယူႏိုက္တက္နဲ႔အတူ

ပရီးမီးယားလိဂ္ခ်န္ပီယံဆုဆြတ္ခူးႏိုင္သလား” လို႔

ပရိသတ္တစ္ေယာက္က ၁၀ ႏွစ္ျခား သီအိုရီကို မွ်ေဝျပခဲ့တာျဖစ္တယ္။

ဒီပို႔စ္နဲ႔ပက္သတ္လို႔ေတာ့ သရဲနီပရိသတ္ေတြက အေကာင္းျမင္လာ

ၾကပါတယ္။ “လူေတြက ဒါကိုနားမလည္ၾကဘူး၊ ၉ မွတ္ပဲကြာတယ္၊

ဒါက ၃ ပြဲ စာေလာက္ပဲ၊ ငါတို႔ ခ်န္ပီယံဆုေျပးလမ္းေပၚမွာ

ရွိေနေသးတယ္” လို႔ ပရိသတ္တစ္ေယာက္က တုံ႔ျပန္ခဲ့ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ “အလွမ္းေဝးေနေသးေပမဲ့

မျဖစ္ႏိုင္ဘူးဆိုတာမရွိဘူး” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

တတိယတစ္ေယာက္ကေတာ့ “ဒုတိယရာသီဝက္မွာ

ခ်န္ပီယံဆုအတြက္ေကာက္ခံမႈေတြလုပ္ေနၿပီ” လို႔ ေရးသားခဲ့ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ ယူႏိုက္တက္အေနနဲ႔

ဝက္စ္ေဟာ့ထက္စာရင္ နာမည္မွာ ‘ဗန္’ ပါတဲ့ကစားသမားကိုေတာင္

ေ႐ြးေခၚသင့္တယ္လို႔ ေနာက္ေျပာင္ခဲ့ပါတယ္။