ဝက်စ်ဟမ်းပင်နယ်တီလွဲအောင် ဗန်ဒိုက် လုပ်တဲ့အကွက်လေး လှတယ်

လီဗာပူးက ဝက်စ်ဟမ်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်နောက်ခံလူ ဗန်ဒိုက်တစ်ယောက် လုပ်သွားတဲ့ အကွက်လေး အတော်လှတာကို ဘယ်သူမှ သတိမထားမိလိုက်ကြပါဘူး။

ဒါပေမဲ့ အဲဒီအကွက်က အခန့်မသင့်ရင် အဝါကတ်တောင် ထိသွားနိုင်တာမျိုးပါ။ ပွဲချိန် ၄၂ မိနစ်မှာ ဧည့်သည်တောင်ပံကစားသမား ဘိုဝမ်ကို လီဗာပူးနောက်ခံလူ ဂိုမက်စ် ပင်နယ်တီဧရိယာထဲမှာ ဖိလှဲခဲ့သလို ဖြစ်တာကြောင့် ပင်နယ်တီပြစ်ဒဏ်အဖြစ် သတ်မှတ်ပေးခဲ့တယ်။

ဒါပေမဲ့ ဒါဟာ ပင်နယ်တီပြစ်ဒဏ် ဟုတ် မဟုတ်ကို ကွင်းလယ်ဒိုင်အပ်တ်ဝဲလ် က VAR ဆုံးဖြတ်ချက်ကြည့်ဖို့ မော်နီတာရှိတဲ့နေရာကို သွားနေခဲ့ရတာပါ။

အဲဒီအချိန်မှာ ဗန်ဒိုက်ဟာ ပင်နယ်တီကန်ဖို့ ဘောလုံး တည်ထားရမယ့် နေရာ ကို အသာအယာလေးသွားပြီး မြေစာတွေကို ခြေဖနောင့်နဲ့ ဖိနင်းပြီး ခြစ်ထုတ် ပစ်ခဲ့ပါတယ်။

အဲဒီနောက် ဒိုင်က ပင်နယ်တီပြစ်ဒဏ် သတ်မှတ်ပေးလိုက်တဲ့ အတွက် ဘိုဝမ်ကပဲ ဒီပင်နယ်တီကို ကန်ခဲ့တာပါ။

ဒါပေမဲ့ ကန်ချက်ဟာ အားပျော့သလိုမျိုး ဖြစ်ခဲ့တာကြောင့် လီဗာပူးဂိုးသမား အလစ်ဆန် ကောင်း ကောင်း ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့တယ်။ ဒါကြောင့် လီဗာပူးဟာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ပွဲအပြီးမှာ အနိုင် ရခဲ့တာပါ။

ဒီလိုမျိုး ပင်နယ်တီလွဲအောင် အကွက်ရွှေ့ခဲ့တဲ့ ဗန်ဒိုက်ဟာ ဝက်စ် ဟမ်းပရိသတ်တွေအတွက်တော့ ဗီလိန်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဟမ်းမား ပရိသတ်တွေဟာ ဗန်ဒိုက်ကို လိုင်းပေါ်မှာ ဖောင်းထုနေကြပြီဖြစ်ပါတယ်။ ‘’VAR သွားကြည့်နေတဲ့အချိန်ကို အသုံးချပြီး ဗန်ဒိုက်က ပင်နယ်တီကန်တဲ့ နေရာမှာ မြေစာတွေကို ခြစ်ထုတ်သွားတာ။ လူပါးဝတာ’’ လို့ ပရိသတ် တစ် ယောက်က ရေးသားခဲ့ပါတယ်။

ဒုတိယ တစ်ယောက်ကတော့ ‘’ဗန်ဒိုက်က မြေစာပဲ ခြစ်ထုတ်ထုတ်၊ မထုတ်ထုတ် ပင်နယ်တီကန်လိုက်တဲ့ပုံကိုက စိတ် ပျက်စရာကောင်းတာ’’ လို့ ရေးသားခဲ့ပါတယ်။ ‘’ပင်နယ်တီတိုင်း အဲဒီလို ဖြစ် ပါစေကွာ။

ဘာကြောင့်လဲဆိုတော့ လီဗာပူးပရိသတ်တွေက အဲဒီအတွက်နဲ့ သူတို့ရဲ့ စိတ်တွေ အမည်းစက် စပြီး ထင်နေပါပြီ’’ လို့ တခြားတစ်ယောက်က လည်း တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ချဲလ်ဆီးနဲ့ လီဗာပူးတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီး နောက်ခံကစားသမား ရူဒီဂါက ပင် နယ်တီ တည်ကန်တဲ့ နေရာကို အခုလိုမျိုး မြေစာတွေ ဖိနင်းခြစ်ထုတ်ခဲ့လို့ ကွင်းလယ်ဒိုင် အန်သိုနီ တေလာက အဝါကတ်ပြခဲ့တာလည်း ရှိခဲ့ပါတယ်။

(Zawgyi)

ဝက္စ္ဟမ္းပင္နယ္တီလြဲေအာင္ ဗန္ဒိုက္ လုပ္တဲ့အကြက္ေလး လွတယ္

လီဗာပူးက ဝက္စ္ဟမ္းကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အိမ္ရွင္ေနာက္ခံလူ ဗန္ဒိုက္တစ္ေယာက္ လုပ္သြားတဲ့ အကြက္ေလး အေတာ္လွတာကို ဘယ္သူ မွ သတိမထားမိလိုက္ၾကပါဘူး။

ဒါေပမဲ့ အဲဒီအကြက္က အခန႔္မသင့္ရင္ အဝါ ကတ္ေတာင္ ထိသြားႏိုင္တာမ်ိဳးပါ။ ပြဲခ်ိန္ ၄၂ မိနစ္မွာ ဧည့္သည္ေတာင္ပံက စားသမား ဘိုဝမ္ကို လီဗာပူးေနာက္ခံလူ ဂိုမက္စ္ ပင္နယ္တီဧရိယာထဲမွာ ဖိလွဲခဲ့သလို ျဖစ္တာေၾကာင့္ ပင္နယ္တီျပစ္ဒဏ္အျဖစ္ သတ္မွတ္ေပးခဲ့တယ္။

ဒါေပမဲ့ ဒါဟာ ပင္နယ္တီျပစ္ဒဏ္ ဟုတ္ မဟုတ္ကို ကြင္းလယ္ဒိုင္အပ္တ္ဝဲလ္ က VAR ဆုံးျဖတ္ခ်က္ၾကည့္ဖို႔ ေမာ္နီတာရွိတဲ့ေနရာကို သြားေနခဲ့ရတာပါ။ အဲဒီအခ်ိန္မွာ ဗန္ဒိုက္ဟာ ပင္နယ္တီကန္ဖို႔ ေဘာလုံး တည္ထားရမယ့္ ေနရာ ကို အသာအယာေလးသြားၿပီး ေျမစာေတြကို ေျခဖေနာင့္နဲ႔ ဖိနင္းၿပီး ျခစ္ထုတ္ ပစ္ခဲ့ပါတယ္။

အဲဒီေနာက္ ဒိုင္က ပင္နယ္တီျပစ္ဒဏ္ သတ္မွတ္ေပးလိုက္တဲ့ အတြက္ ဘိုဝမ္ကပဲ ဒီပင္နယ္တီကို ကန္ခဲ့တာပါ။ ဒါေပမဲ့ ကန္ခ်က္ဟာ အားေပ်ာ့သလိုမ်ိဳး ျဖစ္ခဲ့တာေၾကာင့္ လီဗာပူးဂိုးသမား အလစ္ဆန္ ေကာင္း ေကာင္း ပုတ္ထုတ္ ကာကြယ္သြားႏိုင္ခဲ့တယ္။

ဒါေၾကာင့္ လီဗာပူးဟာ တိုက္စစ္မႉး ဒါဝင္ႏူနက္ဇ္ရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ ပြဲအၿပီးမွာ အႏိုင္ ရခဲ့တာပါ။ ဒီလိုမ်ိဳး ပင္နယ္တီလြဲေအာင္ အကြက္ေ႐ႊ႕ခဲ့တဲ့ ဗန္ဒိုက္ဟာ ဝက္စ္ ဟမ္းပရိသတ္ေတြအတြက္ေတာ့ ဗီလိန္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဟမ္းမား ပရိသတ္ေတြဟာ ဗန္ဒိုက္ကို လိုင္းေပၚမွာ ေဖာင္းထုေနၾကၿပီျဖစ္ပါတယ္။

‘’VAR သြားၾကည့္ေနတဲ့အခ်ိန္ကို အသုံးခ်ၿပီး ဗန္ဒိုက္က ပင္နယ္တီကန္တဲ့ ေနရာမွာ ေျမစာေတြကို ျခစ္ထုတ္သြားတာ။ လူပါးဝတာ’’ လို႔ ပရိသတ္ တစ္ ေယာက္က ေရးသားခဲ့ပါတယ္။ ဒုတိယ တစ္ေယာက္ကေတာ့ ‘’ဗန္ဒိုက္က ေျမစာပဲ ျခစ္ထုတ္ထုတ္၊ မထုတ္ထုတ္ ပင္နယ္တီကန္လိုက္တဲ့ပုံကိုက စိတ္ ပ်က္စရာေကာင္းတာ’’ လို႔ ေရးသားခဲ့ပါတယ္။

‘’ပင္နယ္တီတိုင္း အဲဒီလို ျဖစ္ ပါေစကြာ။ ဘာေၾကာင့္လဲဆိုေတာ့ လီဗာပူးပရိသတ္ေတြက အဲဒီအတြက္နဲ႔ သူတို႔ရဲ႕ စိတ္ေတြ အမည္းစက္ စၿပီး ထင္ေနပါၿပီ’’ လို႔ တျခားတစ္ေယာက္က လည္း တြစ္တာေပၚမွာ ေရးသားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္တုန္းက ခ်ဲလ္ဆီးနဲ႔ လီဗာပူးတို႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ခ်ဲလ္ဆီး ေနာက္ခံကစားသမား ႐ူဒီဂါက ပင္ နယ္တီ တည္ကန္တဲ့ ေနရာကို အခုလိုမ်ိဳး ေျမစာေတြ ဖိနင္းျခစ္ထုတ္ခဲ့လို႔ ကြင္းလယ္ဒိုင္ အန္သိုနီ ေတလာက အဝါကတ္ျပခဲ့တာလည္း ရွိခဲ့ပါတယ္။