





အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းကိုအမ်းမရိတ်စ်မှာ ရင်ဆိုင်ရဖို့ရှိနေပြီး
လန်ဒန်ဒါဘီပွဲစဉ်မှာအားလုံးမထင်မှတ်တဲ့ လျှို့ဝှက်လက်နက်ကို





ထုတ်သုံးသွားဖို့ရှိနေပါတယ်။ ဂန်းနားတိုက်စစ်မှူးဂျီဆပ်စ်
ဒဏ်ရာရနေတာကြောင့် ဘောက်ဆင်ဒေးပွဲစဉ်အတွက်အခက်တွေ့နိုင်ပေမဲ့
နည်းပြအာတီတာဟာ မထင်မှတ်တဲ့ပုံစံနဲ့ စမစ်ရိုးကိုပွဲထုတ်လာဖို့





ရှိနေတာဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ မာတင်နယ်လီနဲ့ ဆာကာတို့ကို
အန်ကီတီရက်ရှ်နဲ့တွဲဖက်ရဖို့ရှိပေမဲ့ အာတီတာဟာ မာတင်နယ်လီကို





အထောင်ထားပြီး စမစ်ရိုးကို ဘယ်တောင်ပံတိုက်စစ်အဖြစ်
အသုံးပြုဖွယ်ရှိနေတာပါ။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်
တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ အာဆင်နယ်အတွက်





၄၇ မိနစ်သာပါဝင်ကစားခွင့်ရထားသူဖြစ်တယ်။ အာဆင်နယ်ရဲ့
ကျောနံပါတ် ၁၀ ကစားသမားဟာ ပေါင်ခြံဒဏ်ရာကိုကျော်ဖြတ်ဖို့အတွက်





စက်တင်ဘာလကုန်မှာ ခွဲစိတ်မှုခံယူခဲ့ရပါတယ်။
ယခုလအစောပိုင်း ဒူဘိုင်းခရီးစဉ်မှာတော့ စမစ်ရိုးဟာ
ပူနွေးတဲ့ရာသီဥတုအောက်စခန်းသွင်းလေ့ကျင့်မှုတွေမှာ





ပါဝင်သွားနိုင်ခဲ့တာဖြစ်တယ်။ အာဆင်နယ်အသင်းဝက်ဘ်ဆိုက်ကတစ်ဆင့်
အာတီတာက “ဂျီဆပ်စ်ဟာထူးခြားတဲ့ကစားသမားလို့ယူဆထားပေမဲ့





အန်ကီတီရက်ရှ်ကလည်း ကျွန်တော်တို့ရဲ့ကစားလိုတဲ့ပုံစံမှာ
မယုံနိုင်လောက်စရာအရည်အသွေးတွေပိုင်ဆိုင်ထားပါတယ်။
မာတင်နယ်လီကိုအထောင်တိုက်စစ်နေရာမှာကစားခိုင်းတဲ့





အခြားရွေးချယ်စရာနည်းလမ်းရှိနေပါသေးတယ်။
လက်ရှိမှာ ကျွန်တော်တို့ရဲ့တိုက်စစ်ရွေးချယ်စရာ





ဘောင်ကျဉ်းတယ်ဆိုပေမဲ့ စမစ်ရိုးကိုပြန်ရလိုက်တာဟာ
ကြီးမားတဲ့အရာတစ်ခုပါ” လို့ ပြောဆိုထားပါတယ်။





zawgyi
ဝက္စ္ဟမ္းနဲ႔ ေဘာက္ဆင္ေဒးပြဲစဥ္မွာ ဂန္းနားရဲ႕လွ်ိဳ႕ဝွက္လက္နက္ကို အာတီတာ ထုတ္သုံးသြားမယ္





အာဆင္နယ္အသင္းဟာ ဝက္စ္ဟမ္းကိုအမ္းမရိတ္စ္မွာ ရင္ဆိုင္ရဖို႔ရွိေနၿပီး
လန္ဒန္ဒါဘီပြဲစဥ္မွာအားလုံးမထင္မွတ္တဲ့ လွ်ိဳ႕ဝွက္လက္နက္ကို
ထုတ္သုံးသြားဖို႔ရွိေနပါတယ္။ ဂန္းနားတိုက္စစ္မႉးဂ်ီဆပ္စ္





ဒဏ္ရာရေနတာေၾကာင့္ ေဘာက္ဆင္ေဒးပြဲစဥ္အတြက္အခက္ေတြ႕ႏိုင္ေပမဲ့
နည္းျပအာတီတာဟာ မထင္မွတ္တဲ့ပုံစံနဲ႔ စမစ္႐ိုးကိုပြဲထုတ္လာဖို႔





ရွိေနတာျဖစ္တယ္။ ပုံမွန္အားျဖင့္ေတာ့ မာတင္နယ္လီနဲ႔ ဆာကာတို႔ကို
အန္ကီတီရက္ရွ္နဲ႔တြဲဖက္ရဖို႔ရွိေပမဲ့ အာတီတာဟာ မာတင္နယ္လီကို
အေထာင္ထားၿပီး စမစ္႐ိုးကို ဘယ္ေတာင္ပံတိုက္စစ္အျဖစ္





အသုံးျပဳဖြယ္ရွိေနတာပါ။ အသက္ ၂၂ ႏွစ္အ႐ြယ္ ကြင္းလယ္
တိုက္စစ္ကစားသမားဟာ ဒီရာသီမွာ အာဆင္နယ္အတြက္





၄၇ မိနစ္သာပါဝင္ကစားခြင့္ရထားသူျဖစ္တယ္။ အာဆင္နယ္ရဲ႕
ေက်ာနံပါတ္ ၁၀ ကစားသမားဟာ ေပါင္ၿခံဒဏ္ရာကိုေက်ာ္ျဖတ္ဖို႔အတြက္
စက္တင္ဘာလကုန္မွာ ခြဲစိတ္မႈခံယူခဲ့ရပါတယ္။





ယခုလအေစာပိုင္း ဒူဘိုင္းခရီးစဥ္မွာေတာ့ စမစ္႐ိုးဟာ
ပူေႏြးတဲ့ရာသီဥတုေအာက္စခန္းသြင္းေလ့က်င့္မႈေတြမွာ





ပါဝင္သြားႏိုင္ခဲ့တာျဖစ္တယ္။ အာဆင္နယ္အသင္းဝက္ဘ္ဆိုက္ကတစ္ဆင့္
အာတီတာက “ဂ်ီဆပ္စ္ဟာထူးျခားတဲ့ကစားသမားလို႔ယူဆထားေပမဲ့
အန္ကီတီရက္ရွ္ကလည္း ကြၽန္ေတာ္တို႔ရဲ႕ကစားလိုတဲ့ပုံစံမွာ





မယုံႏိုင္ေလာက္စရာအရည္အေသြးေတြပိုင္ဆိုင္ထားပါတယ္။
မာတင္နယ္လီကိုအေထာင္တိုက္စစ္ေနရာမွာကစားခိုင္းတဲ့





အျခားေ႐ြးခ်ယ္စရာနည္းလမ္းရွိေနပါေသးတယ္။
လက္ရွိမွာ ကြၽန္ေတာ္တို႔ရဲ႕တိုက္စစ္ေ႐ြးခ်ယ္စရာ
ေဘာင္က်ဥ္းတယ္ဆိုေပမဲ့ စမစ္႐ိုးကိုျပန္ရလိုက္တာဟာ





ႀကီးမားတဲ့အရာတစ္ခုပါ” လို႔ ေျပာဆိုထားပါတယ္။