ဝက်စ်ဟမ်းနိုင်ပွဲမှာ ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးကို ဂန်းနားတွေဂုဏ်ပြုပေးလိုက်တယ်

ဝက်စ်ဟမ်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ရဲ့

စွမ်းဆောင်မှုဟာ နည်းပြဟောင်း အာစင်ဝင်းဂါးနဲ့ ထိုက်တန်ခဲ့တဲ့

စွမ်းဆောင်ရည်မျိုးဖြစ်ပြီး သူ့ လက်ထက်တုန်းကအတိုင်း

လုပ်ပြခဲ့တာမျိုးဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက

ဆိုပါတယ်။ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့

၂၀၁၈ ခုနှစ်မှာ အသင်းကို စွန့် ခွာပြီးတဲ့နောက် တစ်ကြိမ်တစ်ခါမှ

ပွဲလာမကြည့်ခဲ့ဘဲ ဘောက်ဆင်ဒေးပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့

ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ပထမဆုံး ပြန်ပြီး ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ရဲ့ နည်းပြကြီးကို ဂုဏ်ပြုတဲ့အနေနဲ့

ပရိသတ်တွေဟာလည်း ပွဲချိန်တစ်လျှောက်လုံး ဝင်းဂါးရဲ့

နာမည်ကို သံပြိုင်ဟစ်ခဲ့ကြ ပြီး ဂန်းနားတွေကလည်း

ပထမပိုင်းမှာ ဘန်ရာမာရဲ့ ပင်နယ်တီနဲ့ ဟမ်းမားတွေကို

ဦးဆောင်ခွင့်ပေးလိုက်ရပေမဲ့ ဒုတိယပိုင်းမှာတော့ ဆာကာ၊

မာတင် နယ်လီ၊ အန်ကီတီတယာတို့ရဲ့ သွင်းဂိုးတွေနဲ့

ပြန်လာနိုင်ခဲ့တာပါ။ ဒါကြောင့် ဒီစွမ်းဆောင်မှုဟာ

ဝင်းဂါးလက်ထက်က စွမ်းဆောင်ရည်မျိုးဖြစ်ခဲ့ပြီး သူနဲ့

ထိုက်တန်မှုရှိတယ်လို့ အာတီတာက ဆိုပါတယ်။ ‘’အာဆင်နယ်က

အချိန် ကောင်းကို အမိဖမ်းခဲ့တာ။ ဒီကနေ့ စွမ်းဆောင်ရည်ကတော့

သူနဲ့ ထိုက်တန် ခဲ့တဲ့ အဆင့်အတန်းတစ်ခုဖြစ်ခဲ့တယ်’’ လို့

အာတီတာက ပွဲအပြီးမှာ ပြောဆို သွားခဲ့ပါတယ်။

နောက်ပြီး ဒီပွဲစဉ်မှာ အိုဒီဂတ်ရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့်

ပြိုင်ဘက် နောက်ခံလူတစ်ယောက် ကပ်ထားတဲ့ကြားက

လှည့်ထွက်ပြီး ဂိုး သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး အန်ကီတီယာကိုလည်း

အာတီတာက ချီးမွမ်းသွား ခဲ့ပါတယ်။ ‘’ကျွန်တော်သူ့ကို

နွေးနွေးထွေးထွေးနဲ့ သိုင်းဖက်လိုက်တယ်ဗျာ။

ဘာကြောင့်လဲဆိုတော့ ဒီကနေ့မှာ သူလုပ်ပြသွားတာတွေနဲ့

ထိုက်တန်လို့ပါ။ ဒါက အန်ကီတီယာ သွင်းယူနေကျ ပုံစံမျိုးပါပဲ။

သူ့ရဲ့ လက်ဖျားခါလောက်တဲ့ စွမ်းဆောင်ရည်ပေါ့ဗျာ။

ပြီးခဲ့တဲ့ ပွဲတွေမှာဆိုရင် သူကြိုးစားခဲ့တာကို တွေ့ရမှာပါ။

နောက်ပြီး သူ ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့မှာ

အဲဒီလို စွမ်းရည် မျိုး ရှိပါတယ်။ အဲဒါကိုလည်း ပွဲတိုင်းမှာ

ကျွန်တော်တို့ တွေ့ခဲ့ရပြီး လေ့ကျင့် ကွင်းမှာလည်း

တွေ့ခဲ့ရတယ်’’ လို့ အာတီတာက ပြောသွားခဲ့ပါတယ်။

zawgyi

ဝက္စ္ဟမ္းႏိုင္ပြဲမွာ ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးကို ဂန္းနားေတြဂုဏ္ျပဳေပးလိုက္တယ္

ဝက္စ္ဟမ္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ရဲ႕

စြမ္းေဆာင္မႈဟာ နည္းျပေဟာင္း အာစင္ဝင္းဂါးနဲ႔ ထိုက္တန္ခဲ့တဲ့

စြမ္းေဆာင္ရည္မ်ိဳးျဖစ္ၿပီး သူ႔ လက္ထက္တုန္းကအတိုင္း

လုပ္ျပခဲ့တာမ်ိဳးျဖစ္တယ္လို႔ အာဆင္နယ္နည္းျပ အာတီတာက

ဆိုပါတယ္။ ဂႏၴဝင္နည္းျပႀကီး အာစင္ဝင္းဂါးဟာ ၿပီးခဲ့တဲ့

၂၀၁၈ ခုႏွစ္မွာ အသင္းကို စြန႔္ ခြာၿပီးတဲ့ေနာက္ တစ္ႀကိမ္တစ္ခါမွ

ပြဲလာမၾကည့္ခဲ့ဘဲ ေဘာက္ဆင္ေဒးပြဲစဥ္ အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့

ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္မွာ ပထမဆုံး ျပန္ၿပီး ေရာက္လာခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ သူတို႔ရဲ႕ နည္းျပႀကီးကို ဂုဏ္ျပဳတဲ့အေနနဲ႔

ပရိသတ္ေတြဟာလည္း ပြဲခ်ိန္တစ္ေလွ်ာက္လုံး ဝင္းဂါးရဲ႕

နာမည္ကို သံၿပိဳင္ဟစ္ခဲ့ၾက ၿပီး ဂန္းနားေတြကလည္း

ပထမပိုင္းမွာ ဘန္ရာမာရဲ႕ ပင္နယ္တီနဲ႔ ဟမ္းမားေတြကို

ဦးေဆာင္ခြင့္ေပးလိုက္ရေပမဲ့ ဒုတိယပိုင္းမွာေတာ့ ဆာကာ၊

မာတင္ နယ္လီ၊ အန္ကီတီတယာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔

ျပန္လာႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ ဒီစြမ္းေဆာင္မႈဟာ

ဝင္းဂါးလက္ထက္က စြမ္းေဆာင္ရည္မ်ိဳးျဖစ္ခဲ့ၿပီး သူနဲ႔

ထိုက္တန္မႈရွိတယ္လို႔ အာတီတာက ဆိုပါတယ္။ ‘’အာဆင္နယ္က

အခ်ိန္ ေကာင္းကို အမိဖမ္းခဲ့တာ။ ဒီကေန႔ စြမ္းေဆာင္ရည္ကေတာ့

သူနဲ႔ ထိုက္တန္ ခဲ့တဲ့ အဆင့္အတန္းတစ္ခုျဖစ္ခဲ့တယ္’’ လို႔

အာတီတာက ပြဲအၿပီးမွာ ေျပာဆို သြားခဲ့ပါတယ္။

ေနာက္ၿပီး ဒီပြဲစဥ္မွာ အိုဒီဂတ္ရဲ႕ ဖန္တီးေပးမႈကေနတစ္ဆင့္

ၿပိဳင္ဘက္ ေနာက္ခံလူတစ္ေယာက္ ကပ္ထားတဲ့ၾကားက

လွည့္ထြက္ၿပီး ဂိုး သြင္းႏိုင္ခဲ့တဲ့ တိုက္စစ္မႉး အန္ကီတီယာကိုလည္း

အာတီတာက ခ်ီးမြမ္းသြား ခဲ့ပါတယ္။ ‘’ကြၽန္ေတာ္သူ႔ကို

ေႏြးေႏြးေထြးေထြးနဲ႔ သိုင္းဖက္လိုက္တယ္ဗ်ာ။

ဘာေၾကာင့္လဲဆိုေတာ့ ဒီကေန႔မွာ သူလုပ္ျပသြားတာေတြနဲ႔

ထိုက္တန္လို႔ပါ။ ဒါက အန္ကီတီယာ သြင္းယူေနက် ပုံစံမ်ိဳးပါပဲ။

သူ႔ရဲ႕ လက္ဖ်ားခါေလာက္တဲ့ စြမ္းေဆာင္ရည္ေပါ့ဗ်ာ။

ၿပီးခဲ့တဲ့ ပြဲေတြမွာဆိုရင္ သူႀကိဳးစားခဲ့တာကို ေတြ႕ရမွာပါ။

ေနာက္ၿပီး သူ ဂိုးေတာ့ မသြင္းႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ သူ႔မွာ

အဲဒီလို စြမ္းရည္ မ်ိဳး ရွိပါတယ္။ အဲဒါကိုလည္း ပြဲတိုင္းမွာ

ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ရၿပီး ေလ့က်င့္ ကြင္းမွာလည္း

ေတြ႕ခဲ့ရတယ္’’ လို႔ အာတီတာက ေျပာသြားခဲ့ပါတယ္။