လှောင်ပြောင်အော်ဟစ်နေတဲ့ ယူနိုက်တက်ပရိသတ်တွေကို အကောင်းဆုံးတုံ့ပြန်သွားတဲ့ ဂျရတ်

အက်စတွန်ဗီလာအသင်းနည်းပြ စတီဗင်ဂျရတ်ဟာ

အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ်
ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ
သူ့ကို အော်ဟစ်လှောင်ပြောင်နေတဲ့
ယူနိုက်တက်ပရိသတ်တွေကို အကောင်းဆုံးတုံ့ပြန်သွားပါတယ်။
ယူနိုက်တက်ပရိသတ်တွေဟာ အခါးသီးဆုံးပြိုင်ဘက်

လီဗာပူးမှာ အသင်းခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ
ကစားခဲ့တဲ့ ဂျရတ် ကွင်းထဲဝင်လာချိန်
လှောင်ပြောင်အော်ဟစ်ခဲ့တာပါ။

ဒါပေမဲ့ ဂျရတ်ကတော့ အဲဒီလှောင်ပြောင်မှုတွေကို
အရေးမထားတဲ့အပြင် ကွင်းထဲဝင်လာချိန်မှာ
နောက်ပြန်လှည့်ကာ လှောင်ပြောင်မှုတွေကို
နေပူစာလှုံသလို ခံယူတဲ့အနေနဲ့
ခြေလှမ်း ၃လှမ်းလောက်

နောက်ပြန်လျှောက်ရင်း ယူနိုက်တက်ပရိတ်တွေကို
ရင်ဆိုင်ခဲ့ပါတယ်။
ဂျရတ်အနေနဲ့ နည်းပြဘဝမှာ
ယူနိုက်တက်နဲ့ ပထမဆုံးအကြိမ်
ရင်ဆိုင်ရတာဖြစ်ပေမယ့် အစောပိုင်း

သွင်းဂိုးကြောင့် ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ဂျရတ်ဟာ ကစားသမားဘဝတုန်းကလည်း
ယူနိုက်တက်ကို မကြိုက်နှစ်သက်တဲ့အကြောင်း
ပွင့်လင်းစွာ ပြောခဲ့ဖူးပြီး သူ့ရဲ့
အထ္ထုပ္ပတ္တိစာအုပ်ထဲမှာလည်း ထည့်ရေးသားခဲ့ပါတယ်။


”ယူနိုက်တက်ကို စက်ဆုပ်ရွံရှာစေဖို့
ကျွန်တော့်ကို သင်ပေးခဲ့ကြပါတယ်။
လီဗာပူးပရိသတ်တွေလိုပဲ ကျွန်တော်တို့ရဲ့

ဦးနှောက်ထဲ၊ နှလုံးသားထဲမှာ အဲဒီအမုန်းစိတ်တွေ
ရိုက်သွင်းခဲ့ကြတာပါ။ လီဗာပူးပရိသတ်တိုင်းရဲ့
ခေါင်းထဲမှာ တက်တူးထိုးထားသလို
အမြဲတမ်း စွဲမြဲနေပါတယ်။ ကျွန်တော့်ရဲ့
အိမ်မှာ ထားခွင့်မပြုတဲ့ တစ်ခုတည်းသော

ဂျာစီကလည်း ယူနိုက်တက်ဂျာစီပါပဲ။
ကျွန်တော်ဟာ တခြားကစားသမားတွေနဲ့
လဲလှယ်ထားတဲ့ ဂျာစီတွေကို အိမ်မှာ
သိမ်းထားပေမယ့် ယူနိုက်တက်ဂျာစီတွေတော့
တစ်ထည်မှမရှိပါဘူး”လို့ ဂျရတ်က သူ့ရဲ့စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။