လှပတဲ့ဘယ်ခြေအပြင်ဆိုက်ကန်ချက်နဲ့ ပရိသတ်နှလုံးသားကိုကိုင်လှုပ်ခဲ့ပြန်တဲ့ ဂြိုလ်သားမက်ဆီ

အဂျက်စီယိုနဲ့ပွဲစဉ်မှာ အမ်ဘာပီနဲ့အတူလှပတဲ့အတွဲဖက်ပြီး သွင်းဂိုးတစ်ဂိုးရယူပြခဲ့တဲ့ မက်ဆီဟာ

မက္ကာဘီဟိုင်ဖာနဲ့ချန်ပီယံလိဂ်ပွဲမှာ အဆင့်အတန်းမြင့်သွင်းဂိုးတစ်ဂိုးနဲ့ ပရိသတ်ကိုမိတ်ဆက်ပေးခဲ့ပြန်ပါတယ်။

အမ်ဘာပီဟာ နောက်ခံလူတစ်ယောက်နဲ့ အမြန်ရင်ဆိုင်ပြီး မက်ဆီထံကို ကရောသောပါးပေးလိုက်တဲ့ဘောလုံးကို

GOAT ကြီးက တည်ငြိမ်တဲ့ ဘယ်ခြေအပြင်ဆိုက်ကန်ချက်နဲ့အဆုံးသတ်ပေးလိုက်ပါတယ်။

ဒီဂိုးကို မြင်တွေ့ခဲ့ရတဲ့နောက် ဂယ်ရီလိုင်နီကာက “မက်ဆီကတော့အံ့အားသင့်စရာဂိုးသွင်းသွားပြန်ပါပြီ။

ခင်ဗျားတို့ကိုလုပ်ပြနေကြ ပုံစံအတိုင်းပါပဲ” လို့ ချီးကျူးခဲ့ပါတယ်။

ပရိသတ်အချို့ကလည်း ဒီလောက်အထိခြေ စွမ်းကောင်းနေတဲ့ မက်ဆီကို

၂၀၂၂ Ballon d’Or ဆန်ခါတင်စာရင်းကနေချန်လှပ် ခဲ့တဲ့အပေါ်လွန်စွာအံ့အားသင့်ခဲ့ကြပါတယ်။

“ဒီနှစ်မှာအရှက်ကွဲခဲ့ပေမဲ့ ၂၀၂၃ အတွက် Ballon d’Or ကိုစယူနေပါပြီ” ၊

“ဒီလိုလူမျိုးဆန်ခါတင်စာရင်းထဲမပါခဲ့တာ ကိုအားလုံးဝိုင်းပြီးသတိပေးဖို့လိုပါတယ်” ၊

“အခုဆိုရင်တော့ Ballon d’Or အတွက် နံပါတ် ၈နေရာလောက်ကစတင်ကောက်ခံနေပါပြီ” လို့ ပရိသတ်တွေက မှတ်ချက်အသီးသီးပေးခဲ့ကြပါတယ်။

မက်ဆီဟာ မက္ကာဘီဟိုင်ဖာဘက်ကို ကိုယ် တိုင် ၂ဂိုးသွင်းခဲ့ပြီး နေမာနဲ့ ကာလို့စ်ဆိုလာတို့သွင်းဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါ တယ်။

အထူးသဖြင့်တော့ Ballon d’Or ဆုပေးပွဲနောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာ မက်ဆီရဲ့ခြေစွမ်းက

အမြင့်ဆုံး ဖြစ်နေပြန်တဲ့တဲ့အတွက် သူ့ပရိသတ်တွေဟာ ဆန်ခါတင် ထဲတောင်မပါခဲ့တာနဲ့ပတ်သတ်လို့

စိတ်အလိုမကျမှုတွေရှိနေတာကမဆန်းတော့ပါဘူး။

zawgyi

လွပတဲ့ဘယ္ေျခအျပင္ဆိုက္ကန္ခ်က္နဲ႔ ပရိသတ္ႏွလုံးသားကိုကိုင္လႈပ္ခဲ့ျပန္တဲ့ ၿဂိဳလ္သားမက္ဆီ

အဂ်က္စီယိုနဲ႔ပြဲစဥ္မွာ အမ္ဘာပီနဲ႔အတူလွပတဲ့အတြဲဖက္ၿပီး သြင္းဂိုးတစ္ဂိုးရယူျပခဲ့တဲ့ မက္ဆီဟာ

မကၠာဘီဟိုင္ဖာနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ အဆင့္အတန္းျမင့္သြင္းဂိုးတစ္ဂိုးနဲ႔ ပရိသတ္ကိုမိတ္ဆက္ေပးခဲ့ျပန္ပါတယ္။

အမ္ဘာပီဟာ ေနာက္ခံလူတစ္ေယာက္နဲ႔ အျမန္ရင္ဆိုင္ၿပီး မက္ဆီထံကို ကေရာေသာပါးေပးလိုက္တဲ့ေဘာလုံးကို

GOAT ႀကီးက တည္ၿငိမ္တဲ့ ဘယ္ေျခအျပင္ဆိုက္ကန္ခ်က္နဲ႔အဆုံးသတ္ေပးလိုက္ပါတယ္။

ဒီဂိုးကို ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ ဂယ္ရီလိုင္နီကာက “မက္ဆီကေတာ့အံ့အားသင့္စရာဂိုးသြင္းသြားျပန္ပါၿပီ။

ခင္ဗ်ားတို႔ကိုလုပ္ျပေနၾက ပုံစံအတိုင္းပါပဲ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ပရိသတ္အခ်ိဳ႕ကလည္း ဒီေလာက္အထိေျခ စြမ္းေကာင္းေနတဲ့ မက္ဆီကို

၂၀၂၂ Ballon d’Or ဆန္ခါတင္စာရင္းကေနခ်န္လွပ္ ခဲ့တဲ့အေပၚလြန္စြာအံ့အားသင့္ခဲ့ၾကပါတယ္။

“ဒီႏွစ္မွာအရွက္ကြဲခဲ့ေပမဲ့ ၂၀၂၃ အတြက္ Ballon d’Or ကိုစယူေနပါၿပီ” ၊

“ဒီလိုလူမ်ိဳးဆန္ခါတင္စာရင္းထဲမပါခဲ့တာ ကိုအားလုံးဝိုင္းၿပီးသတိေပးဖို႔လိုပါတယ္” ၊

“အခုဆိုရင္ေတာ့ Ballon d’Or အတြက္ နံပါတ္ ၈ေနရာေလာက္ကစတင္ေကာက္ခံေနပါၿပီ” လို႔ ပရိသတ္ေတြက မွတ္ခ်က္အသီးသီးေပးခဲ့ၾကပါတယ္။

မက္ဆီဟာ မကၠာဘီဟိုင္ဖာဘက္ကို ကိုယ္ တိုင္ ၂ဂိုးသြင္းခဲ့ၿပီး ေနမာနဲ႔ ကာလို႔စ္ဆိုလာတို႔သြင္းဂိုးေတြကိုလည္း ဖန္တီးေပးခဲ့ပါ တယ္။

အထူးသျဖင့္ေတာ့ Ballon d’Or ဆုေပးပြဲေနာက္ပိုင္းကစားခဲ့တဲ့ပြဲစဥ္ေတြမွာ မက္ဆီရဲ႕ေျခစြမ္းက

အျမင့္ဆုံး ျဖစ္ေနျပန္တဲ့တဲ့အတြက္ သူ႔ပရိသတ္ေတြဟာ ဆန္ခါတင္ ထဲေတာင္မပါခဲ့တာနဲ႔ပတ္သတ္လို႔

စိတ္အလိုမက်မႈေတြရွိေနတာကမဆန္းေတာ့ပါဘူး။