လွဲမှားတဲ့မှတ်ချက်တွေအတွက် မက်ဆီနဲ့ အာဂျင်တီးနားပြည်သူတွေအားလုံးကို ကာနယ်လိုအဲဗာရက်ဇ် တောင်းပန်စကားဆိုလိုက်

မက္ကဆီကိုအသင်းကိုအနိုင်ရပြီးတဲ့နောက် အာဂျင်တီးနားအသင်းသားတွေဟာ အဝတ်လဲခန်းထဲမှာအပျော်လွန်ခဲ့ကြသလို မက်ဆီတစ်ယောက် မက္ကဆီကိုအလံကို ခြေနဲ့ကန်ကျောက်ခဲ့တဲ့

ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ GOAT တစ်ယောက်ရဲ့လုပ်ရပ်က မက္ကဆီကိုအပေါ် လေးစားမှုကင်းမဲ့လွန်းတယ်လို့ လက်ဝှေ့ကျော်ကာနယ်လိုဟာ တွစ်တာကတစ်ဆင့် မက်ဆီကို စတင်ခြိမ်းခြောက်ခဲ့ပါတယ်။

မက်ဆီရဲ့အာဂျင်တီးနားအသင်းဖော်ဟောင်းအဂူရိုက ကာနယ်လိုကို အဝတ်လဲခန်းအကြောင်း နားမလည်သူလို့တုံ့ပြန်ခဲ့တဲ့နောက် မက္ကဆီကိုလက်ဝှေ့ကျော်က မန်စီးတီးတိုက်စစ်မှူးဟောင်းကို

ကြောင်သူတော်လို့ တံဆိပ်ကပ်ဝေဖန်ခဲ့ပါတယ်။ အဂူရိုနဲ့ ဖာဘရီဂက်စ်တို့လို အသင်းဖော်ဟောင်းတွေက မက်ဆီကိုကာကွယ်ပေးခဲ့ပြီးတဲ့နောက် အာဂျင်တီးနား UFC ဖိုက်တာ ပွန်ဆီနစ်ဘိုင်အိုက

ကာနယ်လိုအနေနဲ့ မက်ဆီလွှတ်ပေးလိုက်ဖို့လိုပြီး တိုက်ခိုက်ချင်တယ်ဆိုရင်တော့ သူ့ဘက်ကအဆင်သင့်ပဲလို့ မှတ်ချက်တွေပေးလာပါတယ်။ မက်ဆီဘက်က ကာကွယ်သူများလာတဲ့ အခြေအနေတစ်ရပ်မှာတော့

ကာနယ်လိုဟာ တွစ်တာကတစ်ဆင့် ပြန်တောင်းပန်သွားခဲ့ပါတယ်။ “ကျွန်တော့်နိုင်ငံအတွက်ခံစားရတဲ့ချစ်ခြင်းမေတ္တာတွေအတွက် လွဲမှားတဲ့မှတ်ချက်တွေရေးမိတဲ့အပေါ် မက်ဆီနဲ့ အာဂျင်တီးနားပြည်သူတွေကို

တောင်းပန်ချင်ပါတယ်။ နေ့တိုင်းအသစ်အဆန်းတွေ သင်ယူနေရသလို ဒီနေ့ကတော့ ကျွန်တော့်နေ့ပါပဲ။ အာဂျင်တီးနားနဲ့ မက္ကဆီကိုတို့ ကမ္ဘာ့ဖလားမှာအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်သလို

မက္ကဆီကို ကိုတော့အဆုံးအထိအားပေးသွားမှာပါ” လို့ တွစ်တာကနေ ကာနယ်လိုက တောင်းပန်စာရေးသားခဲ့တာဖြစ်တယ်။

(Zawgyi)

လြဲမွားတဲ့မွတ္ခ်က္ေတြအတြက္ မက္ဆီနဲ႔ အာဂ်င္တီးနားျပည္သူေတြအားလုံးကို ကာနယ္လိုအဲဗာရက္ဇ္ ေတာင္းပန္စကားဆိုလိုက္

မကၠဆီကိုအသင္းကိုအႏိုင္ရၿပီးတဲ့ေနာက္ အာဂ်င္တီးနားအသင္းသားေတြဟာ အဝတ္လဲခန္းထဲမွာအေပ်ာ္လြန္ခဲ့ၾကသလို မက္ဆီတစ္ေယာက္ မကၠဆီကိုအလံကိုေျခနဲ႔ကန္ေက်ာက္ခဲ့တဲ့

ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာခဲ့ပါတယ္။ GOAT တစ္ေယာက္ရဲ႕လုပ္ရပ္က မကၠဆီကိုအေပၚေလးစားမႈကင္းမဲ့လြန္းတယ္လို႔ လက္ေဝွ႔ေက်ာ္ကာနယ္လိုဟာ တြစ္တာကတစ္ဆင့္ မက္ဆီကိုစတင္ၿခိမ္းေျခာက္ခဲ့ပါတယ္။

မက္ဆီရဲ႕အာဂ်င္တီးနားအသင္းေဖာ္ေဟာင္းအဂူ႐ိုက ကာနယ္လိုကို အဝတ္လဲခန္းအေၾကာင္းနားမလည္သူလို႔တုံ႔ျပန္ခဲ့တဲ့ေနာက္ မကၠဆီကိုလက္ေဝွ႔ေက်ာ္က မန္စီးတီးတိုက္စစ္မႉးေဟာင္းကို

ေၾကာင္သူေတာ္လို႔တံဆိပ္ကပ္ေဝဖန္ခဲ့ပါတယ္။ အဂူ႐ိုနဲ႔ ဖာဘရီဂက္စ္တို႔လို အသင္းေဖာ္ေဟာင္းေတြက မက္ဆီကိုကာကြယ္ေပးခဲ့ၿပီးတဲ့ေနာက္ အာဂ်င္တီးနား UFC ဖိုက္တာ ပြန္ဆီနစ္ဘိုင္အိုက

ကာနယ္လိုအေနနဲ႔ မက္ဆီလႊတ္ေပးလိုက္ဖို႔လိုၿပီး တိုက္ခိုက္ခ်င္တယ္ဆိုရင္ေတာ့ သူ႔ဘက္ကအဆင္သင့္ပဲလို႔ မွတ္ခ်က္ေတြေပးလာပါတယ္။ မက္ဆီဘက္က ကာကြယ္သူမ်ားလာတဲ့အေျခအေနတစ္ရပ္မွာေတာ့ ကာနယ္လိုဟာ

တြစ္တာကတစ္ဆင့္ျပန္ေတာင္းပန္သြားခဲ့ပါတယ္။ “ကြၽန္ေတာ့္ႏိုင္ငံအတြက္ခံစားရတဲ့ခ်စ္ျခင္းေမတၱာေတြအတြက္ လြဲမွားတဲ့မွတ္ခ်က္ေတြေရးမိတဲ့အေပၚ မက္ဆီနဲ႔

အာဂ်င္တီးနားျပည္သူေတြကိုေတာင္းပန္ခ်င္ပါတယ္။ ေန႔တိုင္းအသစ္အဆန္းေတြ သင္ယူေနရသလို ဒီေန႔ကေတာ့ ကြၽန္ေတာ့္ေန႔ပါပဲ။ အာဂ်င္တီးနားနဲ႔ မကၠဆီကိုတို႔

ကမာၻ႔ဖလားမွာေအာင္ျမင္ပါေစလို႔ဆုေတာင္းေပးလိုက္သလို မကၠဆီကို ကိုေတာ့အဆုံးအထိအားေပးသြားမွာပါ” လို႔ တြစ္တာကေန ကာနယ္လိုက ေတာင္းပန္စာေရးသားခဲ့တာျဖစ္တယ္။