လွန်ခဲ့တဲ့ ၄နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကွင်းထဲကနေဆေးရုံပို့ပစ်ခဲ့တဲ့ ရာမို့စ်ကို ကြေအေးပေးလိုက်တဲ့ ဆာလက်

လီဗာပူးကြယ်ပွင့်ဆာလက်ကတော့ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူ့ကိုကွင်းထဲကနေဆေးရုံပေါ်  ပို့ပစ်ခဲ့တဲ့ နောက်ခံလူရာမို့စ်နဲ့ ငြိမ်းချမ်းရေးပြန်ယူခဲ့ပါတယ်။

ကစားသမားနှစ်ဦးဟာ ဒူဘိုင်းမှာပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးထူးချွန်ဆုပေးပွဲအခမ်းအနားမှာ တွေ့ဆုံခဲ့တာဖြစ်တယ်။ ဆာလက်ဟာ မက်ဆီ၊ ဟာလန်းနဲ့

အမ်ဘာပီတို့ကိုကျော်ဖြတ်ပြီး TikTok ပရိသတ်တွေရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုကိုရရှိခဲ့သလို ရာမို့စ်အနေနဲ့လည်း ထာဝရအကောင်းဆုံးနောက်ခံလူအဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။

အခမ်းအနားနဲ့ပတ်သတ်လို့ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ အီဂျစ်သားဟာ စပိန်နောက်ခံလူကို လိုလိုလားလားနဲ့ ပွေ့ဖက်နှုတ်ဆက်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။

အစောပိုင်းမှာတော့ ဆာလက်က လွန်ခဲ့တဲ့ ၄နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ သူ့ကစားသမားဘဝတစ်လျှောက်အဆိုးရွားဆုံးအခိုက်အတန့်ပဲလို့ ဖွင့်ဟထားခဲ့ပါတယ်။

“ကွင်းထဲကထွက်ခဲ့ရတာကို အမှတ်ရနေပါတယ်။ ကစားသမားဘဝရဲ့အဆိုးရွားဆုံးအခိုက်အတန့်ပါပဲ။ ကစားသမားတစ်ယောက်အတွက်အရမ်း ခံပြင်းပါတယ်။

ဆေးရုံကထွက်ပေါ်လာမယ့်ရလဒ်ကို ကြိုသိနေခဲ့တယ်။ ကျွန်တော်အဆုံးအရှုံးမခံနိုင်ခဲ့ပါဘူး။ တကယ့်ကိုပြိုလဲကျခဲ့တာပါ။ ကျွန်တော်တို့မှာ ရာသီကောင်းတစ်ခုရှိနေခဲ့ပြီး

ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်မှ ထွက်ခွာသွားခဲ့ရပါတယ်” လို့ ဆာလက်ကဖွင့်ဟခဲ့ပါတယ်။ ဆာလက်ဘက်က ရာမို့စ်ကိုအတော်လေးတင်းခံမယ်ဆိုတာသေချာပေမဲ့ ၄နှစ်

အကြာပြန်လည်တွေ့ဆုံမှုမှာတော့ အပြစ်မမြင်ချစ်ခင်ကြောင်းပြသနိုင်ခဲ့တာဖြစ်တယ်။

(Zawgyi)

လြန္ခဲ့တဲ့ ၄ႏွစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ကြင္းထဲကေနေဆး႐ုံပို႔ပစ္ခဲ့တဲ့ ရာမို႔စ္ကို ေၾကေအးေပးလိုက္တဲ့ ဆာလက္

လီဗာပူးၾကယ္ပြင့္ဆာလက္ကေတာ့ ၂၀၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ သူ႔ကိုကြင္းထဲကေနေဆး႐ုံေပၚပို႔ပစ္ခဲ့တဲ့ ေနာက္ခံလူရာမို႔စ္နဲ႔ၿငိမ္းခ်မ္းေရးျပန္ယူခဲ့ပါတယ္။ ကစားသမားႏွစ္ဦးဟာ

ဒူဘိုင္းမွာျပဳလုပ္ခဲ့တဲ့ ကမာၻလုံးဆိုင္ရာေဘာလုံးထူးခြၽန္ဆုေပးပြဲအခမ္းအနားမွာေတြ႕ဆုံခဲ့တာျဖစ္တယ္။ ဆာလက္ဟာ မက္ဆီ၊ ဟာလန္းနဲ႔ အမ္ဘာပီတို႔ကိုေက်ာ္ျဖတ္ၿပီး TikTok

ပရိသတ္ေတြေ႐ြးခ်ယ္တဲ့တစ္ႏွစ္တာအေကာင္းဆုံးဆုကိုရရွိခဲ့သလို ရာမို႔စ္အေနနဲ႔လည္း ထာဝရအေကာင္းဆုံးေနာက္ခံလူအျဖစ္ဂုဏ္ျပဳခံခဲ့ရပါတယ္။ အခမ္းအနားနဲ႔ပတ္သတ္လို႔ထြက္ေပၚလာတဲ့

ဗီဒီယိုဖိုင္ေတြထဲမွာေတာ့ အီဂ်စ္သားဟာ စပိန္ေနာက္ခံလူကို လိုလိုလားလားနဲ႔ေပြ႕ဖက္ႏႈတ္ဆက္ခဲ့တာကိုေတြ႕ခဲ့ရပါတယ္။ အေစာပိုင္းမွာေတာ့ ဆာလက္က လြန္ခဲ့တဲ့ ၄ႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ

သူ႔ကစားသမားဘဝတစ္ေလွ်ာက္အဆိုး႐ြားဆုံးအခိုက္အတန႔္ပဲလို႔ ဖြင့္ဟထားခဲ့ပါတယ္။ “ကြင္းထဲကထြက္ခဲ့ရတာကို အမွတ္ရေနပါတယ္။ ကစားသမားဘဝရဲ႕အဆိုး႐ြားဆုံးအခိုက္အတန႔္ပါပဲ။

ကစားသမားတစ္ေယာက္အတြက္အလြန္ခံျပင္းပါတယ္။ ေဆး႐ုံကထြက္ေပၚလာမယ့္ရလဒ္ကို ႀကိဳသိေနခဲ့တယ္။ ကြၽန္ေတာ္အဆုံးအရႈံးမခံႏိုင္ခဲ့ပါဘူး။ တကယ့္ကိုၿပိဳလဲက်ခဲ့တာပါ။

ကြၽန္ေတာ္တို႔မွာ ရာသီေကာင္းတစ္ခုရွိေနခဲ့ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္မွထြက္ခြာသြားခဲ့ရပါတယ္” လို႔ ဆာလက္ကဖြင့္ဟထဲ့ပါတယ္။

ဆာလက္ဘက္က ရာမို႔စ္ကိုအေတာ္ေလးတင္းခံမယ္ဆိုတာေသခ်ာေပမဲ့ ၄ႏွစ္အၾကာျပန္လည္ေတြ႕ဆုံမႈမွာေတာ့ အျပစ္မျမင္ခ်စ္ခင္ေၾကာင္းျပသႏိုင္ခဲ့တာျဖစ္တယ္။