လွန်ခဲ့တဲ့ ၂ နှစ်တုန်းက VAR စည်းမျဉ်းနဲ့သာဆိုရင် မန်ယူက လီဗာပူးကို အနိုင်ရသွားမယ်လို့ ထင်ပါသလား

တကယ်လို့များ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ယူ-လီဗာပူး ပွဲစဉ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အခြေအနေမျိုးနဲ့ဆိုရင် ဘယ်လိုရလဒ်မျိုး ထွက်ပေါ် လိမ့်မယ်လို့ ထင်ပါသလဲ။ သေချာတာတစ်ခုကတော့ သရဲနီပရိသတ်တွေ စိတ်ဆင်းရဲရမှာပဲ ဖြစ်ပါတယ်။

ပွတ်ကာသီကာနဲ့ လူကျွံဘောဖြစ်နေတာလား၊ ဘာလားဆိုတဲ့ ကိစ္စက ဒီသီတင်းပတ်အတွက် သီဆိုကျူးချင်စရာ သံစဉ်တစ်ခု ဖြစ်ခဲ့တာပါ။ အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေအတွက်ပေါ့လေ။ တကယ်လို့များသာ ဗီဒီယိုအကူဒိုင်လူကြီး နည်းပညာ (VAR) ရဲ့ စည်းမျဉ်းအချို့ မပြောင်းလဲခဲ့ဘဲ ဒီအတိုင်းသာ ဆက်ရှိနေမယ်ဆိုခဲ့ရင် လီဗာပူးနဲ့ပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သွင်းယူခဲ့တဲ့ဂိုးဟာ

သေချာပေါက် လူကျွံဘောဖြစ်မှာပါ။ VAR ဟာ ခြေသည်းတစ်ခုစာလောက် အစွန်းထွက်နေရင်တောင် ခွင့်မပြုတဲ့ စည်းမျဉ်းနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်ကို မိတ်ဆက်ခဲ့တာပါ။ ဒါပေမဲ့ ပွဲကောင်းတွေရဲ့ ရသကို မပျက်စေဖို့အတွက် ကလပ်အသင်းတွေရဲ့ သဘောတူညီချက်တွေကို ရယူနိုင်ခဲ့မှုနဲ့အတူ စည်းမျဉ်းတွေကို ပြောင်းလဲပစ်ခဲ့တာပါ။

အခု အဲဒီစည်းမျဉ်းတချို့ ဘယ်လို ဘယ်ပုံရှိသလဲဆိုတာ ပြောပြချင်ပါတယ်။ လက်ရှိပြောင်းလဲလိုက်တဲ့ စည်း မျဉ်းဟာ AI နည်းပညာကို အခြေပြုထားပြီး ကစားသမားဟာ ကွင်းအတွင်းမှာ လူကျွံလား၊ လူမကျွံဘူးလားဆိုတာကို အတိအကျ သတ်မှတ်ပေးနိုင်ပါတယ်တဲ့။ ဒါ့အပြင် လူကျွံဘောအဖြစ် သတ်မှတ်ဖို့အတွက် ဆုံးဖြတ်တဲ့အခါ ပထမဆုံး ဘောလုံးစတင် မြစ်ဖျားခံတဲ့သူဆီက

လှုပ်ရှားမှု စတင်ပြီးမှသာ မျဉ်းကြောင်းရေးဆွဲတာမျိုးဖြစ်သွားပါပြီ။ ဆိုရရင် ဘောလုံးပေးလိုက်တဲ့သူဟာ ဘောလုံးကို တို့ထိချက်အပြီးမှသာ ပြိုင်ဘက်အသင်း နောက်ဆုံး နောက်ခံလူရဲ့ နယ်နိမိတ်မျဉ်းကို ရေးဆွဲသတ်မှတ်တာဖြစ်ပါတယ်။

ဒါကြောင့် ပထမဆုံး ဆွဲတဲ့မျဉ်းက ပြိုင်ဘက်အသင်း နောက်ဆုံး ခံစစ်သမားအတွက်ဖြစ်ပြီး ဒုတိယ မျဉ်းကြောင်းကတော့ တိုက်စစ်မှူးအတွက်ပေါ့။ အဲဒီ မျဉ်းနှစ်ခုမှာ ပါဝင်တဲ့ Pixel တစ်ခုနဲ့တစ်ခု ထိဆက်နေတယ်ဆိုရင်တော့ ဒီဂိုးဟာ လူကျွံဘောအဖြစ် သတ်မှတ်လို့မရတော့ပါဘူး။

ဒါကို နယ်စပ်မျဉ်းလို့လည်း အကြမ်းဖျဉ်း ခေါ် ဝေါ်သုံးစွဲလို့ရနိုင်တာမျိုးပါပဲ။ ဒီအချက်တွေအားလုံးနဲ့ ပြည့်စုံပြီဆိုရင်တော့ VAR က အတည်ပြုပြီး လူမကျွံဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အပြီးသတ် ချမှတ် တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး မာရှယ်ဘော လုံးပေးပို့ချိန် ရက်ရှ်ဖို့ဒ်တစ်ယောက် ခြေသည်း တစ်ခုစာလောက် ရှေ့ရောက် နေခဲ့ပေမယ့် စောစောကပြောခဲ့တဲ့အချက်တွေအားလုံးနဲ့ ကိုက်ညီနေတာကြောင့် လူမကျွံခဲ့လို့ မန်ယူဟာ လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

(zawgyi)

တကယ္လို႔မ်ား အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ မန္ယူ-လီဗာပူး ပြဲစဥ္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက အေျခအေနမ်ိဳးနဲ႔ဆိုရင္ ဘယ္လိုရလဒ္မ်ိဳး ထြက္ေပၚ လိမ့္မယ္လို႔ ထင္ပါသလဲ။ ေသခ်ာတာတစ္ခုကေတာ့ သရဲနီပရိသတ္ေတြ စိတ္ဆင္းရဲရမွာပဲ ျဖစ္ပါတယ္။

ပြတ္ကာသီကာနဲ႔ လူကြၽံေဘာျဖစ္ေနတာလား၊ ဘာလားဆိုတဲ့ ကိစၥက ဒီသီတင္းပတ္အတြက္ သီဆိုက်ဴးခ်င္စရာ သံစဥ္တစ္ခု ျဖစ္ခဲ့တာပါ။ အာဆင္နယ္တိုက္စစ္မႉး ဂါဘရီရယ္ဂ်ီးဆပ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးေတြအတြက္ေပါ့ေလ။

တကယ္လို႔မ်ားသာ ဗီဒီယိုအကူဒိုင္လူႀကီး နည္းပညာ (VAR) ရဲ႕ စည္းမ်ဥ္းအခ်ိဳ႕ မေျပာင္းလဲခဲ့ဘဲ ဒီအတိုင္းသာ ဆက္ရွိေနမယ္ဆိုခဲ့ရင္ လီဗာပူးနဲ႔ပြဲမွာ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္သြင္းယူခဲ့တဲ့ဂိုးဟာ ေသခ်ာေပါက္ လူကြၽံေဘာျဖစ္မွာပါ။

VAR ဟာ ေျခသည္းတစ္ခုစာေလာက္ အစြန္းထြက္ေနရင္ေတာင္ ခြင့္မျပဳတဲ့ စည္းမ်ဥ္းနဲ႔အတူ အဂၤလန္ပရီးမီးယားလိဂ္ကို မိတ္ဆက္ခဲ့တာပါ။ ဒါေပမဲ့ ပြဲေကာင္းေတြရဲ႕ ရသကို မပ်က္ေစဖို႔အတြက္ ကလပ္အသင္းေတြရဲ႕ သေဘာတူညီခ်က္ေတြကို ရယူႏိုင္ခဲ့မႈနဲ႔အတူ စည္းမ်ဥ္းေတြကို ေျပာင္းလဲပစ္ခဲ့တာပါ။

အခု အဲဒီစည္းမ်ဥ္းတခ်ိဳ႕ ဘယ္လို ဘယ္ပုံရွိသလဲဆိုတာ ေျပာျပခ်င္ပါတယ္။ လက္ရွိေျပာင္းလဲလိုက္တဲ့ စည္း မ်ဥ္းဟာ AI နည္းပညာကို အေျချပဳထားၿပီး ကစားသမားဟာ ကြင္းအတြင္းမွာ လူကြၽံလား၊ လူမကြၽံဘူးလားဆိုတာကို အတိအက် သတ္မွတ္ေပးႏိုင္ပါတယ္တဲ့။

ဒါ့အျပင္ လူကြၽံေဘာအျဖစ္ သတ္မွတ္ဖို႔အတြက္ ဆုံးျဖတ္တဲ့အခါ ပထမဆုံး ေဘာလုံးစတင္ ျမစ္ဖ်ားခံတဲ့သူဆီက လႈပ္ရွားမႈ စတင္ၿပီးမွသာ မ်ဥ္းေၾကာင္းေရးဆြဲတာမ်ိဳးျဖစ္သြားပါၿပီ။ ဆိုရရင္ ေဘာလုံးေပးလိုက္တဲ့သူဟာ ေဘာလုံးကို တို႔ထိခ်က္အၿပီးမွသာ ၿပိဳင္ဘက္အသင္း ေနာက္ဆုံး ေနာက္ခံလူရဲ႕ နယ္နိမိတ္မ်ဥ္းကို ေရးဆြဲသတ္မွတ္တာျဖစ္ပါတယ္။

ဒါေၾကာင့္ ပထမဆုံး ဆြဲတဲ့မ်ဥ္းက ၿပိဳင္ဘက္အသင္း ေနာက္ဆုံး ခံစစ္သမားအတြက္ျဖစ္ၿပီး ဒုတိယ မ်ဥ္းေၾကာင္းကေတာ့ တိုက္စစ္မႉးအတြက္ေပါ့။ အဲဒီ မ်ဥ္းႏွစ္ခုမွာ ပါဝင္တဲ့ Pixel တစ္ခုနဲ႔တစ္ခု ထိဆက္ေနတယ္ဆိုရင္ေတာ့ ဒီဂိုးဟာ လူကြၽံေဘာအျဖစ္ သတ္မွတ္လို႔မရေတာ့ပါဘူး။

ဒါကို နယ္စပ္မ်ဥ္းလို႔လည္း အၾကမ္းဖ်ဥ္း ေခၚ ေဝၚသုံးစြဲလို႔ရႏိုင္တာမ်ိဳးပါပဲ။ ဒီအခ်က္ေတြအားလုံးနဲ႔ ျပည့္စုံၿပီဆိုရင္ေတာ့ VAR က အတည္ျပဳၿပီး လူမကြၽံဘူးဆိုတဲ့ ဆုံးျဖတ္ခ်က္ကို အၿပီးသတ္ ခ်မွတ္ တာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးနဲ႔ပြဲစဥ္မွာ

တိုက္စစ္မႉး မာရွယ္ေဘာ လုံးေပးပို႔ခ်ိန္ ရက္ရွ္ဖို႔ဒ္တစ္ေယာက္ ေျခသည္း တစ္ခုစာေလာက္ ေရွ႕ေရာက္ ေနခဲ့ေပမယ့္ ေစာေစာကေျပာခဲ့တဲ့အခ်က္ေတြအားလုံးနဲ႔ ကိုက္ညီေနတာေၾကာင့္ လူမကြၽံခဲ့လို႔ မန္ယူဟာ လီဗာပူးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။