လျှပ်စီးလိုမြန်တဲ့ ထရာအိုရေးကို ကွင်းပြင်ပမှာ စိန်ခေါ်အပြေးပြိုင်ခဲ့တဲ့ လူငယ်ပရိသတ်နှစ်ယောက်

ပြီးခဲ့တဲ့ဇန်နဝါရီစျေးကွက်မှာ အသင်းဟောင်း ဘာစီလိုနာကိုအငှားနဲ့ သွားရောက်ကစား ပြီး ဒီရာသီအစမှာ ၀ုဗ်ကိုပြန်ရောက်လာတဲ့ တောင်ပံတိုက်စစ်ကစားသမားထရာအိုရေးဟာ

ကမ္ဘာ့ဘောလုံးလောကမှာ အပြေးမြန်သူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကစားသမားတွေအတွက် လျှပ်စီးကြောင်းလိုမြန်တဲ့ ထရာအိုရေးကိုထိန်းချုပ်ဖို့ဆိုတာက

အိပ်မက်ဆိုးတစ်ခုပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ လူငယ်ပရိသတ်နှစ်ယောက်ဟာ ထရာအိုရေးကို စိန်ခေါ်အပြေးပြိုင်ခဲ့ပြီး ဘယ်လောက်မြန်သလဲဆိုတာကိုစမ်းသပ်ခဲ့ပါတယ်။

အပြင်ထွက်လာတဲ့ ထရာအိုရေးနားကို လူငယ်ပရိသတ်တွေ ဓာတ်ပုံရိုက်ဖို့လာရောက်ခဲ့ပြီးတဲ့နောက် အပြေးပြိုင်ဖို့စိန်ခေါ်ခဲ့ရာမှာ ၀ုဗ်တောင်ပံကစားသမားကလက်ခံခဲ့ပါတယ်။

ဒီကစားသမားဟာ ၂၀၂၁-၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ တစ်နာရီကို ၃၆.၆ ကီလိုမီတာနှုန်းပြေးလွှားပြခဲ့ ပြီး သူ့ထက်မြန်အောင်ပြေးနိုင်ခဲ့သူဆိုလို့ ချဲလ်ဆီးနောက်ခံလူ

ရူဒီဂါ တစ်ယောက်သာရှိခဲ့ပါတယ်။ လူငယ်ပရိသတ်နှစ်ယောက်ရဲ့ စိန်ခေါ်မှုကိုလက်ခံပြီးတဲ့နောက် သူတို့ဟာအနီးနားမှာအပြေးပြိုင်ဖို့နေရာမရှိခဲ့တဲ့အတွက် Sainsbury’s

ကားပါကင်ကို ရွေးချယ်ပြီးပြိုင်ဆိုင်ခဲ့ကြပါတယ်။

ထရာအိုရေးအလွယ်မနိုင်ခဲ့ပေမဲ့ လူငယ်နှစ်ယောက်ကို အတော်ဝေးဝေးဖြတ်ထားနိုင်ခဲ့ပြီး လျင်မြန်တဲ့အရှိန်အဟုန် ကိုထုတ်ပြခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပြီး လူငယ်ပရိသတ် တစ်ယောက်ရဲ့ ဖခင်ဖြစ်သူက တွစ်တာပေါ်မျှဝေခဲ့ရာမှာတော့

လတ်တလောအခြေအနေမှာတင် ကြည့်ရှုသူပေါင်း ၃ သိန်းကျော်လောက်ရှိနေပါတယ်။

(Zawgyi)

လွ်ပ္စီးလိုျမန္တဲ့ ထရာအိုေရးကို ကြင္းျပင္ပမွာ စိန္ေခၚအေျပးၿပိဳင္ခဲ့တဲ့ လူငယ္ပရိသတ္ႏွစ္ေယာက္

ၿပီးခဲ့တဲ့ဇန္နဝါရီေစ်းကြက္မွာ အသင္းေဟာင္းဘာစီလိုနာကိုအငွားနဲ႔သြားေရာက္ကစား ၿပီး ဒီရာသီအစမွာ ၀ုဗ္ကိုျပန္ေရာက္လာတဲ့ ေတာင္ပံတိုက္စစ္ကစားသမားထရာအိုေရးဟာ

ကမာၻ႔ေဘာလုံးေလာကမွာ အေျပးျမန္သူေတြထဲကတစ္ေယာက္ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကစားသမားေတြအတြက္ လွ်ပ္စီးေၾကာင္းလိုျမန္တဲ့ ထရာအိုေရးကိုထိန္းခ်ဳပ္ဖို႔ဆိုတာက

အိပ္မက္ဆိုးတစ္ခုပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာေတာ့ လူငယ္ပရိသတ္ႏွစ္ေယာက္ဟာ ထရာအိုေရးကို စိန္ေခၚအေျပးၿပိဳင္ခဲ့ၿပီး ဘယ္ေလာက္ျမန္သလဲဆိုတာကိုစမ္းသပ္ခဲ့ပါတယ္။

အျပင္ထြက္လာတဲ့ ထရာအိုေရးနားကို လူငယ္ပရိသတ္ေတြ ဓာတ္ပုံ႐ိုက္ဖို႔လာေရာက္ခဲ့ၿပီးတဲ့ေနာက္ အေျပးၿပိဳင္ဖို႔စိန္ေခၚခဲ့ရာမွာ ၀ုဗ္ေတာင္ပံကစားသမားကလက္ခံခဲ့ပါတယ္။ ဒီကစားသမားဟာ

၂၀၂၁-၂၂ ေဘာလုံးရာသီ ပရီးမီးယားလိဂ္မွာ တစ္နာရီကို ၃၆.၆ ကီလိုမီတာႏႈန္းေျပးလႊားျပခဲ့ ၿပီး သူ႔ထက္ျမန္ေအာင္ေျပးႏိုင္ခဲ့သူဆိုလို႔ ခ်ဲလ္ဆီးေနာက္ခံလူ ႐ူဒီဂါ တစ္ေယာက္သာရွိခဲ့ပါတယ္။

လူငယ္ပရိသတ္ႏွစ္ေယာက္ရဲ႕ စိန္ေခၚမႈကိုလက္ခံၿပီး တဲ့ေနာက္ သူတို႔ဟာအနီးနားမွာအေျပးၿပိဳင္ဖို႔ေနရာမရွိခဲ့တဲ့အတြက္ Sainsbury’s ကားပါကင္ကို ေ႐ြးခ်ယ္ၿပီးၿပိဳင္ဆိုင္ခဲ့ၾကပါတယ္။

ထရာအိုေရးအလြယ္မႏိုင္ခဲ့ေပမဲ့ လူငယ္ႏွစ္ေယာက္ကို အေတာ္ေဝးေဝးျဖတ္ထားႏိုင္ခဲ့ၿပီး လ်င္ျမန္တဲ့အရွိန္အဟုန္ ကိုထုတ္ျပခဲ့ပါတယ္။ ဒီၿပိဳင္ပြဲကို ဗီဒီယိုမွတ္တမ္းတင္ထားခဲ့ၿပီး

လူငယ္ပရိသတ္ တစ္ေယာက္ရဲ႕ ဖခင္ျဖစ္သူက တြစ္တာေပၚမွ်ေဝခဲ့ရာမွာေတာ့ လတ္တေလာအေျခအေနမွာတင္ ၾကည့္ရႈသူေပါင္း ၃သိန္းေက်ာ္ေလာက္ရွိေနပါတယ္။