လျို့ဝှက်ချစ်ကြိုက်လာတဲ့ချစ်သူသစ်ကို ထုတ်ပြလာတဲ့ နေမာ

နေမာဟာလအတန်ကြာလျို့ဝှက်ချစ်ကြိုက်လာတဲ့ချစ်သူသစ်

ဘရူနာဘီယန်ကာဒီနှင့်လူသိရှင်ကြားတွဲလာပြီဖြစ်ပါတယ်။

နေမာနှင့်ဘရူနာဘီယန်ကာဒီတို့စုံတွဲကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းက

အိုင်ဘီဇာတွင်အတူတွဲနေတာတွေ့ခဲ့ရသလို

ဘရာဇီးလှပျိုဖြူဟာပီအက်စ်ဂျီတိုက်စစ်မှူးနဲ့အတူ

ခရစ္စမတ်ကာလတုန်းကဘရာဇီးသို့အတူသွားခဲ့ပါတယ်။

နေမာဟာ ၆ နှစ်ကြာလက်တွဲခဲ့တဲ့ ဇနီးဖြစ်သူနဲ့ ၂၀၁၈ ခုနှစ်မှာ

လမ်းခွဲခဲ့တာဖြစ်ပြီး လူကာလို့ နာမည်ပေးထားတဲ့

သားလေးတစ်ယောက်ရှိထားပါတယ်။

အခုတော့ နေမာက သူ့သားလေးကို ညီအစ်ကို မောင်နှမတွေရစေချင်တာကြောင့်

နောက်ထပ် ကလေးနှစ်ယောက်လောက် မွေးဖို့ ဆန္ဒရှိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဘီယန်ကာဒီဟာ ဘရာဇီးနိုင်ငံသူ ဖြစ်ပြီး မော်ဒယ်တစ်ယောက်ဖြစ်ပေမယ့်

လက်ရှိအချိန်မှာတော့ ပြင်သစ်နိုင်ငံမှာ နေထိုင်သူ ဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi













