လေးစားမှုကင်းမဲ့တဲ့ ဘိုင်ယန်နဲ့ နာဂယ်စ်မန်းကို ပါရီဂျို ပြန်လည်ထိုးနှက်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အင်အားကြီး ဘိုင်ယန်ကို

အံ့အားသင့်ဖွယ်ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်
တက်ရောက်နိုင်ခဲ့ပြီးနောက် ဗီလာရီးရဲလ်ကွင်းလယ်လူ
ပါရီဂျိုက သူ့အသင်းကို လေးစားမှုကင်းမဲ့တဲ့ ဘိုင်ယန်နဲ့
ပြိုင်ဘက်နည်းပြ နာဂယ်စ်မန်းတို့ကို ပြန်လည်ထိုးနှက်သွားပါတယ်။
ကွာတားဖိုင်နယ်မတိုင်ခင် နာဂယ်စ်မန်းက ပ-အကျော့မှာကတည်းက

ပွဲပြတ်အောင်ကစားသွားမယ်လို့ လေလုံးထွားခဲ့တာဖြစ်ပြီး
စပိန်မြေမှာ ကစားခဲ့တဲ့ပ-အကျော့မှာ ဗီလာရီးရဲလ်က
၁-၀ ဂိုးနဲ့ အနိုင်ယူကာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
ဒါ့အပြင် ဒု-အကျော့ မြူးနစ်မြေမှာလည်း ဗီလာရီးရဲလ်က
ဘိုင်ယန်ကို ၁-၁ ဂိုးသရေကစားနိုင်ခဲ့ရာ နှစ်ကျော့ပေါင်း ၂-၁ ဂိုးရလဒ်နဲ့

ဗီလာရီးရဲလ်အသင်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။
ပါရီဂျိုဟာ ဘိုင်ယန်ကွင်းမှာ ဗီလာရီးရဲလ်အသင်းရဲ့
အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီး
ပြိုင်ဘက်အသင်းရဲ့ မှတ်ချက်တွေကြောင့် ဒီလိုအံ့အားသင့်ဖွယ်
ရလဒ်ထွက်ပေါ်လာစေဖို့ ဗီလာရီးရဲလ်အသင်းသားတွေကို

တွန်းအားပေးခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံပါတယ်။
”နာဂယ်စ်မန်းက ပ-အကျော့ တစ်ကျော့တည်းနဲ့
ကွာတားဖိုင်နယ်ကို ဆုံးဖြတ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
သူ့အနေနဲ့ ကျွန်တော်တို့အသင်းကိုသာမက
ဘောလုံးအားကစားနည်းကိုပါ မလေးမစားလုပ်လိုက်တာပဲလို့ထင်ပါတယ်။

တစ်ခါတလေ ကိုယ် မိုးပေါ်ထောင် ထွေးလိုက်တဲ့ တံတွေးက
ကိုယ့်မျက်နှာပေါ် ပြန်ကျတတ်ပါတယ်”လို့ ပါရီဂျိုက ပြောပါတယ်။

Zawgyi

ေလးစားမႈကင္းမဲ့တဲ့ ဘုိင္ယန္နဲ႔ နာဂယ္စ္မန္းကို ပါရီဂ်ိဳ ျပန္လည္ထုိးႏွက္
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ အင္အားႀကီး ဘုိင္ယန္ကို
အံ့အားသင့္ဖြယ္ေက်ာ္ျဖတ္ကာ ဆီမီးဖုိင္နယ္
တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ဗီလာရီးရဲလ္ကြင္းလယ္လူ
ပါရီဂ်ိဳက သူ႕အသင္းကို ေလးစားမႈကင္းမဲ့တဲ့ ဘုိင္ယန္နဲ႔

ၿပိဳင္ဘက္နည္းျပ နာဂယ္စ္မန္းတုိ႔ကို ျပန္လည္ထုိးႏွက္သြားပါတယ္။
ကြာတားဖုိင္နယ္မတုိင္ခင္ နာဂယ္စ္မန္းက ပ-အေက်ာ့မွာကတည္းက
ပြဲျပတ္ေအာင္ကစားသြားမယ္လုိ႔ ေလလုံးထြားခဲ့တာျဖစ္ၿပီး
စပိန္ေျမမွာ ကစားခဲ့တဲ့ပ-အေက်ာ့မွာ ဗီလာရီးရဲလ္က
၁-၀ ဂိုးနဲ႔ အႏုိင္ယူကာ အားလုံးကို အ့ံအားသင့္ေစခဲ့ပါတယ္။

ဒါ့အျပင္ ဒု-အေက်ာ့ ျမဴးနစ္ေျမမွာလည္း ဗီလာရီးရဲလ္က
ဘုိင္ယန္ကို ၁-၁ ဂိုးသေရကစားႏိုင္ခဲ့ရာ ႏွစ္ေက်ာ့ေပါင္း ၂-၁ ဂိုးရလဒ္နဲ႔
ဗီလာရီးရဲလ္အသင္း ဆီမီးဖုိင္နယ္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ပါရီဂ်ိဳဟာ ဘုိင္ယန္ကြင္းမွာ ဗီလာရီးရဲလ္အသင္းရဲ႕
အဓိကကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး

ၿပိဳင္ဘက္အသင္းရဲ႕ မွတ္ခ်က္ေတြေၾကာင့္ ဒီလုိအံ့အားသင့္ဖြယ္
ရလဒ္ထြက္ေပၚလာေစဖို႔ ဗီလာရီးရဲလ္အသင္းသားေတြကို
တြန္းအားေပးခဲ့တာျဖစ္ေၾကာင္း ပြဲအၿပီးမွာ ၀န္ခံပါတယ္။
”နာဂယ္စ္မန္းက ပ-အေက်ာ့ တစ္ေက်ာ့တည္းနဲ႔
ကြာတားဖုိင္နယ္ကို ဆုံးျဖတ္ခ်င္တယ္လုိ႔ ေျပာခဲ့ပါတယ္။

သူ႕အေနနဲ႔ ကၽြန္ေတာ္တို႔အသင္းကုိသာမက
ေဘာလုံးအားကစားနည္းကုိပါ မေလးမစားလုပ္လုိက္တာပဲလုိ႔ထင္ပါတယ္။
တစ္ခါတေလ ကိုယ္ မိုးေပၚေထာင္ ေထြးလုိက္တဲ့ တံေတြးက
ကိုယ့္မ်က္ႏွာေပၚ ျပန္က်တတ္ပါတယ္”လုိ႔ ပါရီဂ်ိဳက ေျပာပါတယ္။