လေ့ကျင့်ရေးကွင်းကိုအလာ ကားငယ်တစ်စီးကို ဝင်တိုက်မိလိုက်တဲ့ တမ်မီအေဘရာဟမ်

စီးရီးအေကလပ် ရိုးမားမှာ ကစားနေတဲ့ အင်္ဂလန်တိုက်စစ်မှုး တမ်မီအေဘရာဟမ်ဟာ

တနင်္လာနေ့က အသင်းရဲ့ လေ့ကျင့်ရေးကွင်းကိုသူ့ရဲ့ ပိုရှေးကားကိုမောင်ပြီး

လာရောက်ခဲ့ချိန်မှာ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့

ကားငယ်လေးတစ်စီးကို ဝင်တိုက်မိခဲ့ပါတယ်။

၂၄ နှစ်ရှိတမ်မီအေဘရာဟမ်ဟာ ဒီရာသီအစမှာ ရိုးမားကို

ပြောင်းရွေ့ကြေး ပေါင် ၃၄ သန်း၊ ၅ နှစ်စာချုပ်နဲ့ ပြောင်းရွေ့ခဲ့သူပါ။

ရိုးမားနည်းပြ မော်ရင်ဟိုလက်အောက်မှာ ပုံမှန်ကစားခွင့်ရနေပြီး

စီးရီးအေ ၁၈ ပွဲကစား ၆ ဂိုး၊ ယူရိုပါကွန်းဖရန့်လိဂ် ၆ ပွဲကစား ၆ ဂိုး

သွင်းယူထားနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၂၅ ပွဲကစားပြီးချိန်မှာ ၁၂ ဂိုးသွင်းပြီး

၃ ဂိုးဖန်တီးနိုင်ခဲ့လို့လည်း ရိုးမားပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေပါတယ်။

စီးရီးအေအသင်းတွေဟာ ဆောင်းခိုခဲ့ပြီးနောက် ဇန်နဝါရီ ၆ မှာ ပွဲတွေ

ပြန်ကစားမှာဖြစ်သလို ရိုးမားကလည်း ကြသာပတေးနေ့မှာ

အေစီမီလန်နဲ့ အဝေးကွင်းပွဲကစားဖို့ ရှိနေပါတယ်။

ကားတိုက်မှုဖြစ်ပွားခဲ့ပေမယ့် အေဘရာဟမ်လည်း ထိခိုက်ဒဏ်ရာရမှုမရှိခဲ့သလို

သူ ဝင်တိုက်မိလိုက်တဲ့ ကားငယ်က ယာဥ္မောင်း အမျိုးသမီးလည်း

ဒဏ်ရာမရခဲ့ဘူးလို့ အီတလီသတင်းစာတွေက ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ခေါ်ရလောက်တဲ့အထိ ပြင်းထန်မှုမရှိခဲ့တာကြောင့်လည်း

အေဘရာဟမ်နဲ့ တစ်ဖက်က ယာဥ္မောင်းအမျိုးသမီးတို့ စကားပြောဆိုဆွေးနွေးပြီးနောက်

ကိုယ့်လမ်းကိုယ်မောင်းနှင်သွားပြီး အဆင်ပြေခဲ့တယ်လို့သိရပါတယ်။

အေဘရာဟမ်အတွက်တော့ အခုလိုမျိုးကားနဲ့ ပတ်သက်ပြီး မတော်တဆဖြစ်တာ

ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၇ ဇန်နဝါရီလအတွင်းကလည်း

ဘရစ္စတိုးလ်လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီး

သူ့ကို စစ်ဆေးရာမှာ ယာဥ္မောင်းလိုင်စင်နဲ့ အာမခံမရှိဘဲ

မောင်းနှင်ခဲ့ခြင်းဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

၂၀၂၁ ဧပြီလအတွင်းကလည်း လန်ဒန်မြို့က မိုင် ၂၀ သာမောင်းရမယ့်နေရာမှာ

သူ့ရဲ့ ပေါင် ၁၇၀၀၀၀ တန် လန်ဘော်ဂနီအနက်ရောင်ကားနဲ့ ၄၇ မို်င်နှုန်းမောင်းလို့

စုစုပေါင်း ၈၂၆ ပေါင် ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။

zawgyi

ေလ့က်င့္ေရးကြင္းကိုအလာ ကားငယ္တစ္စီးကို ဝင္တိုက္မိလိုက္တဲ့ တမ္မီေအဘရာဟမ္

စီးရီးေအကလပ္ ႐ိုးမားမွာ ကစားေနတဲ့ အဂၤလန္တိုက္စစ္မႈး တမ္မီေအဘရာဟမ္ဟာ

တနလၤာေန႔က အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကိုသူ႔ရဲ႕ ပိုေရွးကားကိုေမာင္ၿပီး

လာေရာက္ခဲ့ခ်ိန္မွာ အမ်ိဳးသမီးတစ္ဦးေမာင္းႏွင္လာတဲ့

ကားငယ္ေလးတစ္စီးကို ဝင္တိုက္မိခဲ့ပါတယ္။

၂၄ ႏွစ္ရွိတမ္မီေအဘရာဟမ္ဟာ ဒီရာသီအစမွာ ႐ိုးမားကို

ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၃၄ သန္း၊ ၅ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေ႐ြ႕ခဲ့သူပါ။

႐ိုးမားနည္းျပ ေမာ္ရင္ဟိုလက္ေအာက္မွာ ပုံမွန္ကစားခြင့္ရေနၿပီး

စီးရီးေအ ၁၈ ပြဲကစား ၆ ဂိုး၊ ယူ႐ိုပါကြန္းဖရန္႔လိဂ္ ၆ ပြဲကစား ၆ ဂိုး

သြင္းယူထားႏိုင္ခဲ့ပါတယ္။ ၿပိဳင္ပြဲစုံ ၂၅ ပြဲကစားၿပီးခ်ိန္မွာ ၁၂ ဂိုးသြင္းၿပီး

၃ ဂိုးဖန္တီးႏိုင္ခဲ့လို႔လည္း ႐ိုးမားပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ေနပါတယ္။

စီးရီးေအအသင္းေတြဟာ ေဆာင္းခိုခဲ့ၿပီးေနာက္ ဇန္နဝါရီ ၆ မွာ ပြဲေတြ

ျပန္ကစားမွာျဖစ္သလို ႐ိုးမားကလည္း ၾကသာပေတးေန႔မွာ

ေအစီမီလန္နဲ႔ အေဝးကြင္းပြဲကစားဖို႔ ရွိေနပါတယ္။

ကားတိုက္မႈျဖစ္ပြားခဲ့ေပမယ့္ ေအဘရာဟမ္လည္း ထိခိုက္ဒဏ္ရာရမႈမရွိခဲ့သလို

သူ ဝင္တိုက္မိလိုက္တဲ့ ကားငယ္က ယာေၪၼာင္း အမ်ိဳးသမီးလည္း

ဒဏ္ရာမရခဲ့ဘူးလို႔ အီတလီသတင္းစာေတြက ေဖာ္ျပပါတယ္။

ရဲတပ္ဖြဲ႕ေခၚရေလာက္တဲ့အထိ ျပင္းထန္မႈမရွိခဲ့တာေၾကာင့္လည္း

ေအဘရာဟမ္နဲ႔ တစ္ဖက္က ယာေၪၼာင္းအမ်ိဳးသမီးတို႔ စကားေျပာဆိုေဆြးေႏြးၿပီးေနာက္

ကိုယ့္လမ္းကိုယ္ေမာင္းႏွင္သြားၿပီး အဆင္ေျပခဲ့တယ္လို႔သိရပါတယ္။

ေအဘရာဟမ္အတြက္ေတာ့ အခုလိုမ်ိဳးကားနဲ႔ ပတ္သက္ၿပီး မေတာ္တဆျဖစ္တာ

ပထမဆုံးအႀကိမ္ မဟုတ္ပါဘူး။ ၂၀၁၇ ဇန္နဝါရီလအတြင္းကလည္း

ဘရစၥတိုးလ္ေလ့က်င့္ေရးကြင္းအျပင္ဘက္မွာ ကားမေတာ္တဆမႈျဖစ္ပြားခဲ့ၿပီး

သူ႔ကို စစ္ေဆးရာမွာ ယာေၪၼာင္းလိုင္စင္နဲ႔ အာမခံမရွိဘဲ

ေမာင္းႏွင္ခဲ့ျခင္းျဖစ္တယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။

၂၀၂၁ ဧၿပီလအတြင္းကလည္း လန္ဒန္ၿမိဳ႕က မိုင္ ၂၀ သာေမာင္းရမယ့္ေနရာမွာ

သူ႔ရဲ႕ ေပါင္ ၁၇၀၀၀၀ တန္ လန္ေဘာ္ဂနီအနက္ေရာင္ကားနဲ႔ ၄၇ မို္င္ႏႈန္းေမာင္းလို႔

စုစုေပါင္း ၈၂၆ ေပါင္ ဒဏ္႐ိုက္ခံခဲ့ရပါေသးတယ္။