လေ့ကျင့်ရေးပျက်ကွက်ခဲ့တဲ့ ရော်နယ်ဒို တောင်ကိုရီးယားနဲ့ပွဲစဉ်ပါဝင်ကစားဖို့ ၅၀/၅၀ အခြေအနေမှာသာရှိနေ

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့အသင်းလိုက်လေ့ကျင့်ရေးပျက်ကွက်ခဲ့ပြီးနောက် တောင်ကိုရီးယားနဲ့ရင်ဆိုင်ရမယ့် အုပ်စုအပိတ်ပွဲစဉ်ကိုလွဲချော်ဖို့ရှိနေပါတယ်။

ရော်နယ်ဒို အားကစားခန်းမထဲမှာ တစ်ဦးတည်း လေ့ကျင့်ခန်းတွေပြုလုပ်နေခဲ့တဲ့ကိစ္စရပ်ဟာ မီဒီယာတွေရဲ့အာရုံစိုက်ခြင်းခံလိုက်ရပြီး နည်းပြဖာနန်ဒိုဆန်းတို့စ်ကို မေးမြန်းမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဒီအချိန်မှာတော့ ဆန်းတို့စ်ဘက်ကအခြေအနေမှန်ကိုပြောပြခဲ့ပြီး တောင်ကိုရီးယားနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ရေးကတော့ ၅၀/၅၀ ပဲလို့ ဝန်ခံလိုက်ပါတယ်။ “စောင့်ကြည့်ကြတာပေါ့။ ပုံမှန်ဆိုရင်တော့

လေ့ကျင့်ရေးတွေပြုလုပ်တော့မှာပါ။ ဒီလိုအနေအထားက (ဂိမ်းအတွက်အံဝင်ခွင်ကျဖြစ်နိုင်ခြေ) ၅၀/၅၀ တောင်ရှိပါ့မလားမသိပါဘူး။ ကစားခဲ့တဲ့နှစ်ပွဲစလုံးမှာ သူ့ကိုလူစားလဲခဲ့တယ်။ ရော်နယ်ဒိုမကစားနိုင်ရင်လည်း

နောက်ထပ်အစီအစဉ်တွေရှိပါတယ်။ ကစားသမားတိုင်းပွဲချိန်ပြည့်ကစားခွင့်ရဖို့အတွက် အာမခံချက်မရှိပါဘူး။ နောက်ထပ်အစီအစဉ်ဆိုတာမရှိရင် ရှေ့ဆက်သွားလို့မရနိုင်ပါဘူး” ပေါ်တူဂီနည်းပြကြီးက ဆိုပါတယ်။

အဖွင့်နှစ်ပွဲဆက်နိုင်ထားတဲ့ပေါ်တူဂီက ၁၆သင်းအဆင့် တက်ရောက်သွားနိုင်ပြီဖြစ်ပေမဲ့ ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်တွေနဲ့ပတ်သတ်လို့ ရုန်းကန်နေတာဖြစ်တယ်။ မဟာပြိုင်ဘက်ကြီး

မက်ဆီနဲ့ ကမ္ဘာ့ဖလားသွင်းဂိုး ၈ဂိုးစီတူညီနေပြီး ပေါ်တူဂီဂန္တဝင်ကြီးအူစီဘီယိုရဲ့ စံချိန်ကိုရိုက်ချိုးဖို့အတွက်တော့ ရော်နယ်ဒိုဘက်က စိတ်အားထက်သန်နေမှာအသေအချာပါပဲ။

(Zawgyi)

ေလ့က်င့္ေရးပ်က္ကြက္ခဲ့တဲ့ ေရာ္နယ္ဒို ေတာင္ကိုရီးယားနဲ႔ပြဲစဥ္ပါဝင္ကစားဖို႔ ၅၀/၅၀ အေျခအေနမွာသာရွိေန

ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔အသင္းလိုက္ေလ့က်င့္ေရးပ်က္ကြက္ခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားနဲ႔ရင္ဆိုင္ရမယ့္ အုပ္စုအပိတ္ပြဲစဥ္ကိုလြဲေခ်ာ္ဖို႔ရွိေနပါတယ္။

ေရာ္နယ္ဒို အားကစားခန္းမထဲမွာ တစ္ဦးတည္းေလ့က်င့္ခန္းေတြျပဳလုပ္ေနခဲ့တဲ့ကိစၥရပ္ဟာ မီဒီယာေတြရဲ႕အာ႐ုံစိုက္ျခင္းခံလိုက္ရၿပီး နည္းျပဖာနန္ဒိုဆန္းတို႔စ္ကိုေမးျမန္းမႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

ဒီအခ်ိန္မွာေတာ့ ဆန္းတို႔စ္ဘက္ကအေျခအေနမွန္ကိုေျပာျပခဲ့ၿပီး ေတာင္ကိုရီးယားနဲ႔ပြဲစဥ္မွာပါဝင္ႏိုင္ေရးကေတာ့ ၅၀/၅၀ ပဲလို႔ ဝန္ခံလိုက္ပါတယ္။ “ေစာင့္ၾကည့္ၾကတာေပါ့။

ပုံမွန္ဆိုရင္ေတာ့ ေလ့က်င့္ေရးေတြျပဳလုပ္ေတာ့မွာပါ။ ဒီလိုအေနအထားက (ဂိမ္းအတြက္အံဝင္ခြင္က်ျဖစ္ႏိုင္ေျခ) ၅၀/၅၀ ေတာင္ရွိပါ့မလားမသိပါဘူး။ ကစားခဲ့တဲ့ႏွစ္ပြဲစလုံးမွာ သူ႔ကိုလူစားလဲခဲ့တယ္။

ေရာ္နယ္ဒိုမကစားႏိုင္ရင္လည္း ေနာက္ထပ္အစီအစဥ္ေတြရွိပါတယ္။ ကစားသမားတိုင္းပြဲခ်ိန္ျပည့္ကစားခြင့္ရဖို႔အတြက္ အာမခံခ်က္မရွိပါဘူး။ ေနာက္ထပ္အစီအစဥ္ဆိုတာမရွိရင္ ေရွ႕ဆက္သြားလို႔မရႏိုင္ပါဘူး”

ေပၚတူဂီနည္းျပႀကီးက ဆိုပါတယ္။ အဖြင့္ႏွစ္ပြဲဆက္ႏိုင္ထားတဲ့ေပၚတူဂီက ၁၆သင္းအဆင့္ တက္ေရာက္သြားႏိုင္ၿပီျဖစ္ေပမဲ့ ေရာ္နယ္ဒိုကေတာ့ ကမာၻ႔ဖလားသြင္းဂိုးစံခ်ိန္ေတြနဲ႔

ပတ္သတ္လို႔ ႐ုန္းကန္ေနတာျဖစ္တယ္။ မဟာၿပိဳင္ဘက္ႀကီး မက္ဆီနဲ႔ ကမာၻ႔ဖလားသြင္းဂိုး ၈ဂိုးစီတူညီေနၿပီး ေပၚတူဂီဂႏၲဝင္ႀကီးအူစီဘီယိုရဲ႕ စံခ်ိန္ကို႐ိုက္ခ်ိဳးဖို႔အတြက္ေတာ့

ေရာ္နယ္ဒိုဘက္က စိတ္အားထက္သန္ေနမွာအေသအခ်ာပါပဲ။