
လီဗာပူးအသင်းကိုနည်းပြဒဲလ်ဂလစ်ရှ်ကိုင်တွယ်နေစဉ်မှာ





ဟန်ဒါဆန်ဟာ ဆန်းဒါးလန်ကနေ အန်ဖီးလ်ကိုပြောင်းရွှေ့လာခဲ့ပြီး
အခုဆိုရင်တော့ အသင်းမှာ ၁၁နှစ်ကြာအထိကစားပေးခဲ့ပြီးဖြစ်တယ်။





၂၀၁၅ မှာ လီဗာပူးကနေ စတီဗင်ဂျရတ်ထွက်ခွာသွားခဲ့ပြီးနောက်
ဟန်ဒါဆန်က ကြိုးကြာနီတွေရဲ့အသင်းခေါင်းဆောင်နေရာကို
လက်လွှဲယူနိုင်ခဲ့ပါတယ်။ ပွဲပေါင်း ၅၀၀ နီးပါးအထိကစားပေးထားတဲ့





ဟန်ဒါဆန်ဟာ လက်ရှိအချိန်အထိအရေးပါတဲ့ကစားသမားအဖြစ်
ဆက်လက်ရပ်တည်ထားပါတယ်။ လီဗာပူးကစားသမားဘဝမှာ





ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလား
၈ လုံးပိုင်ဆိုင်ထားတဲ့ ဟန်ဒါဆန်ဟာ အန်ဖီးလ်ကိုစရောက်ချိန်မှာ
အသင်းဖော်တစ်ယောက်ကို သတ်ပစ်ချင်လောက်အောင်





ဒေါသထွက်ခဲ့ဖူးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။
လီဗာပူးကစားသမားဘဝအစမှာ ဟန်ဒါဆန်ရဲ့ခြေစွမ်းကို





အကောင်းမြင်တဲ့သူနည်းခဲ့သလို ဒီအထဲမှာ ဆွာရက်ဇ်က
တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ၂၀၁၂ ဇန်နဝါရီမှာ
လီဗာပူးကိုရောက်လာခဲ့သလို နွေဈေးကွက်မှာတော့





အန်ဖီးလ်အခြေစိုက်ကလပ်ဟာ ဟန်ဒါဆန်ကိုခေါ်ယူခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့အဖြစ်အပျက်နဲ့ပက်သတ်လို့ ဟန်ဒါဆန်က





“တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်။
ဘောလုံးသမားရဲ့ဘဝကဝေဖန်မှုတွေနဲ့ လူတိုင်းက
မင်းကိုသံသယဝင်နေကြပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ





လူငယ်ကစားသမားဖြစ်ပြီး ဆွာရက်ဇ်နဲ့ပက်သတ်လို့လေ့ကျင့်ရေးမှာ
ကျွန်တော်မကြိုက်တဲ့ တစ်ချက်၊ နှစ်ချက်လောက်ရှိခဲ့တယ်။





လေ့ကျင့်ရေးမှာ တစ်သင်းတည်းအတူရှိနေဖို့မလုံလောက်ဘူးလို့
ခံစားခဲ့ရတယ်။ လက်နှစ်ဖက်ကိုမြှောက်ပြီး မင်းဘာတွေ
လုပ်နေတာလဲလို့ ဆဲဆိုတာတွေရှိခဲ့တယ်။ ဒါ ဒီမှာမနေသင့်သလိုပဲ။





တကယ်ကိုစိတ်ထိခိုက်ရတယ်။ သူ ဒါမျိုး ၃ကြိမ်လောက်
လုပ်ပြီးတဲ့အခါမှာတော့ အရမ်းကိုပေါက်ကွဲခဲ့ပြီး





သူ့ကိုသတ်ဖို့အဆင်သင့်ဖြစ်နေပါပြီ” လို့ ဖွင့်ဟခဲ့ပါတယ်။
zawgyi
ေလ့က်င့္ေရးကြင္းအျဖစ္အပ်က္တစ္ခုေၾကာင့္ ဆြာရက္ဇ္ကိုသတ္ပစ္ဖို႔ေလာက္အထိ ဟန္ဒါဆန္ စဥ္းစားခဲ့ဖူး





လီဗာပူးအသင္းကိုနည္းျပဒဲလ္ဂလစ္ရွ္ကိုင္တြယ္ေနစဥ္မွာ
ဟန္ဒါဆန္ဟာ ဆန္းဒါးလန္ကေန အန္ဖီးလ္ကိုေျပာင္းေ႐ႊ႕လာခဲ့ၿပီး





အခုဆိုရင္ေတာ့ အသင္းမွာ ၁၁ႏွစ္ၾကာအထိကစားေပးခဲ့ၿပီးျဖစ္တယ္။
၂၀၁၅ မွာ လီဗာပူးကေန စတီဗင္ဂ်ရတ္ထြက္ခြာသြားခဲ့ၿပီးေနာက္
ဟန္ဒါဆန္က ႀကိဳးၾကာနီေတြရဲ႕အသင္းေခါင္းေဆာင္ေနရာကို





လက္လႊဲယူႏိုင္ခဲ့ပါတယ္။ ပြဲေပါင္း ၅၀၀ နီးပါးအထိကစားေပးထားတဲ့
ဟန္ဒါဆန္ဟာ လက္ရွိအခ်ိန္အထိအေရးပါတဲ့ကစားသမားအျဖစ္





ဆက္လက္ရပ္တည္ထားပါတယ္။ လီဗာပူးကစားသမားဘဝမွာ
ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္အပါအဝင္ အဓိကဆုဖလား
၈ လုံးပိုင္ဆိုင္ထားတဲ့ ဟန္ဒါဆန္ဟာ အန္ဖီးလ္ကိုစေရာက္ခ်ိန္မွာ





အသင္းေဖာ္တစ္ေယာက္ကို သတ္ပစ္ခ်င္ေလာက္ေအာင္
ေဒါသထြက္ခဲ့ဖူးတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။





လီဗာပူးကစားသမားဘဝအစမွာ ဟန္ဒါဆန္ရဲ႕ေျခစြမ္းကို
အေကာင္းျမင္တဲ့သူနည္းခဲ့သလို ဒီအထဲမွာ ဆြာရက္ဇ္က
တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ၂၀၁၂ ဇန္နဝါရီမွာ





လီဗာပူးကိုေရာက္လာခဲ့သလို ေႏြေဈးကြက္မွာေတာ့
အန္ဖီးလ္အေျခစိုက္ကလပ္ဟာ ဟန္ဒါဆန္ကိုေခၚယူခဲ့ပါတယ္။





သူတို႔ႏွစ္ေယာက္ရဲ႕အျဖစ္အပ်က္နဲ႔ပက္သတ္လို႔ ဟန္ဒါဆန္က
“တတ္ႏိုင္သမွ်အေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားခဲ့တယ္။
ေဘာလုံးသမားရဲ႕ဘဝကေဝဖန္မႈေတြနဲ႔ လူတိုင္းက





မင္းကိုသံသယဝင္ေနၾကပါတယ္။ အဲဒီတုန္းက ကြၽန္ေတာ္ဟာ
လူငယ္ကစားသမားျဖစ္ၿပီး ဆြာရက္ဇ္နဲ႔ပက္သတ္လို႔ေလ့က်င့္ေရးမွာ





ကြၽန္ေတာ္မႀကိဳက္တဲ့ တစ္ခ်က္၊ ႏွစ္ခ်က္ေလာက္ရွိခဲ့တယ္။
ေလ့က်င့္ေရးမွာ တစ္သင္းတည္းအတူရွိေနဖို႔မလုံေလာက္ဘူးလို႔
ခံစားခဲ့ရတယ္။ လက္ႏွစ္ဖက္ကိုေျမႇာက္ၿပီး မင္းဘာေတြ





လုပ္ေနတာလဲလို႔ ဆဲဆိုတာေတြရွိခဲ့တယ္။ ဒါ ဒီမွာမေနသင့္သလိုပဲ။
တကယ္ကိုစိတ္ထိခိုက္ရတယ္။ သူ ဒါမ်ိဳး ၃ႀကိမ္ေလာက္





လုပ္ၿပီးတဲ့အခါမွာေတာ့ အရမ္းကိုေပါက္ကြဲခဲ့ၿပီး
သူ႔ကိုသတ္ဖို႔အဆင္သင့္ျဖစ္ေနပါၿပီ” လို႔ ဖြင့္ဟခဲ့ပါတယ္။