လေ့ကျင့်ရေးကွင်းအတွင်း ရော်နယ်ဒိုနဲ့ ကန်ဆယ်လိုတို့ရဲ့ဖြစ်ရပ် ဗီဒီယိုဖိုင်အပြည့်အစုံထွက်ပေါ်လာ

လေ့ကျင့်ရေးကွင်းမှာ ရော်နယ်ဒိုက ကန်ဆယ်လိုရဲ့ခေါင်းကိုသွားကိုင်နေပြီး မန်စီးတီးနောက်ခံလူက ပေါက်ကွဲစပြုနေတဲ့ ပုံရိပ်တွေထွက်ပေါ်လာတဲ့နောက်

ပရိသတ်တွေက ပေါ်တူဂီအသင်းအတွင်းမှာ သေချာပေါက်ပြဿနာရှိနေပြီလို့ယူဆခဲ့ကြပါတယ်။ လက်ရှိမှာတော့ ဒီဗီဒီယိုဖိုင်အပြည့်စုံထွက်ပေါ်လာခဲ့ပြီး

ပေါ်တူဂီပရိသတ်တွေ သက်ပြင်းချနိုင်ခဲ့ပါတယ်။ ပီးယာ့စ်မော်ဂန်နဲ့အင်တာဗျူးအပြီးမှာ ရော်နယ်ဒိုနဲ့ပတ်သတ်လို့ လူတိုင်းကမကောင်းတဲ့ဘက်ကို အမြင်ရောက်နေကြသလို

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပေါ်တူဂီအသင်းသားတွေဟာ ရော်နယ်ဒိုကို မလေးစားကြတော့ဘူးလို့ ယူဆခဲ့ကြပါတယ်။ ရော်နယ်ဒိုနဲ့ ကန်ဆယ်လိုတို့ရဲ့ ဗီဒီယိုနောက်ခံအကြောင်းအရာဆိုတဲ့

ခေါင်းစဉ်နဲ့ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်မှာတော့ ကန်ဆယ်လိုဟာ တိုက်စစ်မှူးဂျာအိုဖိလစ်ကိုပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် စိတ်ပျက်လက်ပျက်နဲ့ ဘောလုံးကို ကန်ထုတ်ခဲ့ပါတယ်။

ဒီလိုအချိန်မှာတော့ ရော်နယ်ဒိုက ကန်ဆယ်လိုကိုစိတ်ဖြေလျှော့ဖို့အတွက် ဦးခေါင်းကို ကိုင်ပြီးသတိပေးလိုက်ပြီး မန်စီးတီးနောက်ခံလူက GOAT ကြီးရဲ့လက်ကိုဖြုတ်ချပြီး

စိတ်တိုတဲ့အမူအရာနဲ့ တုံ့ပြန်ခဲ့တာဖြစ်တယ်။ အဖြစ်အပျက်တွေကိုပြန်ကြည့်ရင် ရော်နယ်ဒိုနဲ့ ကန်ဆယ်လိုအကြာ းစိတ်ခုရလောက်တဲ့ အနေအထားမရှိခဲ့တာကြောင့်

ပေါ်တူဂီအသင်းလေ့ကျင့်ရေးမှာပြဿနာတစ်စုံတစ်ရာမရှိဘူးလို့သာ  ဆိုရမှာပါ။ ရော်နယ်ဒိုဟာ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို

အမြင့်ဆုံးစွမ်းဆောင်ပေးချင်နေသူဖြစ်ပြီး လက်ရှိမှာတော့သူ့ရဲ့လှုပ်ရှားမှုတိုင်းကို မီဒီယာတွေက အသေအချာစောင့်ကြည့်နေကြတာဖြစ်တယ်။

(Zawgyi)

ေလ့က်င့္ေရးကြင္းအတြင္း ေရာ္နယ္ဒိုနဲ႔ ကန္ဆယ္လိုတို႔ရဲ႕ျဖစ္ရပ္ ဗီဒီယိုဖိုင္အျပည့္အစုံထြက္ေပၚလာ

ေလ့က်င့္ေရးကြင္းမွာ ေရာ္နယ္ဒိုက ကန္ဆယ္လိုရဲ႕ေခါင္းကိုသြားကိုင္ေနၿပီး မန္စီးတီးေနာက္ခံလူကေပါက္ကြဲစျပဳေနတဲ့ ပုံရိပ္ေတြထြက္ေပၚလာတဲ့ေနာက္ ပရိသတ္ေတြက

ေပၚတူဂီအသင္းအတြင္းမွာေသခ်ာေပါက္ျပႆနာရွိေနၿပီလို႔ယူဆခဲ့ၾကပါတယ္။ လက္ရွိမွာေတာ့ ဒီဗီဒီယိုဖိုင္အျပည့္စုံထြက္ေပၚလာခဲ့ၿပီး ေပၚတူဂီပရိသတ္ေတြသက္ျပင္းခ်ႏိုင္ခဲ့ပါတယ္။

ပီးယားစ္ေမာ္ဂန္နဲ႔အင္တာဗ်ဴးအၿပီးမွာ ေရာ္နယ္ဒိုနဲ႔ပတ္သတ္လို႔ လူတိုင္းကမေကာင္းတဲ့ဘက္ကိုအျမင္ေရာက္ေနၾကသလို ကမာၻ႔ဖလားၿပိဳင္ပြဲဝင္

ေပၚတူဂီအသင္းသားေတြဟာ ေရာ္နယ္ဒိုကို မေလးစားၾကေတာ့ဘူးလို႔ယူဆခဲ့ၾကပါတယ္။ ေရာ္နယ္ဒိုနဲ႔ ကန္ဆယ္လိုတို႔ရဲ႕

ဗီဒီယိုေနာက္ခံအေၾကာင္းအရာဆိုတဲ့ေခါင္းစဥ္နဲ႔ထြက္ေပၚလာတဲ့ ဗီဒီယိုဖိုင္မွာေတာ့ ကန္ဆယ္လိုဟာ တိုက္စစ္မႉးဂ်ာအိုဖိလစ္ကိုျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္

စိတ္ပ်က္လက္ပ်က္နဲ႔ ေဘာလုံးကို ကန္ထုတ္ခဲ့ပါတယ္။ ဒီလိုအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုက ကန္ဆယ္လိုကိုစိတ္ေျဖေလွ်ာ့ဖို႔အတြက္ ဦးေခါင္းကို ကိုင္ၿပီးသတိေပးလိုက္ၿပီး မန္စီးတီးေနာက္ခံလူက GOAT

ႀကီးရဲ႕လက္ကိုျဖဳတ္ခ်ၿပီး စိတ္တိုတဲ့အမူအရာနဲ႔ တုံ႔ျပန္ခဲ့တာျဖစ္တယ္။ အျဖစ္အပ်က္ေတြကိုျပန္ၾကည့္ရင္ ေရာ္နယ္ဒိုနဲ႔ ကန္ဆယ္လိုအၾကားစိတ္ခုရေလာက္တဲ့ အေနအထားမရွိခဲ့တာေၾကာင့္

ေပၚတူဂီအသင္းေလ့က်င့္ေရးမွာျပႆနာတစ္စုံတစ္ရာမရွိဘူးလို႔သာဆိုရမွာပါ။ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းကို

အျမင့္ဆုံးစြမ္းေဆာင္ေပးခ်င္ေနသူျဖစ္ၿပီး လက္ရွိမွာေတာ့သူ႔ရဲ႕လႈပ္ရွားမႈတိုင္းကို မီဒီယာေတြက အေသအခ်ာေစာင့္ၾကည့္ေနၾကတာျဖစ္တယ္။