
လာမယ့်စနေနေ့ အန်ဖီးလ်ကွင်းမှာ ကစားရမယ့် လီဗာပူးနဲ့
ပရီးမီးယားလိဂ်ပွဲစဉ်မှာ အူဘာမီးယန်းပါဝင်ကစားနိင်မှာဖြစ်လို့
အာဆင်နယ် နည်းပြအာတီတာ စိတ်သက်သာရာ ရသွားခဲ့ပါတယ်။
ဂါဘွန်အသင်းခေါင်းဆောင် အူဘာမီးယန်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က
လစ်ဗျားကို အနိင်ရတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်လုံးတည်းသေ
ာအနိုင်ဂိုးကို ပင်နယ်တီက သွင်းယူပေးနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ
ဒဏ်ရာရခဲ့ပါတယ်။ ဒီအတွက် ဂါဘွန်တာဝန်ရှိသူတွေက
အီဂျစ်ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ အူဘာမီးယန်းကို ထည့်မသုံးတော့သလို
အာဆင်နယ်သို့ စောစီးစွာ ပြန်ခွင့်ပေးခဲ့ပါတယ်။
လက်ရွေးစင်အသင်းမှာ ဒဏ်ရာရလာတဲ့ အူဘာမီးယန်းနဲ့ပတ်သက်ပြီး လီဗာပူးပွဲကို
လွဲနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးပေမယ့်
ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ အာဆင်နယ်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို
အူဘာမီးယန်းက အပြည့်အဝ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပြီးနောက်မှာတော့
လီဗာပူးပွဲကို ကစားနိင်ဖို့ သေချာသွားတာပါ။ ၃၂ နှစ်ရှိ အူဘာမီးယန်းဟာ
ဒီရာသီ အာဆင်နယ်အတွက် ၁၁ ပွဲကစားပြီး ၇ ဂိုးသွင်းထားသူပါ။
အာဆင်နယ်ဟာ ရာသီအစ ပရီးမီးယားလိဂ် ၃ ပွဲဆက်ရှုံးခဲ့ပေမယ့်
အဲ့ဒိနောက်ပိုင်း ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိပါဘူး။
လီဗာပူးနဲ့ပွဲဟာ အာဆင်နယ်ရဲ့ ခြေစွမ်းမှန်ကို စမ်းသပ်မယ့်ပွဲအဖြစ်
သုံးသပ်နေကြပြီး အာဆင်နယ်ဟာ လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ
၂၀၁၂ စက်တင်ဘာကစလို့ ပရီးမီးယားလိဂ်ပွဲ အနိုင်မရခဲ့ပါဘူး။
zawgyi
ေလ့က်င့္ခန္းအျပည့္ျပန္ဆင္းႏိုင္ၿပီး လီဗာပူးနဲ႔ပြဲစဥ္မွာ ျပန္လည္ ကစားႏိုင္မယ့္ အူဘာမီးယန္း
လာမယ့္စေနေန႔ အန္ဖီးလ္ကြင္းမွာ ကစားရမယ့္ လီဗာပူးနဲ႔
ပရီးမီးယားလိဂ္ပြဲစဥ္မွာ အူဘာမီးယန္းပါဝင္ကစားနိင္မွာျဖစ္လို႔
အာဆင္နယ္ နည္းျပအာတီတာ စိတ္သက္သာရာ ရသြားခဲ့ပါတယ္။
ဂါဘြန္အသင္းေခါင္းေဆာင္ အူဘာမီးယန္းဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က
လစ္ဗ်ားကို အနိင္ရတဲ့ ကမာၻ႔ဖလားေျခစစ္ပြဲမွာ တစ္လုံးတည္းေသ
ာအႏိုင္ဂိုးကို ပင္နယ္တီက သြင္းယူေပးႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွ
ာ ဒဏ္ရာရခဲ့ပါတယ္။ ဒီအတြက္ ဂါဘြန္တာဝန္ရွိသူေတြက
အီဂ်စ္ကို ၂-၁ နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ အူဘာမီးယန္းကို ထည့္မသုံးေတာ့သလို
အာဆင္နယ္သို႔ ေစာစီးစြာ ျပန္ခြင့္ေပးခဲ့ပါတယ္။ လက္ေ႐ြးစင္အသင္းမွာ
ဒဏ္ရာရလာတဲ့ အူဘာမီးယန္းနဲ႔ပတ္သက္ၿပီး လီဗာပူးပြဲကို
လြဲႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ေသးေပမယ့္
ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တဲ့ အာဆင္နယ္ရဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြကို
အူဘာမီးယန္းက အျပည့္အဝ ပူးေပါင္းလုပ္ေဆာင္ႏိုင္ခဲ့ၿပီးေနာက္မွာေတာ့
လီဗာပူးပြဲကို ကစားနိင္ဖို႔ ေသခ်ာသြားတာပါ။ ၃၂ ႏွစ္ရွိ အူဘာမီးယန္းဟာ
ဒီရာသီ အာဆင္နယ္အတြက္ ၁၁ ပြဲကစားၿပီး ၇ ဂိုးသြင္းထားသူပါ။
အာဆင္နယ္ဟာ ရာသီအစ ပရီးမီးယားလိဂ္ ၃ ပြဲဆက္ရႈံးခဲ့ေပမယ့္
အဲ့ဒိေနာက္ပိုင္း ၿပိဳင္ပြဲစုံ ၁၀ ပြဲဆက္တိုက္ ရႈံးပြဲမရွိပါဘူး။
လီဗာပူးနဲ႔ပြဲဟာ အာဆင္နယ္ရဲ႕ ေျခစြမ္းမွန္ကို စမ္းသပ္မယ့္ပြဲအျဖစ္
သုံးသပ္ေနၾကၿပီး အာဆင္နယ္ဟာ လီဗာပူးရဲ႕ အန္ဖီးလ္ကြင္းမွာ
၂၀၁၂ စက္တင္ဘာကစလို႔ ပရီးမီးယားလိဂ္ပြဲ အႏိုင္မရခဲ့ပါဘူး။