ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတွေရှိပါတယ်။လော်ရိုးကတော့
အခုလိုမျိုး သုံးသပ်ထားပါတယ်။
-ယူနိုက်တက် Vs လီဗာပူး
အောက်တိုဘာလ ၂၄ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊
အတ္တလန်တာပွဲမှာ ယူနိုက်တက်က ၂-၀ နဲ့ အရေးနိမ့်နေရာကနေ ၃-၂ အနိုင်ရလဒ် ပြန်ရခဲ့တယ်။
အဲဒီလိုအနေအထားက ဆိုးလ်ရှားလက်အောက်က သူတို့အသင်း ပုံစံပါပဲ။
နှစ်သင်းလုံးက ဒီပိတ်ရက်ပွဲကို အားကောင်းကောင်းနဲ့ ယှဉ်ပြိုင်ကြမှာ
ဖြစ်ပါတယ်။အနိုင် ရလဒ်ထွက်ဖို့အတွက်က ယူနိုက်တက်အတွက် ပိုပြီး ဖိအားကြီးပါတယ်။
ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အမှတ်ပေးပွဲ ၃ ပွဲမှာ သူတို့က ရမှတ်တွေ
ဆုံးရှုံးထားတာပါ။ လီဗာပူးက သူတို့ကစားဟန်ကို ပြောင်းလဲမှာ မဟုတ်ပါဘူး။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁-၁ လီဗာပူး ဖြစ်ပါတယ်။
-ဘရိုက်တန် Vs မန်စီးတီး
အောက်တိုဘာလ ၁၆ ရက်၊ စနေနေ့၊ ည ၁၁းဝဝ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊
မန်စီးတီးက ကစားပုံ သိပ်ကိုကောင်းနေပါတယ်။ ကလပ်ဘရုစ်ကို ၅-၁ နဲ့ အနိုင်ရတဲ့
ကြားရက်က ချန်ပီယံလိဂ်ပွဲမှာဆိုရင် အရမ်းကို ထူးချွန်ထားတဲ့ အသင်းဖြစ်ပါတယ်။
ခံစစ်ကလည်း ကောင်းမွန်နေပါတယ်။လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ ဘရိုက်တန် ဝ-၂ မန်စီးတီးဖြစ်ပါတယ်။
အခြားပွဲစဉ်များ အတွက် လော်ရိုး ရဲ့ခန့်မှန်းရလဒ်များကတော့ –
Chelsea 2 – 0 Norwich
Westham 1-1 Tottenham
Crystal Palace 2-1 Newcastle
Everton 2-0 Watford
Leeds 1-1 Wolves
Southampton 2-1 Burnley
Brentford 0-2 Leicester တို့ ဖြစ်ပါတယ်။
zawgyi
လော်ရိုးရဲ့ ဒီတစ်ပတ် သုံးသပ်ချက်များ
-ယူနိုက်တက် Vs လီဗာပူး
Chelsea 2 – 0 Norwich
Westham 1-1 Tottenham
Everton 2-0 Watford
Leeds 1-1 Wolves