လောလောဆယ်တော့ လီဗာပူးကို ပြိုင်ဘက်အနေနဲ့ကစားဖို့ စိတ်ကူးလို့မရပါဘူး –  ဆာလာ

လက်ရှိအချိန်မှာ သူ့ကစားသမားဘဝရဲ့အကောင်းဆုံးခြေစွမ်းကိုရရှိနေတဲ့

လီဗာပူးကြယ်ပွင့်တိုက်စစ်မှုးမိုဆာလာက လက်ကျန်ကစားသမားဘဝကို

လက်ရှိအသင်းမှာသာ ကုန်ဆုံးလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၉ နှစ်အရွယ် အဲဒီအီဂျစ်ကစားသမားဟာ ၂၀၁၇ မှာ ရိုးမားကနေ ပေါင် ၃၄ သန်းနဲ့

ရောက်ရှိလာပြီးကတည်းက လီဗာပူးအတွက် ၂၁၄ ပွဲမှာ ၁၃၇ ဂိုးသွင်းယူထားပါတယ်။

အဲဒီထဲမှာ ဒီရာသီသွင်းယူခဲ့တဲ့ ၁၂ ဂိုးလည်းပါဝင်ပြီး နောက်ဆုံးကစားခဲ့တဲ့

အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲတုန်းက ဂိုးတွေကြောင့်လည်း

သူဟာ လီဗာပူးအတွက် ပြိုင်ပွဲအရပ်ရပ် ၉ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့

ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဆာလာနဲ့လီဗာပူးတို့ရဲ့စာချုပ်သက်တမ်းဟာ

လာမယ့် ၂၀၂၃ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အခုချိန်ထိတော့ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။

သူကတော့ လီဗာပူးမှာ ဆက်ရှိလိုကြောင်း ဆာလာက ပြောကြားခဲ့ပေမယ့်

အနာဂတ်က သူ့အပေါ်မှာ မူတည်ခြင်းမရှိကြောင်း ဆာလာက ပြောကြားခဲ့ပါတယ်။

”ဒီမှာ ဆက်ရှိဖို့က ကျွန်တော့်အပေါ် မူတည်တာ မဟုတ်ပါဘူး။ ဒါပေမဲ့

ကျွန်တော့်ကိုမေးလာမယ်ဆိုရင်တော့ ကျွန်တော့်ကစားသမားဘဝနောက်ဆုံးနေ့အထိ

ဆက်နေချင်ပါတယ်။ အဲဒါက ကျွန်တော့်လက်ထဲမှာမရှိဘဲ ကလပ်က

ဘာလိုချင်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။

ဒါ့အပြင် ဆာလာက”လောလောဆယ်တော့ လီဗာပူးကို ပြိုင်ဘက်အနေနဲ့ကစားဖို့

စိတ်ကူးလို့မရပါဘူး။ အဲဒါက ခက်ခဲပါတယ်။ အရမ်းကိုဝမ်းနည်းမိမှာဖြစ်လို့

အဲဒီအကြောင်းမပြောချင်ပါဘူး”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဆာလာရဲ့ဒီလိုပြောကြားမှုကြောင့် အဲဒီအီဂျစ်သားဆက်ရှိဖို့က အခုတော့

အသင်းပိုင်ရှင်တွေကို ဖိအားပေးသလို ဖြစ်သွားပါတယ်။ ဆာလာဟာ

ကစားသမားဘဝကို ဇာတိနိုင်ငံက အယ်မိုကော်လွန်းအသင်းမှာ စတင်ခဲ့ပြီး အဲဒီနောက်

လီဗာပူးကို မရောက်ခင် ဘေဆယ်၊ချဲလ်ဆီး၊ဖီအိုရင်တီးနားနဲ့ရိုးမားတို့မှာ ကစားခဲ့ပါတယ်။

zawgyi

ေလာေလာဆယ္ေတာ့ လီဗာပူးကို ၿပိဳင္ဘက္အေနနဲ႔ကစားဖို႔ စိတ္ကူးလို႔မရပါဘူး –  ဆာလာ

လက္ရွိအခ်ိန္မွာ သူ႔ကစားသမားဘဝရဲ႕အေကာင္းဆုံးေျခစြမ္းကိုရရွိေနတဲ့

လီဗာပူးၾကယ္ပြင့္တိုက္စစ္မႈးမိုဆာလာက လက္က်န္ကစားသမားဘဝကို

လက္ရွိအသင္းမွာသာ ကုန္ဆုံးလိုေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

၂၉ ႏွစ္အ႐ြယ္ အဲဒီအီဂ်စ္ကစားသမားဟာ ၂၀၁၇ မွာ ႐ိုးမားကေန ေပါင္ ၃၄ သန္းနဲ႔

ေရာက္ရွိလာၿပီးကတည္းက လီဗာပူးအတြက္ ၂၁၄ ပြဲမွာ ၁၃၇ ဂိုးသြင္းယူထားပါတယ္။

အဲဒီထဲမွာ ဒီရာသီသြင္းယူခဲ့တဲ့ ၁၂ ဂိုးလည္းပါဝင္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့

အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲတုန္းက ဂိုးေတြေၾကာင့္လည္း

သူဟာ လီဗာပူးအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၉ ပြဲဆက္ဂိုးသြင္းယူႏိုင္ခဲ့တဲ့

ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ ဆာလာနဲ႔လီဗာပူးတို႔ရဲ႕စာခ်ဳပ္သက္တမ္းဟာ

လာမယ့္ ၂၀၂၃ ဇြန္လမွာ ကုန္ဆုံးမွာျဖစ္ၿပီး အခုခ်ိန္ထိေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ျခင္း မရွိေသးပါဘူး။

သူကေတာ့ လီဗာပူးမွာ ဆက္ရွိလိုေၾကာင္း ဆာလာက ေျပာၾကားခဲ့ေပမယ့္

အနာဂတ္က သူ႔အေပၚမွာ မူတည္ျခင္းမရွိေၾကာင္း ဆာလာက ေျပာၾကားခဲ့ပါတယ္။

”ဒီမွာ ဆက္ရွိဖို႔က ကြၽန္ေတာ့္အေပၚ မူတည္တာ မဟုတ္ပါဘူး။ ဒါေပမဲ့

ကြၽန္ေတာ့္ကိုေမးလာမယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္ကစားသမားဘဝေနာက္ဆုံးေန႔အထိ

ဆက္ေနခ်င္ပါတယ္။ အဲဒါက ကြၽန္ေတာ့္လက္ထဲမွာမရွိဘဲ ကလပ္က

ဘာလိုခ်င္သလဲဆိုတဲ့အေပၚမွာပဲ မူတည္တာပါ။

ဒါ့အျပင္ ဆာလာက”ေလာေလာဆယ္ေတာ့ လီဗာပူးကို ၿပိဳင္ဘက္အေနနဲ႔ကစားဖို႔

စိတ္ကူးလို႔မရပါဘူး။ အဲဒါက ခက္ခဲပါတယ္။ အရမ္းကိုဝမ္းနည္းမိမွာျဖစ္လို႔

အဲဒီအေၾကာင္းမေျပာခ်င္ပါဘူး”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဆာလာရဲ႕ဒီလိုေျပာၾကားမႈေၾကာင့္ အဲဒီအီဂ်စ္သားဆက္ရွိဖို႔က အခုေတာ့

အသင္းပိုင္ရွင္ေတြကို ဖိအားေပးသလို ျဖစ္သြားပါတယ္။ ဆာလာဟာ

ကစားသမားဘဝကို ဇာတိႏိုင္ငံက အယ္မိုေကာ္လြန္းအသင္းမွာ စတင္ခဲ့ၿပီး အဲဒီေနာက္

လီဗာပူးကို မေရာက္ခင္ ေဘဆယ္၊ခ်ဲလ္ဆီး၊ဖီအိုရင္တီးနားနဲ႔႐ိုးမားတို႔မွာ ကစားခဲ့ပါတယ္။