
ဒီဘရိုင်းရဲ့အင်တာဗျူးကနေ စတင်လာတဲ့ ဘယ်လ်ဂျီယံအသင်းသားတွေကြား စည်းလုံးမှုပြိုကွဲမှုကတော့
ကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်ကထွက်ခဲ့ရသလို နည်းပြမာတီနက်ဇ်ကိုယ်တိုင်လည်း ရာထူးကစွန့်ခွာသွားခဲ့ရပါတယ်။
ဒါ့အပြင် ဘယ်လ်ဂျီယံကစားသမား ၅ ယောက်ဟာလည်း အသင်းကစီစဉ်ထားတဲ့ အိမ်အပြန်ခရီးစဉ်နဲ့ မလိုက်ပါတော့ဘဲ
လေယာဉ်လက်မှတ်တွေ သီးခြားစီဝယ်ယူပြီး ကာတာကနေထွက်ခွာသွားခဲ့ကြတယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံတွေကိုအိမ်ပြန်စောစေခဲ့တဲ့ အဓိကအကြောင်းရင်းတွေထဲက ခရိုအေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ
အပိုင်အခွင့်အရေး ၄ ကြိမ်လောက် လူကာကူ ဖြုန်းတီးပစ်ခဲ့တာကလည်း အရေးပါတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
နယ်သာလန်သတင်းစာ Het Laatste Nieuws ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အနီရောင်အသင်းသားအချို့ဟာ
ကိုယ်ပိုင်ခရီးစဉ်နဲ့ အိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖော်ပြလိုက်တာပါ။
မူနီယာ၊ ဝစ်ဆယ်၊ ဒိုကူ၊ သီရေတီနဲ့ အိုပန်ဒါတို့ ၅ ယောက်ဟာ ကာတာကနေအစောဆုံးထွက်ခွာခဲ့ပြီး
ဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲလ်ကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။
ကနေဒါကိုအနိုင်ရတဲ့ပွဲစဉ်မှာ ကွင်းလယ်လူဒီဘရိုင်းနဲ့ နောက်ခံလူအယ်လ်ဝါဝီရယ်တို့
ကစားဟန်နဲ့ပတ်သက်ပြီးအချင်းများခဲ့ကြပါတယ်။
မော်ရိုကို ကိုရှုံးနိမ့်အပြီးမှာတော့ အသင်းခေါင်းဆောင်ဟာဇက်၊ ဒီဘရိုင်းနဲ့ ဗာတွန်ဂန်တို့
အဝတ်လဲခန်းအတွင်းပြဿနာတက်ခဲ့ပြီး လူကာကူက ဖျန်ဖြေပေးခဲ့ရပါတယ်။
ဘယ်လ်ဂျီယံအသင်းတွင်းပြဿနာရဲ့ အဓိကမြစ်ဖျားခံရာကတော့ ကွင်းလယ်လူဒီဘရိုင်းဖြစ်ပြီး
မော်ရိုကိုနဲ့ပွဲမတိုင်ခင်အင်တာဗျူးမှာ သူတို့အသင်းဟာ ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့အတွက် အသက်ကြီးလွန်းနေပြီလို့
စတင်ဖွင့်ဟလိုက်ရာကနေ အခြေအနေတွေတင်းမာခဲ့ကြတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံအသင်းရဲ့ရွှေရောင်မျိုးဆက်ဟာ သူတို့ခေတ်မှာအောင်မြင်မှုရအောင်မယူနိုင်ခဲ့သလို
အမုန်းတရားတွေနဲ့အဆုံးသတ်သွားတာက စိတ်မချမ်းသာစရာပါပဲ။
zawgyi
ေလယာဥ္အတူမစီးႏိုင္တဲ့အထိ ဘယ္လ္ဂ်ီယံအသင္း စည္းလုံးမႈၿပိဳကြဲသြားခဲ့
ဒီဘ႐ိုင္းရဲ႕အင္တာဗ်ဴးကေန စတင္လာတဲ့ ဘယ္လ္ဂ်ီယံအသင္းသားေတြၾကား စည္းလုံးမႈၿပိဳကြဲမႈကေတာ့
ကမာၻ႔ဖလားၿပိဳင္ပြဲကို အုပ္စုအဆင့္ကထြက္ခဲ့ရသလို နည္းျပမာတီနက္ဇ္ကိုယ္တိုင္လည္း ရာထူးကစြန႔္ခြာသြားခဲ့ရပါတယ္။
ဒါ့အျပင္ ဘယ္လ္ဂ်ီယံကစားသမား ၅ ေယာက္ဟာလည္း အသင္းကစီစဥ္ထားတဲ့ အိမ္အျပန္ခရီးစဥ္နဲ႔ မလိုက္ပါေတာ့ဘဲ
ေလယာဥ္လက္မွတ္ေတြ သီးျခားစီဝယ္ယူၿပီး ကာတာကေနထြက္ခြာသြားခဲ့ၾကတယ္လို႔ သိရပါတယ္။
ဘယ္လ္ဂ်ီယံေတြကိုအိမ္ျပန္ေစာေစခဲ့တဲ့ အဓိကအေၾကာင္းရင္းေတြထဲက ခ႐ိုေအးရွားနဲ႔ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ
အပိုင္အခြင့္အေရး ၄ ႀကိမ္ေလာက္ လူကာကူ ျဖဳန္းတီးပစ္ခဲ့တာကလည္း အေရးပါတဲ့ ျဖစ္ရပ္တစ္ခုပါပဲ။
နယ္သာလန္သတင္းစာ Het Laatste Nieuws ကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အနီေရာင္အသင္းသားအခ်ိဳ႕ဟာ
ကိုယ္ပိုင္ခရီးစဥ္နဲ႔ အိမ္ျပန္ဖို႔ဆုံးျဖတ္ခဲ့ၾကတယ္လို႔ ေဖာ္ျပလိုက္တာပါ။
မူနီယာ၊ ဝစ္ဆယ္၊ ဒိုကူ၊ သီေရတီနဲ႔ အိုပန္ဒါတို႔ ၅ ေယာက္ဟာ ကာတာကေနအေစာဆုံးထြက္ခြာခဲ့ၿပီး
ဘယ္လ္ဂ်ီယံႏိုင္ငံဘရက္ဆဲလ္ကို ျပန္လည္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။
ကေနဒါကိုအႏိုင္ရတဲ့ပြဲစဥ္မွာ ကြင္းလယ္လူဒီဘ႐ိုင္းနဲ႔ ေနာက္ခံလူအယ္လ္ဝါဝီရယ္တို႔
ကစားဟန္နဲ႔ပတ္သက္ၿပီးအခ်င္းမ်ားခဲ့ၾကပါတယ္။
ေမာ္႐ိုကို ကိုရႈံးနိမ့္အၿပီးမွာေတာ့ အသင္းေခါင္းေဆာင္ဟာဇက္၊ ဒီဘ႐ိုင္းနဲ႔ ဗာတြန္ဂန္တို႔
အဝတ္လဲခန္းအတြင္းျပႆနာတက္ခဲ့ၿပီး လူကာကူက ဖ်န္ေျဖေပးခဲ့ရပါတယ္။
ဘယ္လ္ဂ်ီယံအသင္းတြင္းျပႆနာရဲ႕ အဓိကျမစ္ဖ်ားခံရာကေတာ့ ကြင္းလယ္လူဒီဘ႐ိုင္းျဖစ္ၿပီး
ေမာ္႐ိုကိုနဲ႔ပြဲမတိုင္ခင္အင္တာဗ်ဴးမွာ သူတို႔အသင္းဟာ ကာတာကမာၻ႔ဖလားမွာ ဗိုလ္စြဲဖို႔အတြက္ အသက္ႀကီးလြန္းေနၿပီလို႔
စတင္ဖြင့္ဟလိုက္ရာကေန အေျခအေနေတြတင္းမာခဲ့ၾကတာျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယံအသင္းရဲ႕ေ႐ႊေရာင္မ်ိဳးဆက္ဟာ သူတို႔ေခတ္မွာေအာင္ျမင္မႈရေအာင္မယူႏိုင္ခဲ့သလို
အမုန္းတရားေတြနဲ႔အဆုံးသတ္သြားတာက စိတ္မခ်မ္းသာစရာပါပဲ။