လေယာဉ်ပျက်ကျမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂွာဒီယိုလာနဲ့ အဖွဲ့

မန်စီးတီးဟာ ကြားရက်မှာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်

ပထမအကျော့အဖြစ် စပို့တင်းလစ္စဘွန်းကွင်းမှာ

သွားရောက် ရင်ဆိုင်ကစားခဲ့ရပါတယ်။

အဲဒီပွဲမှာ မန်စီးတီးတို့ ခြေစွမ်းပြပြီး ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်

အပြန်လမ်းမှာတော့ ထိတ်လန့်စရာ အဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မန်စီးတီးအသင်းသားတွေ စီးနင်းလာတဲ့ လေယာဉ်ဟာ

မန်ချက်စတာလေဆိပ်မှာ ဆင်းသက်ရမယ့်အစား

လီဗာပူးလေဆိပ်မှာ ဆင်းသက်ခဲ့ရပါတယ်။

ရာသီဥတု ဆိုးရွားနေတဲ့ကြားမှာမန်စီးတီးရဲ့လေယာဉ်က

တော်တော်လေးကို ရုန်းကန်ခဲ့ရတာပါ။

အဲဒီနေ့က အင်္ဂလန်နိုင်ငံ တဝှမ်းမှာ လေတိုက်နှုန်း အလွန် ပြင်းထန်ခဲ့ပြီး

အခန့်မသင့်ရင် လေယာဉ် ပျက်ကျမယ့် အန္တရာယ်နဲ့ပါ ကြုံတွေ့ရနိုင်ကာ

မန်စီးတီးရဲ့ လေယာဉ်ကို တာဝန်ယူ မောင်းနှင်တဲ့ လေယာဉ်မှူးက

မန်ချက်စတာလေဆိပ်မှာ မဆင်းသက်ဘဲ လီဗာပူးလေဆိပ်မှာ

ပြောင်းလဲ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တာက မှန်ကန်တဲ့

ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ကြောင်း လေယာဉ်မှူး အသိုင်းအဝိုင်းက ပြောပါတယ်။

မန် စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာ ကတော့ အဆိုပါဖြစ်ရပ် အပြီးမှာ

လေယာဉ်မှူးကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး လေယာဉ်မှူးက

ထိပ်တန်း လေယာဉ်မှူး တစ်ဦး ဖြစ်ကြောင်းလည်း ချီးကျူးသွားခဲ့ပါတယ်။

ဂွာဒီယိုလာက “ကျွန်တော်တို့တွေ အဲဒီနေ့က ရာသီဥတု အခြေအနေနဲ့

အခက်အခဲကြားမှာ လေယာဉ်ပျံသန်းနေမှုကို ကြည့်ပြီး

အတော်လေး ကြောက်မိခဲ့ပါတယ်။ လေယာဉ်ပျံထဲမှာ ရှိနေတုန်း ကတော့

လေယာဉ်ဝန်ထမ်းတွေရဲ့ စကားတွေကြောင့် စိတ်သက်သာရာ ရခဲ့ပါသေးတယ်။

ကျွန်တော်တို့ရဲ့ လေယာဉ်မှူးကလည်း အရမ်းကို တည်ငြိမ်ပြီး

အလွန် တော်တဲ့ လေယာဉ်မှူး တစ်ဦးပါ။ ဒါကြောင့် အသင်းသား အားလုံးရဲ့ ကိုယ်စား

ကျွန်တော်က သူ့ကို ကျေးဇူးတင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

zawgyi

ေလယာဥ္ပ်က္က်မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဂြာဒီယိုလာနဲ႔ အဖြဲ႕

မန္စီးတီးဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ရႈံးထြက္ (၁၆) သင္းအဆင့္ပြဲစဥ္

ပထမအေက်ာ့အျဖစ္ စပို႔တင္းလစၥဘြန္းကြင္းမွာ

သြားေရာက္ ရင္ဆိုင္ကစားခဲ့ရပါတယ္။

အဲဒီပြဲမွာ မန္စီးတီးတို႔ ေျခစြမ္းျပၿပီး ငါးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္

အျပန္လမ္းမွာေတာ့ ထိတ္လန႔္စရာ အျဖစ္မ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

မန္စီးတီးအသင္းသားေတြ စီးနင္းလာတဲ့ ေလယာဥ္ဟာ

မန္ခ်က္စတာေလဆိပ္မွာ ဆင္းသက္ရမယ့္အစား

လီဗာပူးေလဆိပ္မွာ ဆင္းသက္ခဲ့ရပါတယ္။

ရာသီဥတု ဆိုး႐ြားေနတဲ့ၾကားမွာမန္စီးတီးရဲ႕ေလယာဥ္က

ေတာ္ေတာ္ေလးကို ႐ုန္းကန္ခဲ့ရတာပါ။

အဲဒီေန႔က အဂၤလန္ႏိုင္ငံ တဝွမ္းမွာ ေလတိုက္ႏႈန္း အလြန္ ျပင္းထန္ခဲ့ၿပီး

အခန႔္မသင့္ရင္ ေလယာဥ္ ပ်က္က်မယ့္ အႏၲရာယ္နဲ႔ပါ ႀကဳံေတြ႕ရႏိုင္ကာ

မန္စီးတီးရဲ႕ ေလယာဥ္ကို တာဝန္ယူ ေမာင္းႏွင္တဲ့ ေလယာဥ္မႉးက

မန္ခ်က္စတာေလဆိပ္မွာ မဆင္းသက္ဘဲ လီဗာပူးေလဆိပ္မွာ

ေျပာင္းလဲ ဆင္းသက္ဖို႔ ဆုံးျဖတ္ခဲ့တာက မွန္ကန္တဲ့

ဆုံးျဖတ္ခ်က္ တစ္ခု ျဖစ္ခဲ့ေၾကာင္း ေလယာဥ္မႉး အသိုင္းအဝိုင္းက ေျပာပါတယ္။

မန္ စီးတီးရဲ႕ နည္းျပျဖစ္သူ ဂြာဒီယိုလာ ကေတာ့ အဆိုပါျဖစ္ရပ္ အၿပီးမွာ

ေလယာဥ္မႉးကို ေက်းဇူးတင္စကား ေျပာၾကားခဲ့ၿပီး ေလယာဥ္မႉးက

ထိပ္တန္း ေလယာဥ္မႉး တစ္ဦး ျဖစ္ေၾကာင္းလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဂြာဒီယိုလာက “ကြၽန္ေတာ္တို႔ေတြ အဲဒီေန႔က ရာသီဥတု အေျခအေနနဲ႔

အခက္အခဲၾကားမွာ ေလယာဥ္ပ်ံသန္းေနမႈကို ၾကည့္ၿပီး

အေတာ္ေလး ေၾကာက္မိခဲ့ပါတယ္။ ေလယာဥ္ပ်ံထဲမွာ ရွိေနတုန္း ကေတာ့

ေလယာဥ္ဝန္ထမ္းေတြရဲ႕ စကားေတြေၾကာင့္ စိတ္သက္သာရာ ရခဲ့ပါေသးတယ္။

ကြၽန္ေတာ္တို႔ရဲ႕ ေလယာဥ္မႉးကလည္း အရမ္းကို တည္ၿငိမ္ၿပီး

အလြန္ ေတာ္တဲ့ ေလယာဥ္မႉး တစ္ဦးပါ။ ဒါေၾကာင့္ အသင္းသား အားလုံးရဲ႕ ကိုယ္စား

ကြၽန္ေတာ္က သူ႔ကို ေက်းဇူးတင္ပါတယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာပါ။