
ပြီးခဲ့တဲ့သောကြာနေ့က ပေါ်တူဂီလိဂ်မှာ ပေါ်တိုနဲ့ စပို့တင်းလစ္စဘွန်းတို့
၂-၂ သရေကျခဲ့ပြီး အဲဒီပွဲအပြီးမှာ လူ ၄၀ အထိပါ ဝင်တဲ့ရန်ပွဲကြီးဖြစ်အောင်
မီးမွှေးခဲ့တဲ့ပေါ်တိုနောက်ခံလူ ပီပီဟာ ၂ နှစ်အထိ
ပွဲပယ်ခံရဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒီပွဲမှာ စပို့တင်းက ၂ ဂိုးအသာနဲ့အရင်ဦးဆောင်ခဲ့တာဖြစ်ပြီး
အိမ်ရှင်ပေါ်တိုက ချေပဂိုးတွေပြန်သွင်းခဲ့ရတာပါ။
ဒီပွဲပြီးကာနီးမှာ ပီ ပီက ခေါင်းတိုက်တာကို စပို့တင်းက
ပေါ်လင်ဟာ ကခြေထောက်မြှောက်ပြီးဖျက်ထုတ်ခဲ့ရာကနေ
ပြဿနာအကြီးအကျယ် တက်ခဲ့တာပါ။
သူဖျက်ထုတ်ခံရပြီးချိန်မှာ ပီပီ ဟာကွင်းထဲမှာလူးလှိမ့်ပြခဲ့ပေမယ့်
စက္ကန့်အနည်းငယ်အကြာမှာဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်ခဲ့တာပါ။
ဒါကြောင့် ပီပီကလည်းပြန်ထပြီးဒေါသတကြီးတုံ့ပြန်ခဲ့ရာကနေ
နှစ်ဖက်ကစားသမားတွေအချင်း များပြီး အရန်ကစားသမားတွေ၊
ကလပ်ဝန်ထမ်းတွေ၊ လုံခြုံရေးတွေ၊ နည်းပြတွေနဲ့
ဘောကောက်အချို့ပါ ပါဝင်တဲ့လူ ၄၀ ပါရန်ပွဲဖြစ်ခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒိုင်လူကြီးကတစ်သင်းကို နှစ်ဦးစီထုတ်ပယ်ခဲ့ပြီး
ပေါ်တိုဘက်က ပီပီနဲ့ မာချီဆင်၊ စပို့တင်းဘက်က
ပေါ်လင်ဟာနဲ့ တာဘာတာ တို့အထုတ်ခံခဲ့ရပါတယ်။
စပို့တင်းဟာပွဲချိန်အတွင်းမှာ ဆီဘက်စတီယန်ကုတ်စ် ၄၉ မိနစ်မှာ
၂ ဝါတစ်နီနဲ့အထုတ်ခံခဲ့ရသေးလို့ ၃ ဦးအထိထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါပေမယ့် ပီပီကတော့ နောက်ထပ်အရေးယူအပြစ်ပေး ခံရမယ့်သူတွေထဲမှာ
အဆိုးဆုံးပြစ်ဒဏ်ကိုခံယူရဖို့ရှိနေတာပါ။
ပေါ်တူဂီသတင်းစာဖြစ်တဲ့ A Bola ရဲ့ဖော်ပြချက်အရ
ကွင်း လယ်ဒိုင်လူကြီးဟာ သူ့ရဲ့အစီရင်ခံစာထဲမှာ
ပီပီက အားကစားဒါရိုက်တာတစ်ဦးကို ကန်ခဲ့တယ်လို့ဖော်ပြခဲ့တာကြောင့်
ဆိုးရွားလွန်းတဲ့ ရုန်းရင်းဆန်ခတ် ပြစ်မှုနဲ့ ၂ နှစ်အထိ
ပွဲပယ်ခံရဖို့ရှိနေတယ်လို့ ဆိုခဲ့တာပါ။
ပီပီက တကယ်ကန်ခဲ့လားဆို တာ ရှင်းလင်းစွာမသိရသေးသလို
ဒီဖော်ပြမှုမှာ ဒါရိုက်တာဖြစ်သူရဲ့နာမည်ကို မသိရတဲ့အပြင်
ပီပီကလည်းဘာမှတ်ချက် မှပေးခြင်းမရှိသေးပါဘူး။
ဒါပေမယ့် ကလပ်ရဲ့အမှုဆောင်ကို ကိုယ်ထိလက်ရောက်စော်ကားခြင်းဟာ
အရမ်းကိုဆိုးရွားလွန်းတဲ့စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖျက်မှုအဖြစ်
စည်းမျဥ်းတွေမှာဖော်ပြထားတာကြောင့်
ပီပီဟာအနည်းဆုံး ၂ လကနေ ၂ နှစ်အထိပွဲပယ်ခံရဖို့ရှိနေပါတယ်။
သူဟာအသက် ၃၉ နှစ်ရှိနေပြီဖြစ်လို့ သီအိုရီအရကြည့်ရင်
ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားသမားဘဝကနေပါ အနားယူရနိုင် ပါတယ်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဖြစ်တဲ့
ပီပီ ဟာသူ့ကစားသမားဘဝမှာစည်းကမ်းပိုင်းမကြာခဏ
ဖောက် ဖျက်တတ်သူအဖြစ် နာမည်ဆိုးထွက်ခဲ့ပြီး
အခုအနီကတ်ဟာ သူ့ပရော်ဖက်ရှင်နယ်ဘဝမှာ ၁၃ ကြိမ်မြောက်လည်းဖြစ်ပါ တယ်။
နောက်ထပ်ပြဿနာတစ်ရပ်ကတော့ ပီပီ ဟာပွဲကြည့်စင်ပေါ်ကပစ်ချခဲ့တဲ့
ကျည်ဆံတစ်တောင့်ကို ဝှက်ထားဖို့ကြိုး စားခဲ့ပေမယ့် မဖြစ်တော့လို့
ကွင်းထဲကိုပစ်ချခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုပါဘဲ။
ဒါကိုစပို့တင်းကစားသမားတွေက ဒိုင်လူကြီးကို ခေါ်ပြခဲ့ပြီး
တာဝန်ရှိသူတွေက သိမ်းဆည်းသွားတယ်လို့ဆိုပါတယ်။
ရုပ်သံမှာတော့ ကျည်ဆံဟုတ်မဟုတ်ကို
သေချာစွာ မပြသနိုင်ခဲ့ဘူးလို့လည်း သိရပါတယ်။
zawgyi
လူ ၄၀ အထိပါ ဝင္တဲ့ရန္ပြဲႀကီးျဖစ္ေအာင္ မီးေမႊးခဲ့တဲ့ေပၚတိုေနာက္ခံလူ ပီပီ ၂ ႏွစ္အထိပြဲပယ္ခံရဖို႔ရွိေန
ၿပီးခဲ့တဲ့ေသာၾကာေန႔က ေပၚတူဂီလိဂ္မွာ ေပၚတိုနဲ႔ စပို႔တင္းလစၥဘြန္းတို႔
၂-၂ သေရက်ခဲ့ၿပီး အဲဒီပြဲအၿပီးမွာ လူ ၄၀ အထိပါ ဝင္တဲ့ရန္ပြဲႀကီးျဖစ္ေအာင္
မီးေမႊးခဲ့တဲ့ေပၚတိုေနာက္ခံလူ ပီပီဟာ ၂ ႏွစ္အထိ
ပြဲပယ္ခံရဖို႔ရွိေနတယ္လို႔ သိရပါတယ္။
ဒီပြဲမွာ စပို႔တင္းက ၂ ဂိုးအသာနဲ႔အရင္ဦးေဆာင္ခဲ့တာျဖစ္ၿပီး
အိမ္ရွင္ေပၚတိုက ေခ်ပဂိုးေတြျပန္သြင္းခဲ့ရတာပါ။
ဒီပြဲၿပီးကာနီးမွာ ပီ ပီက ေခါင္းတိုက္တာကို စပို႔တင္းက
ေပၚလင္ဟာ ကေျခေထာက္ေျမႇာက္ၿပီးဖ်က္ထုတ္ခဲ့ရာကေန
ျပႆနာအႀကီးအက်ယ္ တက္ခဲ့တာပါ။
သူဖ်က္ထုတ္ခံရၿပီးခ်ိန္မွာ ပီပီ ဟာကြင္းထဲမွာလူးလွိမ့္ျပခဲ့ေပမယ့္
စကၠန႔္အနည္းငယ္အၾကာမွာဒိုင္လူႀကီးက ပြဲသိမ္းခရာမႈတ္ခဲ့တာပါ။
ဒါေၾကာင့္ ပီပီကလည္းျပန္ထၿပီးေဒါသတႀကီးတုံ႔ျပန္ခဲ့ရာကေန
ႏွစ္ဖက္ကစားသမားေတြအခ်င္း မ်ားၿပီး အရန္ကစားသမားေတြ၊
ကလပ္ဝန္ထမ္းေတြ၊ လုံၿခဳံေရးေတြ၊ နည္းျပေတြနဲ႔
ေဘာေကာက္အခ်ိဳ႕ပါ ပါဝင္တဲ့လူ ၄၀ ပါရန္ပြဲျဖစ္ခဲ့တာပါ။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဒိုင္လူႀကီးကတစ္သင္းကို ႏွစ္ဦးစီထုတ္ပယ္ခဲ့ၿပီး
ေပၚတိုဘက္က ပီပီနဲ႔ မာခ်ီဆင္၊ စပို႔တင္းဘက္က
ေပၚလင္ဟာနဲ႔ တာဘာတာ တို႔အထုတ္ခံခဲ့ရပါတယ္။
စပို႔တင္းဟာပြဲခ်ိန္အတြင္းမွာ ဆီဘက္စတီယန္ကုတ္စ္ ၄၉ မိနစ္မွာ
၂ ဝါတစ္နီနဲ႔အထုတ္ခံခဲ့ရေသးလို႔ ၃ ဦးအထိထုတ္ပယ္ခံခဲ့ရပါတယ္။
ဒါေပမယ့္ ပီပီကေတာ့ ေနာက္ထပ္အေရးယူအျပစ္ေပး ခံရမယ့္သူေတြထဲမွာ
အဆိုးဆုံးျပစ္ဒဏ္ကိုခံယူရဖို႔ရွိေနတာပါ။
ေပၚတူဂီသတင္းစာျဖစ္တဲ့ A Bola ရဲ႕ေဖာ္ျပခ်က္အရ
ကြင္း လယ္ဒိုင္လူႀကီးဟာ သူ႔ရဲ႕အစီရင္ခံစာထဲမွာ
ပီပီက အားကစားဒါ႐ိုက္တာတစ္ဦးကို ကန္ခဲ့တယ္လို႔ေဖာ္ျပခဲ့တာေၾကာင့္
ဆိုး႐ြားလြန္းတဲ့ ႐ုန္းရင္းဆန္ခတ္ ျပစ္မႈနဲ႔ ၂ ႏွစ္အထိ
ပြဲပယ္ခံရဖို႔ရွိေနတယ္လို႔ ဆိုခဲ့တာပါ။
ပီပီက တကယ္ကန္ခဲ့လားဆို တာ ရွင္းလင္းစြာမသိရေသးသလို
ဒီေဖာ္ျပမႈမွာ ဒါ႐ိုက္တာျဖစ္သူရဲ႕နာမည္ကို မသိရတဲ့အျပင္
ပီပီကလည္းဘာမွတ္ခ်က္ မွေပးျခင္းမရွိေသးပါဘူး။
ဒါေပမယ့္ ကလပ္ရဲ႕အမႈေဆာင္ကို ကိုယ္ထိလက္ေရာက္ေစာ္ကားျခင္းဟာ
အရမ္းကိုဆိုး႐ြားလြန္းတဲ့စည္းကမ္းပိုင္းဆိုင္ရာ ခ်ိဳးဖ်က္မႈအျဖစ္
စည္းမ်ဥ္းေတြမွာေဖာ္ျပထားတာေၾကာင့္
ပီပီဟာအနည္းဆုံး ၂ လကေန ၂ ႏွစ္အထိပြဲပယ္ခံရဖို႔ရွိေနပါတယ္။
သူဟာအသက္ ၃၉ ႏွစ္ရွိေနၿပီျဖစ္လို႔ သီအိုရီအရၾကည့္ရင္
ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ကစားသမားဘဝကေနပါ အနားယူရႏိုင္ ပါတယ္။
ရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းျဖစ္တဲ့
ပီပီ ဟာသူ႔ကစားသမားဘဝမွာစည္းကမ္းပိုင္းမၾကာခဏ
ေဖာက္ ဖ်က္တတ္သူအျဖစ္ နာမည္ဆိုးထြက္ခဲ့ၿပီး
အခုအနီကတ္ဟာ သူ႔ပေရာ္ဖက္ရွင္နယ္ဘဝမွာ ၁၃ ႀကိမ္ေျမာက္လည္းျဖစ္ပါ တယ္။
ေနာက္ထပ္ျပႆနာတစ္ရပ္ကေတာ့ ပီပီ ဟာပြဲၾကည့္စင္ေပၚကပစ္ခ်ခဲ့တဲ့
က်ည္ဆံတစ္ေတာင့္ကို ဝွက္ထားဖို႔ႀကိဳး စားခဲ့ေပမယ့္ မျဖစ္ေတာ့လို႔
ကြင္းထဲကိုပစ္ခ်ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈပါဘဲ။
ဒါကိုစပို႔တင္းကစားသမားေတြက ဒိုင္လူႀကီးကို ေခၚျပခဲ့ၿပီး
တာဝန္ရွိသူေတြက သိမ္းဆည္းသြားတယ္လို႔ဆိုပါတယ္။
႐ုပ္သံမွာေတာ့ က်ည္ဆံဟုတ္မဟုတ္ကို
ေသခ်ာစြာ မျပသႏိုင္ခဲ့ဘူးလို႔လည္း သိရပါတယ္။